{၄၁}U/Z*

76.3K 8.7K 1.5K
                                    

Unicode

(Mature content.
ရိုင်းစိုင်းသော အသုံးအနှုန်းများပါပါသည်။)

လွန်းနောင်၏နှုတ်ခမ်းတွေပြာလာမှ သူ့လည်ပင်းက လက်သည်ပြေလျော့သွားသည်။
သူချောင်းတဟွတ်ဟွတ်ဆိုးပြီးနောက် အားကုန် ပြန်တွန်းဖို့လည်းမမေ့။သို့သော်လည်း ယခုမှ လည်ပင်းအညှစ်ခံထားရသူ၏တွန်းအားသည် ထမင်းစေ့အား ပုရွက်ဆိတ်တွန်းသည့်နှယ်။

သူ့လက်က ထပ်ပြီးချုပ်နှောင်ခံလိုက်ရပြန်သည်။

"ခွေးမသား။ မေ-ိုးကောင်! ဖာလိုကောင်ကများ။မင်းက ကြမ်းမှကြိုက်တာလား။တွေ့ကြတာပေါ့။ ကြမ်းကြမ်းလေးမဆွဲရတာကြာပြီ။"

အမေနှင့်နှိုင်းဆဲခံလိုက်ရသည့်အခါ လွန်းနောင်၏အသွေးအသားတွေက မီးတောင်လိုဆူပွက်လာသည်။သူ့လက်တွေကလှုပ်ရှား၍မရ ၊ခြေထောက်တွေကလည်းဖိခံထားရသည်။ ရင်ဘတ်တလျှောက်ရွံစရာအထိအတွေ့များက ဘီလူးသဘက်တစ်ကောင် ကုပ်တွယ်နေသလိုမျိုး။
လွန်းနောင်သည် ကြံရာမရသည့်အဆုံး သူ့မျက်နှာဘေးတွင်ထောက်ထားသည့်လက်အား ခေါင်းလှည့်ကာ မလွှတ်တမ်းကိုက်ခဲလိုက်ပြန်သည်။

အားခနဲအော်သံနှင့်အတူ သူ့လက်တေ​ွကိုချုပ်ထားသည့်လက်တစ်ဖက်က ပြေလျော့သွားသလို၊ ခပ်ပြင်းပြင်းရိုက်ချက်တစ်ခုကလည်း သူ့ပါးတစ်ဖက်ထံ ကျလာပြန်သည်။

"မျိုးမစစ်ကောင်၊မေ-ိုး ကောင်၊ ဒီနေ့မင်းကိုငါအသေ လုပ်သတ်ပစ်မှာ"

လွန်းနောင်သည် သူ့ပါးစပ်ကနေထွက်လာသည့်သွေးအရသာငန်ကျိကျိကို ခံစားမိနေသည်။
ထွီး...
သွေးများရောနေသည့်တံတွေးများက ဦးရန်နိုင်ဦးမျက်နှာကို လှမ်းစင်သွားသည်။
ဦးရန်နိုင်ဦး၏မျက်နှာသည် ချက်ချင်းပင်မည်းမှောင်သွားတော့သည်။
အသက်လေးဆယ်ကျော်နေပြီဆိုပေမဲ့ လေ့ကျင့်ခန်းကောင်းကောင်းလုပ်သည့် လူပေါ်ကြော့သူဌေးတစ်ယောက်၏ ရုပ်ရည်နှင့် ခွန်အားက လွန်းနောင်လို လူငယ်လေးနှင့်ပင်ယှဉ်လို့ရနိုင်သည်။

"ခင်ဗျားကမှ မျိုးမစစ်၊ လူယုတ်မာ၊ ခွေးထက်နိမ့်ပါးတဲ့လူ၊ ငါ-ိုးမသား၊ လွှတ်စမ်း။"

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now