{၄၃}U/Z

66.9K 8.8K 1.6K
                                    

Unicode

ဇေရဲသည် ထိုပိတ်ရက်တွင် ပြင်ပမိန်းကလေးအဆောင်သို့သွားခဲ့ရသည်။အကြောင်းကတော့ ပန်းဦးမေနှင့်တွေ့ဖို့ရန်ပင်။
ပန်းဦးက အဆောင်မှာ မနေမှန်း ဇေရဲသိသော်လည်း အိမ်အထိ မိန်းကလေးတစ်ယောက်ကိုသွား တွေ့ဖို့ရန် သူ့အတွက်ခက်ခဲသည်။
ထိုအိမ်က နွေဦးမောင်၏အမေနေသည့် အိမ်ဖြစ်သော်ငြား နွေဦးမောင်မရှိခိုက်မို့ အဆောင်မှာနေသည်​့ဇင်ငြိမ်းသူကိုသာအဖော်ညှိလိုက်ရသည်။
သဘောကောင်းသော ဇင်ငြိမ်းသူကလည်း ခင်လက်စ ဇေရဲအား အမြဲတစေ ကောင်းမွန်စွာဆက်ဆံသည်။တစ်ခွန်းပင်မငြင်းပါဘဲ လိုက်လာသည်။

ဇေရဲသည် ပန်းဦးမေအား နရီ့အမေနှင့်ပက်သတ်သော တိကျသည့်အကြောင်းအရာကိုမေးဖို့ရန် ရှေ့ကျောင်းဖွင့်ရက်များ၌ ဆေးကျောင်းတွင် သွားတွေ့ခဲ့သေးသည်။ပန်းဦးနှင့်သူက လူချင်းမဆုံခဲ့။အမြဲလွဲချော်နေခဲ့ရသည်။

ထို့ကြောင့် ဇင်ငြိမ်းသူအား အဆောင်မှခေါ်ထုတ်လာကာ ပန်းဦးမေ နေသည့်အိမ်သို့အတူသွားကြသည်။
သို့သော် ထိုအိမ်သို့ရောက်ခိုက်တွင် ပန်းဦးကရှိမနေချေ။
ကားဖြင့်ထွက်သွားတာကြာပြီဟုဆိုတာကြောင်​့ လူချင်းကွဲလမ်းချင်းလွဲရပြန်သည်။
°°°°°°

တစ်ဖက် သထုံဆောင်အပေါက်ဝ၌လည်း မိန်းကလေးတစ်ဦးသည် စိတ်ရှည်လက်ရှည် ရပ်စောင့်နေသည်။
သိပ်မကြာခင် အဆောင်ထဲမှ လူရွယ်တစ်ယောက်ကထွက်လာကာ ထိုမိန်းမပျိုအား ယဉ်ကျေးစွာဆို၏။
"ကိုဇေရဲ ရော၊ကိုနွေဦးမောင်ရော မရှိဘူးဗျ။အပြင်သွားတယ်လို့ ပြောတယ်"

ပန်းဦးသည် စိတ်ဓာတ်ကျစွာ သက်ပြင်းချလိုက်ရင်း
"ကျေးဇူးပါရှင်။ ကိုဇေရဲပြန်လာရင်သာ ပန်းဦးမေလာသွားတယ်လို့ပြောပေးပါဦး"

"ဟုတ်ကဲ့၊ ဟုတ်ကဲ့ပြောပေးလိုက်ပါ့မယ်"

ပန်းဦးမေ အဆောင်ပေါက်ဝကနေထွက်လာကာ
လမ်းတွင်ရပ်ထားခဲ့သည့်ကားဆီအ​ေရာက် မြင်ကွင်းရှေ့သို့ဝင်ရောက်လာသော ခပ်​ေဖျာ့ဖျော့ပုံရိပ်အား သတိထားမိသွား၏။ဖွင့်လက်စ ကားတံခါးကို ပြန်ပိတ်ပြီး ထိုပုံရိပ်အနီးသို့  မသိလိုက်မသိဘာသာ ချဉ်းကပ်မိသွားသည်။

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now