NongNong ကျွန်တော့်ကိုမချစ်ပါဘူး (Chen Linong x Huang Minhao)

27 4 17
                                    

ဒီရက်ပိုင်းမှာ ကျန့်ထင် တို့ဌာနက လူတိုင်းလိုလို စိတ်ဝင်စားနေတဲ့ သတင်းတစ်ခုရှိတယ်။ ဒါကတော့ တခြားမဟုတ် သူတို့ဌာနက အငယ်ဆုံးလေးနှစ်ယောက်ဖြစ်တဲ့ ချန်လိနုံ နဲ့
ဟွမ်မင်ဟောက် တို့ လမ်းခွဲလိုက်ကြပြီဆိုတဲ့သတင်းပဲ ဖြစ်တယ်။

သူ့ဘာသူ အတွဲတွေပြတ်တာကို ဌာနတစ်ခုလုံးက ဘာလို့အရေးတယူလုပ် စိတ်ဝင်စားနေကြသလဲ မေးစရာရှိပေမယ့် အကောင်းအတိုင်း ချစ်ချစ်ခင်ခင် ရှိနေကြတဲ့ အတွဲက ရုံးပိတ်ရက်နှစ်ရက်အပြီး ရုံးပြန်တက်တဲ့နေ့မှာ ရုတ်တရက်ကြီး လမ်းခွဲကြောင်း ပြောလာခဲ့ကြသည်ကိုး...

ဘာတွေဘယ်လိုဖြစ်ခဲ့ကြသလဲ မသိကြပေမယ့် တက္ကသိုလ်နောက်ဆုံးနှစ်ကတည်းက တွဲလာကြတယ်ဆိုတဲ့ ဒီကလေးနှစ်ယောက် ခုလို လမ်းခွဲသွားကြတာကို ကျန့်ထင် တို့အကြီးတွေ စိတ်မကောင်းဖြစ်ရတယ်။

" ဒါ ချန်လိနုံ မကောင်းလို့ပဲ ဖြစ်မှာ သူအသစ်တွေဘာတွေ ထားပြီး ဟောက်ဟောက်လေးကို ပစ် ထားခဲ့တာနေမှာ "

အရက်လေး အနည်းငယ်ဝင်နေလို့ အာသွက်လျှာသွက်ဖြစ်နေပြီဖြစ်တဲ့ ကျန့်ထင်ရဲ့ အသံက စာစာစာစာနဲ့ ထွက်လာတယ်။ မင်ဟောက် အလုပ် စ ဝင်ခါစက အနီးကပ်သင်ကြားပေးခဲ့ရတာမို့ ကျန့်ထင်က မင်ဟောက်ရဲ့ အမေကြီးလိုပဲ။

" မဖြစ်နိုင်ပါဘူး နုံနုံလေး က ချစ်ရှာပါတယ် သူ ဟောက်ဟောက် ကို ဂရုစိုက်ရှာတာ မြင်ရဲ့သားနဲ့ မင်းမတရားမပြောနဲ့ "

ဒါက နုံနုံ့ရဲ့ ဘက်တော်သား ကျန်ကျင့်ရဲ့ ပြန်လည်ချေပ တဲ့ စကား။

" မတရားပြောတာ မဟုတ်ဘူး ဖြစ်နိုင်တာကို ပြောတာ ဟောက်ဟောက်က တကယ်ကို ရိုးသားအေးဆေးတဲ့ ကလေး ဒီလိုကလေးက လမ်းခွဲချင်တယ်ဆိုကတည်းက ချန်လိနုံ မကောင်းတာပဲဖြစ်ရမယ် "

" ဘာ.. မင်း "

ကျန့်ထင်ရဲ့ စကားအဆုံးမှာ ကျန်ကျင့်က  လက်ထဲက သောက်လက်စခွက်ကို စားပွဲပေါ် ဒုန်းခနဲမြည်အောင် ချပြီး  ရန်ပြန်တွေ့ဖို့ ပြင်လာသည်မို့။

" တော်ကြပါတော့ စီနီယာတို့ရယ် ကလေးတွေမှာလည်း သူတို့အကြောင်းနဲ့သူတို့ရှိမှာပေါ့ ကြားထဲက စီနီယာတို့တွေက ဘာလို့ ဒီလိုဖြစ်နေကြတာလဲ "

You've reached the end of published parts.

⏰ Last updated: Jul 28, 2023 ⏰

Add this story to your Library to get notified about new parts!

Nine Percent One shots and short storiesWhere stories live. Discover now