Ep~2 Unicode

1.1K 127 0
                                    

"Hello..ရှင်းခန့်Hello..မင်းအဆင်ပြေရဲ့လား.."
"မြတ်သူ...Ferr...Ferr..Ferronish!!!"
"ခွေးကောင်ငါကတော့ မင်းဘာများဖြစ်တာလဲလို့စိတ်ပူသွားတာပဲ..မင်းကတော့ငါ့ကိုလာစနေတယ်..အေအေး..ဒါပဲသားကြီး phချလိုက်တော့မယ်.."
"မဟုတ်ဖူးမြတ်သူ..တကယ့်Ferronishကြီးဟ.."
ကျသွားပီဖြစ်တဲ့phလေးကတော့ သူ့ရဲ့ဖြေသံကိုထိုခွေးကောင်ဆီအရောက်ပို့မပေးနိုင်တော့ပီ.....
ကျွန်တော်အိပ်မက်မက်နေတာမလား..ဟုတ်တယ်မလား...ပါးကိုဆွဲလိမ်ကြည့်လိုက်တော့ ခံစားလိုက်ရတဲ့စူးခနဲနာကျင်မှုကလက်တွေ့ဖြစ်ကြောင်းထင်ထင်ရှားရှားကြီးကိုပြောနေသည်...
Ferronishကထိုင်နေရာကနေရုတ်တရက်ထလာပီးသူ့ဆီကိုတစ်လှမ်းချင်းလှမ်းလာနေသည်...
သောက်ကျိုးနည်း အရပ်ကြီးကလည်းအရှည်ကြီးဟ!!!5'9"ရှိသောကျွန်တော်ကအရပ်ရှည်သည်လို့တောင်ပြောလို့ရသည်..
ဒါပေမယ်..တဖြည်းဖြည်းကျွန်တော့်နားကပ်လာနေသောFerronishကကျွန်တော့်ထက် ခေါင်းတစ်လုံးကျော်ကျော်ကိုပိုရှည်နေသည်...
ကျောကမာတဲ့အရာတစ်ခုခုကိုထိမိလို့လှည့်ကြည့်လိုက်တော့ နောက်အဆုတ်လွန်ပီးပိတ်ထားတဲ့တံခါးနဲ့တိုက်မိနေခြင်းပင်...
စိတ်အေးအေးထားရှင်းခန့် relax relax ဒါကြီးကဘယ်လိုမှမဖြစ်နိုင်ဘူးလေ ဟုတ်တယ်မလား..အဟား..သေချာပေါက်မဖြစ်နိုင်ဘူးပေါ့ cosplay??ဟုတ်တယ် cosplayerပဲနေမှာ
အခုလိုစဥ်းစားလိုက်မှတဒုတ်ဒုတ်ခုန်မြည်နေတဲ့ရင်ဘတ်ကအနည်းငယ်ငြိမ်ကျသွားတော့သည်...
နည်းနည်းအရဲစွန့်ပီး သူ့ကိုစိုက်ကြည့်နေတဲ့ Ferronish cosplayerကြီးဆီကပ်သွားလိုက်ပီး အနီးကပ်ကြည့်လိုက်သည်...
"အမယ်..ဘယ်ဆိုးလို့တုန်းဟ..တော်တော်တူသားပဲ..woah!ခေါင်းကဂျိုတွေကလည်းရွှေရောင်ကိုတောက်နေတာပဲ..ဒါနဲ့ဆံပင်တွေကအရှည်ထားထားတာလား အတုတပ်ထားတာလား..အစွယ်တွေကလည်းအစစ်အတိုင်းပဲ မိုက်လိုက်တာ..costumeကဘယ်လောက်ပေးရမှာလဲ တော်တော်စျေးကြီးမှာပဲနော်..."
ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေရှိလာပီး ပိုပီးအနီးကပ်တိုးကြည့်နေမိတာ သတိထားမိတဲ့အချိန်မှာလူကFerronish cosplayerကြီးရဲ့ရင်ခွင်ထဲတောင်ရောက်လုနီးပါးဖြစ်နေပီ..
သွားလေးတွေကိုအစွမ်းကုန်ဖြဲပြရင်း
"အဟဲ..sryနော်..ခများcosplayထားတာတကယ်မိုက်တယ်.."
လက်မလေးထောင်ပြပီး နောက်ပြန်ဆုတ်မလို့ပြင်တဲ့အချိန်..Ferronish cosplayerကြီးကသူ့ရင်ခွင်ထဲပြန်ဆွဲထားပီးကြက်သီးထစရာကောင်းအောင်ပြုံးပြလာသည် ပီးတော့ နာမည်တစ်ခုကိုရေရွတ်လာသည်...
"Iran.."
".........."
Iranဆိုတာgameထဲကကျွန်တော့်နာမည်..မဟုတ်သေးပါဘူးဒီလူကြီးကgameထဲကငါ့နာမည်အထိပါသိနေတာလား...
ထိုလူ့ရင်ခွင်ထဲရောက်နေတဲ့သူ့ကိုယ်လုံးလေးကိုအတင်းရုန်းကြည့်ပေမယ့် ပုရွက်ဆိတ်နဲ့ဆင်လောက်ကိုခွန်အားကကွာနေတာမို့ ဆက်မရုန်းတော့ပဲ ထိုလူ့ကိုဘုကြည့်ကြည့်ရင်း..
"ဒီမှာ..cosplayerကြီး ခများဘယ်သူလဲတော့ကျွန်တော်မသိဘူး..ဒါပေမယ့် အခုလိုခများကလေးတစ်ယောက်ကိုကိုယ်ထိလက်ရောက်လုပ်နေတာကနည်းနည်းလေးတော့တရားလွန်လွန်းနေပီမထင်ဘူးလား"
ထိုလူကမလွှတ်ပေးတဲ့အပြင်ပိုပီးတင်းကြပ်စွာဖက်လိုက်ရင်း မျက်နှာငယ်လေးနဲ့သူ့ကိုငုံ့ကြည့်လာပီး..
"Iran..ကိုယ့်ကိုမမှတ်မိဘူးလား.."
"နေပါဦး..ခများကဘယ်သူမလို့ကျွန်တော်ကသိရမှာလဲ.."
သူပြောလေလေပိုပီးမျက်နှာလေးကငယ်လာလေလေနဲ့ ..မသိရင် အတင်းအကြပ်အဖက်ခံထားရတာကျွန်တော်မဟုတ်ပဲသူဖြစ်နေတဲ့အတိုင်းပဲ..
"ကဲလွှတ်စမ်းပါဗျာ..ခဏနေကိုကြီးပြန်လာရင် ခများရဲစခန်းပို့ခံရလိမ့်မယ်.."
အစောပိုင်းလေးကသနားစဖွယ်ကောင်းလောက်အောင်မျက်နှာငယ်လေးနဲ့ထိုလူကအခုတော့သူမဟုတ်တဲ့အတိုင်း မျက်နှာကပြောင်းလဲသွားပီး.ကြောက်စရာကောင်းတဲ့အနီရောင်မျက်၀န်းတွေနဲ့သူ့ကိုစူးစူးရဲရဲစိုက်ကြည့်လာသည်..
ပီးတော့ထိုလူ့ရဲ့ကိုယ်ကနေပီး အေးစက်စက်အမည်းရောင်အငွေ့အသက်တွေထွက်လာသည်..
သူတိတ်တိတ်လေးတွေးလိုက်မိသည်..
အမယ် ဘယ်ဆိုးလို့တုန်းဟ ဒီလူ့costumeကရှယ်ပဲ..
ပါးစပ်မှာထွက်နေတဲ့အစွယ်ချွန်ချွန်နှစ်ချောင်းကလည်းလက်ခနဲဖြစ်သွားတာ  မနေ့ညကအိပ်မက်ကိုရုတ်တရက်စဥ်းစားမိသွားတော့ လည်ပင်းတွေတောင်ယားလာသလိုပင်..
"ဘယ်လိုလဲခများကြောက်သွားပီမလား အဲ့တာဆိုလည်း ကျွန်တော့်ကိုလွှတ်လိုက်တော့ ခများကိုကျွန်တော်ရဲစခန်းမပို့ပါဘူး.."
ထိုလူကတော့သူပြောနေတာတွေကိုအာရုံစိုက်ပုံမပေါ် အဲ့ဒီအစားသူ့ကိုသာပိုပီးတင်းကြပ်စွာဖက်ရင်း နှုတ်ကနေလည်းတစ်စုံတစ်ရာကိုအသံထွက်ရေရွတ်လာသည်..
"Iran..ကိုယ့်ကိုထားမသွားပါနဲ့.."
"Iran...Iran...Iran..."
"ဟုတ်ပါပီ..ကျွန်တော်ခများကိုထားမသွားပါဘူး..အခုလွှတ်လို့ရပီလား.."
"အင်း.."
ထိုအခါမှသူ့ကိုလွှတ်ပေးလာပီး
"Iran..ကိုကြီးဆိုတာဘယ်သူလဲ.."
"hmm??ကိုကြီးကဘယ်သူဖြစ်ရမှာတုန်းကျွန်တော့်ရဲ့အစ်ကိုလေ.."
ဘာလားဒီလူကအပြားလိုနေတာလားဟ..
သူတိတ်တိတ်လေးသာတွေးရဲသည်အပြင်မှာတော့ထုတ်မပြောရဲ...
"သူကလူသားပဲလား.."
"hmmm..ဒီမှာလူကြီး ခများဟာကနည်းနည်းတော့များသွားပီ..လူမဟုတ်လို့ဘာဖြစ်ရမှာလဲဗျ.."
"ကိုယ်လူသားတွေကိုမုန်းတယ်.."
"hmmm.."
"Iran..မင်းတစ်ယောက်တည်းကသာကိုယ့်အတွက်ချွင်းချက်.."
သူ့ကိုတည့်တည့်ကြည့်ကာအတည်ပေါက်ကြီးပြောချလာတဲ့ထိုလူကြောင့် မျက်နှာတွေတောင်ပူထူပီးဘယ်ထားလို့ထားရမှန်းမသိဖြစ်သွားသည်..
"အဟမ်း..ဒါနဲ့ခများနာမည်ဘယ်သူလဲ.."
"Ferronish.."
"မဟုတ်ဖူးလေ ကျွန်တော်ပြောတာခများရဲ့နာမည်အရင်းကိုပြောတာ..ကျွန်တော့်ဆိုနာမည်အရင်းကကြည်စင်ရှင်းခန့် gameထဲကနာမည်ကတော့ Iran.."
"game?အဲ့ဒါဘာကိုပြောတာလဲIran..ကိုယ်နားမလည်ဘူး..ပီးတော့ကိုယ်မွေးကတည်းကကိုယ့်ရဲ့နာမည်ကFerronishပဲ.."
သူဆက်ပြောမလို့ပြင်နေတုန်း ထိုလူ့လက်ထဲကထုတ်ပြလာတဲ့ပစ္စည်းကြောင့်ပြောစရာစကားတို့ပျောက်ရှကုန်သည်..
Ferronish...တလက်လက်တောက်နေတဲ့မျက်လုံးပုံစံအနက်ရောင်ကျောက်လေးထဲမှာထွင်းထုထားတဲ့Ferronishဆိုတဲ့နာမည်နဲ့အနက်ရောင်သွေးတစ်စက်
"မဖြစ်နိုင်လိုက်တာ!"
gameထဲမှာရှိတဲ့heroတွေတိုင်းမှာသူတို့ရဲ့နောက်ကြောင်းရာဇ၀င်လေးတွေပါတယ်..
ဒါပေါ့ Ferronishကလည်းချွင်းချက်တစ်ခုမှမဟုတ်တာ...
Ferronishကလူတစ်၀က်demonတစ်၀က်ဖြစ်သည်
မိသားစုကိုအရှက်ရစေသည်ဆိုပီး မြစ်ချောင်းထဲမှာမျောလိုက်ရာကနေ..လူသားမျိူးနွယ်စုဆီရောက်ရှိသွားသည်..
သူ့မှာပိုင်ဆိုင်တာဆိုလို့သူ့ကိုမြစ်ချောင်းထဲမမျှောလိုက်မီသူ့အမေထည့်ပေးလိုက်တဲ့Ferronishဆိုတဲ့နာမည်ထွင်းထားတဲ့ကျောက်လေးသာရှိသည်...
လူသားမျိုးနွယ်စုထံမှာကြီးပြင်းလာခဲ့တဲ့Ferronishလေးဟာ စိတ်သဘောထားနူးညံ့ပီး သိပ်ကိုကူညီတတ်သည်..
အသက်၁၈မတိုင်ခင်အထိDemonတွေရဲ့လက္ခဏာတွေကိုပြသခြင်းမရှိတာကြောင့် သူကိုယ်တိုင်လည်းတခြားသူတွေလိုသာမန်လူသားတစ်ဦးလို့သာထင်ထားခဲ့သည်
ပီးတော့သမားရိုးဆန်စွာပဲလူသားမိန်းကလေးတစ်ယောက်ကိုမြတ်နိုးမိသွားသည်
ချောမောပီးခံ့ညားလွန်းတဲ့Ferronishရဲ့အချစ်ကိုမိန်းကလေးဟာလည်းငြင်းဆန်ခြင်းမပြုခဲ့...
သာယာတဲ့ချစ်ခရီးလမ်းဟာ Ferronishရဲ့အသက်၁၈နှစ်ပြည့်တဲ့ညမှာပဲပီးဆုံးသွားတော့သည်..
Ferronishရဲ့ဦးခေါင်းထက်ကထွက်ခါစရွှေရောင်ဦးချိုနဲ့အစွယ်တွေကိုမြင်တဲ့အခါမှာမိန်းကလေးကကြောက်လန့်ပီး ရွာလူကြီးကိုသွားအသိပေးလိုက်တော့တယ်..
"Ferronish ငါမင်းကို၂လမ်းရွေးခိုင်းမယ်..မင်းကိုယ့်ကိုကိုယ်သတ်သေမလား..ဒါမှမဟုတ် ဒီချောက်နက်ထဲကိုခုန်ချမလား.."
ဒါပေါ့ ပြောစရာမလိုအောင်ကလေးကအစသိသည်..ဘယ်လမ်းရွေးရွေးFerronishအတွက်သေလမ်းဆိုတာ..
Ferronishဟာနောက်ဆုံးတစ်ခေါက်အနေနဲ့သူချစ်ရတဲ့မိန်းကလေးကိုလှမ်းမျှော်ကြည့်လိုက်ပေမယ့် တခြားသူရဲ့ရင်ခွင်ထဲကနေပီးသူ့ကိုရွံရှာစက်ဆုပ်တဲ့ပုံစံနဲ့ကြည့်နေတဲ့အကြည့်ကိုသာပြန်ရခဲ့သည်...
"I have no choice!well..this is end of my life.."
ဒီစကားစုကိုသာနောက်ဆုံးအနေနဲ့ရေရွတ်ပီး Ferronishဟာအသူရာချောက်ထဲကိုခုန်ချသွားတော့တယ်..
ထိန်ထိန်သာနေတဲ့လပြည့်ညရဲ့အလင်းရောင်အောက်မှာ..ပုံရိပ်ငယ်လေးတစ်ခုကတော့ ချောက်ကမ်းပါးထက်မှာမျောလွင့်ပီးကျလာသည်..
အောက်ကိုမကျခင်မှာအမှောင်ရိပ်တစ်ခုကသူ့ကိုဖမ်းကိုင်ပေးထားသည်..
"သခင်..Perrovishကိုပြန်ချိန်ရောက်ပီ.."
အမှောင်တိုင်းပြည်ဖြစ်တဲ့Perrovishကိုပြန်ရောက်တဲ့အချိန်မှာFerronishရဲ့demonသွေးတွေဟာအပြည့်အ၀နိုးထလာပီဖြစ်သည်..
ဒီလိုနဲ့Ferronishနန်းတက်ပီး၃နှစ်အကြာမှာအမှောင်တိုင်းပြည်ဟာပိုပီးအားကောင်းလာခဲ့သည်...
တစ်နေ့မှာ သူ့ရဲ့မှတ်ဥာဏ်ထဲမှာမေ့ပျောက်လုနီးပါးဖြစ်နေတဲ့မျက်နှာလေးဟာပြန်ပေါ်လာခဲ့သည်..
ထိုသူဟာတခြားမဟုတ်သူမြတ်နိုးရတဲ့မိန်းကလေး...
သူ့ကိုလွမ်းလွန်း၍ဟူသောယုတ္တိမရှိတဲ့အကြောင်းပြချက်နဲ့ထိုမိန်းကလေးကသူ့နားကိုပြန်လာခဲ့သည်....
အချစ်ကြီးလွန်းတဲ့King Ferronishဟာ ထိုမိန်းကလေးကိုယုံစားမိပြန်သည်..
တစ်ညမှာတော့ထိုမိန်းကလေးဟာဓားထက်ထက်ကိုကိုင်ပီးသူ့ရဲ့ရင်ဘတ်ထဲကအသည်းနှလုံးကိုထုတ်ယူဖိုကြိုးစားလာသည်..
အကြောင်းပြချက်ကသူကလောကမှာမရှိသင့်တဲ့မွေးဖွားမလာသင့်တဲ့မကောင်းဆိုး၀ါးကောင်မလို့တဲ့...
King Ferronishဟာရူးသွပ်စွာရယ်မောလိုက်ရင်း လူသားမျိုးနွယ်စုဆီကိုသူ့ရဲ့Demonစစ်သည်တော်တွေနဲ့အတူစစ်ချီသွားပီးတစ်တိုင်းပြည်လုံးကိုမီးလောင်တိုက်သွင်းလိုက်သည်...
"Ferronish pls don't kill my Family...I love u Ferronish I love u.."
"Do u wanna love from me?..Aha!!the only one I can give u is the Death!!"
ထိုစကားစုကိုပြောပီးတဲ့နောက်မှFerronishဟာသူမြတ်နိုးရတဲ့မိန်းကလေးကိုသူကိုယ်တိုင်ပဲသေခြင်းတရားထံပို့ဆောင်ပေးလိုက်သည်...
ထိုနေ့ကစပီး လူသားမျိူးနွယ်စုနဲ့Demonမျိုးနွယ်စုကြားပြဿနာမီးတောက်ဟာပိုပီးကြီးထွားလာပီး Ferronishဟာလည်းပိုပီးထိန်းချုပ်မှုကင်းမဲ့စွာနဲ့ရက်စက်ကြမ်းကြုတ်လာတော့သည်...
ဒါကတော့gameထဲကFerronishရဲ့ဇာတ်ကြောင်းပေါ့..
သူ့ရှေ့ကလူကြီးကိုသေချာကြည့်ရင်း လက်ထဲကအနက်ရောင်ကျောက်လေးကိုဂရုတစိုက်ယူကြည့်လိုက်သည်..
တကယ့်အစစ်အတိုင်းပဲ..မဟုတ်ဖူး..မဟုတ်ဖူး..တကယ့်ကိုအစစ်ကြီးပဲဟ!!ဒါဆိုသူ့ရှေ့ကFerronishကြီးကလည်းgameထဲကKing Ferronishအစစ်ကြီးပေါ့ What the!!
သူပေးလိုက်တဲ့အနက်ရောင်ကျောက်လေးကိုအံ့သြတကြီးကြည့်နေပီး ခေါင်းတခါခါလုပ်နေတဲ့လူသားကောင်လေးကိုသူအမြတ်တနိုးကြည့်ပီးပြုံးလိုက်သည်..
ထိုကောင်လေးနဲ့သူဘယ်အချိန်ကစတွေ့လည်းဆိုတာသူမမှတ်မိဘူး..ဘယ်လိုပဲစဥ်းစားစဥ်းစားဦးနှောက်ထဲမှာဘာမှပေါ်မလာ..
အမြဲတမ်းလူသတ်စက်ဖြစ်နေတဲ့သူကတစ်နေ့မှာကောင်လေးတစ်ယောက်ရဲ့စကားပြောသံလေးကိုကြားလိုက်ရတယ်..
"Ferronish..ခများကမိုက်လိုက်တာဗျာ.."
"Ferronish..ကျွန်တော်ခများကိုသဘောကျတယ်.."
"Ferronish..နောက်ပွဲတွေလည်းကျွန်တော်ခများနဲ့ပဲဆော့မယ်.."
"Ferronish...ခများနဲ့ဆိုအမြဲတမ်းvictoryပဲ"
"Ferronish....."
ထိုကောင်လေးဟာအမြဲတမ်းသူ့နာမည်ကိုပဲရေရွတ်နေတတ်တယ်..
သူထိုကောင်လေးကိုလိုက်ရှာပေမယ့် နူးညံ့တဲ့ကောင်လေးရဲ့အသံကိုသာကြားရပီး တစ်ခါမှတွေ့ခဲ့ဖူးခြင်းမရှိပေ..."
"Ferronish..အဟား ခများသာအပြင်လက်တွေ့မှာတကယ်ရှိရင်ကောင်းမှာပဲ.."
ကောင်လေးရဲ့ထိုတိုးဖွဖွရေရွတ်သံလေးအဆုံးမှာတစ်လျှောက်လုံးထိန်းချုပ်ထားခဲ့ရတဲ့သူ့ရဲ့ဆန္ဒတွေအားလုံးပေါက်ထွက်သွားပီး ပိန်းပိတ်အောင်မှောင်နေတဲ့အနက်ရောင်နယ်မြေထဲကိုကျရောက်သွားခဲ့သည်..
သူနိုးလာလို့မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာဒီအခန်းငယ်လေးထဲကိုရောက်နေပီ..
သူနေခဲ့တဲ့မှောင်မည်းနေတဲ့Perrovishနန်းတော်နဲ့တခြားစီ ဒီနေရာလေးဟာ တစ်ခန်းလုံးကိုအပြာနုရောင်လေးသုတ်ထားပီး...နွေးထွေးနူးညံ့တဲ့အိပ်ယာထက်မှာလည်း..၀က်၀ံကြီးတစ်ကောင်ကိုထားထားသေးသည်
အစကသူထိုအကောင်ကြီးကိုသတ်ပစ်မလို့လုပ်လိုက်သေးပေမယ့် ဘာအန္တရာယ်မှမပြုတာကြောင့် ခဏတော့ဘေးမဲ့ပေးထားလိုက်သည်..
"Fer..Ferronish.."
ကောင်လေးကသူ့ကိုမရဲတရဲကြည့်လာပီး သူ့နာမည်ကိုခေါ်လာသည်..
နောက်ဆုံးတော့ကောင်လေးသူ့ကိုမှတ်မိသွားပီပဲ..
"Iran..ကိုယ့်ကိုမှတ်မိသွားပီလား.."
"အင်း..ဒါ.ဒါပေမယ့် ကျွန်တော်တကယ်ကိုမယုံနိုင်သေးဘူး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..ခများက..ခများက gameထဲကလေ.."
"game?"
ကောင်လေးကgameဆိုတဲ့စကားလုံးကိုတော်တော်သဘောကျပုံရသည်..ခဏခဏအသုံးပြုနေသည်.ကြည့်ရတာဒီgameဆိုတဲ့သတ္တ၀ါဆန်းကိုသူအရင်နှိမ်နင်းရမယ်ထင်တယ်...
စောစောကလေးတင်သူ့ကိုပြုံးပီးကြည့်နေတဲ့Ferronishကအခုတော့ မျက်မှောင်ကြုတ်သွားပီး gameကဘာလဲဆိုပီးမေးလာသည်..
တစ်ယောက်ယောက်ကျွန်တော့်ကိုကယ်ကြပါဦး gameဆိုတာ ကစားရတဲ့ဟာပါခများကအဲ့ဒီgameထဲကဖန်တီးထားတဲ့ပုံရိပ်ယောင်ပါ..ခများရဲ့မှတ်ဉာဏ်တွေဆိုတာကလည်းတကယ်မရှိပါဘူးလို့ပြောရမှာလား
ဒီနေရာမှာတင်တစ်ခါတည်းအသက်ပျောက်သွားလိမ့်မယ်..
သူမေးလာတဲ့မေးခွန်းကိုမဖြေပဲ ဟိုကြည့်ဒီကြည့်လုပ်နေတဲ့ကောင်လေးကိုကြည့်ပီးသက်ပြင်းသာချလိုက်ကာ..
"ထားတော့ Iran မဖြေချင်ကိုယ်မမေးဘူး.."
"အင်း.."
တော်သေးတာပေါ့လို့သက်ပြင်းချယုံရှိသေး Ferronishကြီးကသူ့ရှေ့တိုးလာပီး သူ့ရဲ့မျက်နှာလေးကိုလက်နှစ်ဖက်နဲ့ဆွဲယူလိုက်သည်..
"Iranမျက်နှာကသေးသေးလေးနဲ့ချစ်စရာလေး.."
"မျက်လုံးလေးကလည်း၀ိုင်း၀ိုင်းလေး..ပီးတော့နှာခေါင်းလုံးလုံးလေးကလည်းချစ်စရာလေး.."
ထို့နောက်သူ့ရဲ့နှုတ်ခမ်းထက်ကိုလက်မလေးနဲ့အသာဖွဖွထိလိုက်ရင်း..
"နှုတ်ခမ်းလေးကလည်းရဲရဲလေးနဲ့ချစ်စရာလေး.."
ထို့နောက် King Ferronishရဲ့နှုတ်ခမ်းထောင့်စွန်းဟာအထက်သို့ကော့ညွတ်သွားပီး..သွေးရောင်လွှမ်းနေတဲ့အနီရင့်ရင့်မျက်လုံးဟာလည်း ပိုပီးအရောင်တောက်သွားသည်..
ပါးစပ်ဖျားမှာထွက်နေတဲ့အစွယ်ဖွေးဖွေးနှစ်ချောင်းဟာလည်းဘယ်ချောင်မှာထားလိုက်လည်းမသိမျက်စိရှေ့တင်ပျောက်သွားသည်...
"Iran.."
Gameထဲကheroတွေရဲ့အသံတွေကိုအထူးပြုလုပ်ချက်တွေနဲ့လုပ်ထားတာမို့ Demon kingဖြစ်တဲ့ Ferronishရဲ့အသံဟာလည်း ကြက်သီးထစရာကောင်းလွန်းပီးဆွဲဆောင်မှုရှိလွန်းသည်..
"Iranရဲ့နှုတ်ခမ်းလေးတွေကချစ်စရာကောင်းလွန်းတယ်.."
"May I kiss u.."
*******************************

















ကျွန်တော့်ချစ်သူကဂိမ်းထဲကဗီလိန်ကြီး!!(completed)Where stories live. Discover now