{၄၂}U/Z

70.5K 8.5K 999
                                    

Unicode

~ ကိုယ်တို့ နှစ်ဦးရဲ့ အချစ်ရေစက်
ဒီလမ်းမလေးပေါ်မှာ
ပုခုံးချင်းတိုက်ဖို့လည်း မလိုတော့ပြီ..

ကတ္တီပါသဲကြိုး ဖိနပ်တစ်ရန်နဲ့
ဒီလမ်းမလေးပေါ်မှာ
ရေးဖြစ်ခဲ့လေတဲ့ ရေစက်ပန်းချီ...~

သီချင်းကလေးတညည်းညည်း ဖြင့် သထုံဆောင်လှေကားကတက်လာသူသည် အထုပ်ကြီးအထုပ်ငယ်ကိုလည်း ဆွဲထားသေးသည်။သက်ဆိုင်ရာအခန်းရှေ့ရောက်တော့ တံခါးသော့မခတ်ထားသည်မို့ ဇေရဲ ရှိနေတာပဲဟု သူတွေးလိုက်မိသည်။

အခန်းအတွင်း၌ တံခါးဂျက်မထိုးထားချေ။ ထို့ကြောင့်သက်တောင့်သက်သာပင် တံခါးအားဆွဲဖွင့်လိုက်လေသည် ။ မြင်လိုက်ရသောသူသည် ဇေရဲမဟုတ်သောအခါ မျက်မှောင်ကုတ်ထားသောနွေဦးမောင်၏နဖူးကျောများသည် ချက်ချင်းပြေလျော့သွားတော့သည်။
ထိုအစား အပြုံးတစ်ပွင့်ကအစားထိုးရောက်လာ၏။

"မောင့်အမောပြေလေးက ဒီမှာရောက်နေတာကို။ မောင်က နရီ့အခန်းရှေ့တောင်ရောက်လာသေးတာ၊မြင့်စိုးက နရီအပြင်သွားတယ်ဆိုလို့"
နွေဦးမောင်သည် စာအုပ်အထုပ်များကိုချရင်း မနားတမ်းပြောလိုက်သည်။

"ကိုဇေရဲက အပြင်သွားတယ်။ မောင်ပြန်လာပြီထင်လို့ ကျွန်တော်လည်း လာတွေ့တာ။"

နွေဦးမောင်သည် အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ရင်း လေတဖူးဖူးမှုတ်ကာ
"မနေ့ကတည်းကပြန်လာမို့ပါပဲ။ဒါပေမဲ့ အလုပ်မပြတ်သေးတာနဲ့ ညအိပ်လိုက်တာ၊ ဘာလဲ မောင်မရှိတဲ့ တစ်ရက်လေး မောင့်ကို သိပ်လွမ်းနေတယ်ပေါ့။"

ကလူကျီစယ်သံကြောင့် စောနရီကပြုံးရုံမျှပြုံးပြီး အကြည့်လွှဲလိုက်ပြန်သည်။
နွေဦး​ေမာင်က သူ့အနီးကပ်လာကာ ပခုံး၌မေးတင်ရင်း နားသယ်စပ်သို့မထိတထိနမ်းသည်။
"မောင်ကတော့ နရီ့ကို သိပ်လွမ်းနေတာဗျာ"

ခပ်ဟဟရယ်ရင်း ဆိုလာတာကြောင့် နွေဦးမောင်၏ကိုယ်ငွေ့နှင့်လေပူများသည် စောနရီ၏ နားရွက်ကလေးများကို ပွတ်တိုက်ကျီစယ်နေသယောင်။
ထိုအချင်းအရာအား လျစ်လျူရှုဖို့ကြိုးစားရင်း အာရုံအစုစုကို နွေဦးမောင်သယ်လာသည့်အထုပ်များဆီ ပို့လွှတ်လိုက်လေသည်။
"ဘာတွေဝယ်လာတာလဲ"

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now