Part 24🔞🔞🔞

1.1K 64 8
                                    

Unicode version

T/N : နည်းနည်းနီပါတယ်။🔞🔞🔞🔞

"နိုးပြီလား။ ခဏနေ အိမ်ပြန်ရမယ်။"

ရှာရွန်ပုံစံက အားမရှိဘဲပျော့ဖက်ဖက်ရယ်။ မျက်တောင်ခက်တာကိုက အားမရချင်စရာ။
ပြောရမယ်ဆိုရင်အဖျားဝင်နေတာပင်။

"ရီမွန်ရောက်နေတယ်။ မင်းကိုခေါ်ခဲ့ဖို့ပြောတယ်"

"အခုပုံစံကြည့်ရတာ နည်းနည်းလေးတောင်မသက်သာဘူးထင်တယ်။ ဘယ်လိုလဲ အရမ်းနာနေလား"

ရှာရွန်က

",လှုတ်တောင်မလှုတ်နိုင်ဘူး ။ ခြေထောက်တွေဆိုအားထည့်လို့တောင်မရတော့ ဘူး။ ကျွန်မ မလိုက်လို့မရဘူးလား"

ယိုလီ သူမမျက်နှာပေါ်မှဆံနွယ်များသပ် တင်ပေးရင်း

"ဘယ်လိုလုပ်တယောက်တည်းစိတ်ချမှာလဲ။ လိုက်ရမယ်။ မင်းလမ်းလျောက်ဖို့မလိုဘူး။ ငါသယ်သွားမှာ"

ရှာရွန်မျကိလုံးများမှေးစင်းရင်း

"လုပ်ပေးရမှာပေါ့။ ရှင် လုပ်ထားလို့အခုလိုဖြစ်နေတာကို"

အရင်ကဆိုရင် *ရှာရွန်အတွက်နဲ့ မီရူ ဒုက္ခများနေရပြီ* ။

အခုများကျတော့လဲ။ သူ့ကိုအနိုင်ကျင့်နေတယ်လို့တောင်ထင်နိုင်သည်။
ရှာရွန်က

"ဖြစ်နိုင်ရင် ဒီမှာပဲနေခဲ့ချင်တာ"။

ယိုလီက

"မဖြစ်ဘူးလေ။ မင်းတယောက်တည်းက ဘယ်လိုမှအဆင်မပြေဘူး။ပြီးတော့ ဒီည သောက်မှာ ပြန်လာနိုင်မှာမဟုတိဘူး။

မင်းကိုခေါ်သွားရမှာပဲ။"

"ဉက္ကဌ။ ကားအဆင်သင့်ဖြစ်ပါပြီ။" ယိုလီက သူမကိုယ်အောက်ကိုလက်လျိုလိုက်သည်။ ဒူးကောက်ကွေးမှာလက်တဖက်။ ကျန်လက်တဖက်က ချိုင်းမရောက်တရောက်မှာ။

ပွေ့ချီပြီးအခန်းထဲက ထွက်လာသည်ာ အတွင်းရေးမှုးသိတာနိုင်က တအံ့တဩကြည့်နေသည်။

"စော‌စောနား"

"ဟူတ်...ဟူတ်ကဲ့"

သူမတို့ ဓါတ်လှေကားထဲဝင်တော့မှ သီတာ သက်ပြင်းချနိုင်သည်။ ဒီနေ့ဉက္ကဌ တနေ့လုံးအလုပ်မလုပ်တာကြောင့်နေမကောင်းဘူး ထင်ခဲ့ပေမယ့် နေမကောင်းတဲ့သူက တယောက်သီးသန့်ရှိနေတာပင်။

Soul of Dark Heart (အနက်ရောင်နှလုံးသားဝိဉာဉ်)Where stories live. Discover now