ငါ့ယောက်ျားက ပိုက်ဆံပေါတယ် [ Zawgyi ]

132 17 1
                                    


အရောင်းဋ္ဌာန၏ ဋ္ဌာနမှူး ယွီလန်သည် ပိုက်ဆံကို ချစ်
ခင်မြတ်နိုးသူဖြစ်ပြီး ပိုက်ဆံအိတ်ထဲက ထွက်မသွား
နိုင်အောင်  ထိန်းချုပ်နိုင်သည်  ။ တကိုယ်တည်း လူ
ပျိုကြီး  ယွီလန်သည်  ကုန်ကျစရိတ်နည်းပါးလွန်းသူ
ဖြစ်နေတာတောင်  ခြွေတာလွန်းသူ ဖြစ်သည်  ။

" ဝေ့  ! ဒီညနေ သွားသောက်ကြရအောင် ။ "

ဋ္ဌာနထဲက ဝန်ထမ်းတွေသည် တဝေးဝေး တဝါးဝါး ။
ပိုက်ဆံချစ်သူ ယွီလန်သည် ထိုစားသောက်ပွဲကို စိတ်
မဝင်စား  ။အလုပ်ကြောင့် သေလုမတတ်ပင်ပန်းခြင်း
သည် ​သောက်စားပျော်ပါးပြီး  ပိုက်ဆံဖြုန်းလိုက်မှ
အပန်းဖြေသည်  မဟုတ်ကြောင့်  ယွီလန် ပြောပြ
လိုက်ချင်သည်  ။  အိမ်ပြန်  အိပ်နေလိုက်ခြင်းသည်
လဲ  ကောင်းမွန်ပြီး  ပိုက်ဆံ တပြားတချပ်မှ မကုန်
သော  ဇိမ်ကျလှသည့်  အပန်းဖြေခြင်းဖြစ်သည်  ။

"  ဒီည သွားသောက်ရအောင် ။ ငါ ဒကာခံမယ်  ။ "

ဒါမျိုးမှ  ယွီလန်တို့ ပျော်ပိုက်သည် ။ ဘယ်လောက်
ကောင်းလိုက်သလဲ  ။ ကိုယ့်ပိုက်ဆံ တပြားတချပ်မှ
မကုန်ဘဲ  စားသောက်ခွင့်ကြီး ရရှိလိုက်သည်လေ ။
ဒါမျိုးဆို လက်ခုပ်ထတီးပြီး  ထိပ်ဆုံးမှ စာရင်းပေးသူ
သည် ယွီလန်ကိုယ်တိုင်ပင် ဖြစ်သည် ။ ဝန်ထမ်းတွေ
သည်  ဋ္ဌာနမှူးပေမို့ အောင့်အီးသည်းခံကြရပေမဲ့
နောက်ကွယ်မှာတော့  ကိုကပ်စေးနှဲကြီး အကြောင်း
အတင်းအဖျင်း သတင်းချကြသည် ။

အမူးသောက်ပြီးနောက်  ပြန်ကြသူကပြန်နှင့် ၊ ကိုယ့်
ပိုက်ဆံ  မဟုတ်တိုင်း  အသေအလဲ  ပုလင်းသာလဲ
လူမလဲသူ ယွီလန် သာ ကျန်ရစ်ခဲ့သည် ။  ယွီလန်၏
နဘေးတွင်  ဒီနေ့အတွက် ဒကာခံသူ ပိုက်ဆံပေါသူ
ဝန်ထမ်းလေး ချူးပိုင်ရှင်းသာ ရှိနေသည် ။

" ယွီလန်လေး  လို့ ခေါ်လို့ရမလားဟင် ဋ္ဌာနမှူး! ?။"

ချူးပိုင်ရှင်းဟာ  သူ့အနားကို အတင်းတိုးကပ်လာပြီး
တကယ့်ကို  ကလူကျီစယ်တဲ့အသံတိုးတိုးနဲ့ နားယား
စဖွယ် မေးလာသည်  ။ ယွီလန်က ဟိုဘက် တိုးရွေ့
ထိုင်ရင်  အနှီးမျက်နှာရူးသည်  လိုက်တိုးလာပြန်၏ ။
ဋ္ဌာနမှူးကိုများ  ဒီကောင်  မလေးမစား မရိုမသေနဲ့ ။

ငါ့ယောက်ျားက ပိုက်ဆံပေါတယ် [ One Short ]Donde viven las historias. Descúbrelo ahora