-Prologue-

2K 113 19
                                    

Zawgyi Version

တစ်ယောက်လည်မျိုကို တစ်ယောက်က ကိုက်ဖြတ်
ဝါးမျိုစားသောက်ဖို့ပဲ အဆင်သင့်ချောင်းမြောင်း
နေတဲ့ သားရဲလိုစိတ်ရိုင်းတွေနဲ့ တည်ရှိမှုမျိုးမှာ
တစ်ဦးပေါ်တစ်ဦး နက်နက်ရှိုင်းရှိုင်း ‌ချစ်ခြင်းတို့
ပေါ်လာမယ်ဆို ယုတ္တိရှိလောက်လား။

ဝမ်ရိပေါ်ရဲ့ ချစ်ခြင်းက သိပ်ပြီး အဆိပ်အတောက်
ဆန်တယ်။ ထို့အတူ အတ္တကို ဂါလံလိုက်နဲ့ကို
ရောထည့်မွှေထားသေးတယ်။ ‌သူ့ဆန္ဒ သူ့အမိန့်
ယုတ်စွအဆုံး သူ့မျက်တောင်တစ်ချက်လေး
အခတ်အောက်မှာတင်ကို ရှောင်းကျန့်ရဲ့
သေခြင်းနဲ့ ရှင်ခြင်း၊ ရယ်မောမှုနဲ့ ငိုကြွေးခြင်း
အစစအရာရာကို ထိန်းချုပ်ထားချင်တဲ့သူမျိုး။
သူအလိုရှိနေတုန်း ဟိုးထိပ်ဖျားထိမြှောက်တင်
ပစားပေးထားချင်ပြီး သူအလိုမရှိတော့ချိန်တော့
ဟိုးလမ်းဘေးအမှိုက်ပုံထဲက ကြွက်တစ်ကောင်လို
နင်းချေဖျက်ဆီးပစ်ချင်သေးတာ။

"လောကမှာ လူတစ်ဦးနဲ့တစ်ဦးကြား အကြွင်းမဲ့
ချစ်ခြင်းမျိုးဆိုတာ မရှိဘူး...ယုံကြည်ပြီး
မျှော်ကိုးနေရင် ငါးပါးတင်မက ဆယ်ပါးပါ
မှောက်ပြီး လူးလှိမ့်နေအောင်ခံရလိမ့်မယ်...
လောကကြီးမှာ ရှင်သန်နိုင်ဖို့ဆို အပေးအယူ
သဘောကိုနားလည်နေမှ အဆုံးထိရပ်တည်နိုင်
မယ်...ဒါကို မင်းမြဲမြဲမှတ်ထား ​ဘေဘီ..."

ဝမ်ရိပေါ်က ထိုသို့ကြွေးကြော်ခဲ့ဖူးတယ်။ ထို့အတူ
သိပ်ပြီးလဲ အကြင်နာမဲ့ခဲ့ဖူးတယ်။

ပထမတစ်ခါ ဒီလူကို သူဟာ လူ့လောကအလယ်
ချီးမြှင့်မြှောက်စားခဲ့တယ်။ ဟိုးထိပ်ဆုံး မည်သူမှ
လက်လှမ်းမမှီလောက်တဲ့ နေရာအတိုင်းအထာထိ
ကိုပေါ့။ ဒုတိယတစ်ခါ သူကိုယ်တိုင် သူ့လက်နဲ့ပဲ
လူ့အသိုင်းအဝိုင်းရဲ့ ဟိုးအောက်ဆုံးထိကို
ရက်ရက်စက်စက် ဆွဲချခဲ့တယ်။ သူက
ရှောင်းကျန့်ကို ပြချင်ခဲ့တာ။ မင်းသိပ်ပြီး
အကောင်းမြင် အကောင်းတွေးနေတဲ့ လောကကြီးရဲ့
အစစ်အမှန်ဘက်ခြမ်းက ဒီလိုပဲ နှလုံးသား
ကင်းမဲ့ကြောင်းကိုပေါ့။

နောက်တစ်ခု ဖွင့်ဟရရင် သူ့ရဲ့လူမသိသူမသိ
အမှောင်ဘက်ခြမ်းမှာ သူ့မျက်စိနဲ့တပ်အပ်
မြင်ချင်နေခဲ့တယ်ပဲ ပြောရမလား။ ရှောင်းကျန့်ကို
သူ့လက်နဲ့ သူကိုယ်တိုင်ချေမွနိုင်ခဲ့ရင် ဘယ်လို
ဖြစ်သွားမလဲဆိုတာကိုပေါ့။ အတိအကျကြီးကို
သူခန့်မှန်းထားခဲ့တာတော့ သူ့ကိုသိပ်ပြီး
စိတ်ပျော်ရွှင်မှု ပေးနိုင်လိမ့်မယ်လို့လေ။

You've reached the end of published parts.

⏰ Last updated: Jun 14 ⏰

Add this story to your Library to get notified about new parts!

DegenerateWhere stories live. Discover now