1

4.7K 274 13
                                    

Warning:စကားလုံးကြမ်းကြမ်းတစ်ချို့
ပါတာမို့ အဆင်ပြေမှ ဖတ်ပါ။

"Boss ဒီတစ်ခေါက် ကျွန်တော်တို့ပစ္စည်း
တွေ ကြားဖြတ်အလုခံလိုက်ရပါတယ်''

TVကလာတဲ့ Tom and Jerryဇာတ်လမ်းတွဲ
ကြည့်နေစဉ် missionအတွက်အဓိက တာဝန်ယူ
ထားရတဲ့ ဒယ်နီယယ်ပြောလာတဲ့စကားကြောင့်
ရိပေါ်ရဲ့ကြည်နေတဲ့စိတ်လေး ခွေးစားခံလိုက်ရသည်။

"F**k!! ဒီဘေးတစောင်းသွားတဲ့ ခွေးသူတောင်းစား
တွေကတော့...''

"ဘယ်ကောင်တွေလဲ ။ငါ့နယ်ထဲမှာတောင်
အကြောက်အလန့်မရှိ လှုပ်ရှားရဲတာဆိုတော့
တော်ရုံ  မဟုတ်လောက်ဘူး''

ဟောင်ကောင်တစ်ဝှမ်းမှာ Wang Gangကိုမသိသူ
မရှိ။ လက်ရှိ Wang Gang၏ဆက်ခံသူက
လတ်တလော အနိုင်ရထားသည့် ပါတီက
ဝန်ကြီးချုပ်၏တူဖြစ်သည့်အပြင် တရုတ်တစ်ပြည်လုံး၏ ၅၀ရာခိုင်နှုန်းသော စီးပွားရေးလုပ်ငန်းက
Wang Gangလက်ထဲမှာ။

မြေအောက်လောကတွင်လည်း အစဉ်အလာ
အဆက်ဆက် နာမည်ကြီးခဲ့တဲ့Gang တစ်ခု
ဖြစ်သည့်အပြင် ဂျပန်က ထိတ်ထိတ်ကြဲ
အဖွဲ့အစည်းတစ်ခု၏ အကာအကွယ်
လက်အောက်တွင်ရှိတာကြောင့်
Wang Gangကိုထိရဲသူမရှိ။

ဒီလောက် ကြားရုံနဲ့တင် ဖိန့်ဖိန့်တုန်သွားစေတဲ့
Wang Gangကိုဘယ် နှမပေးလေးတွေက
ရန်လာစတာလဲ။

"ဟို...... Yama ....Yamaguchi-gumiပါ''

ကြားလိုက်ရတဲ့စကားကြောင့် စိတ်တိုကာဆတ်ခနဲ
ထလိုက်တော့ ပေါ့ပေါ့ပါးပါး မဟုတ်သည့် ခန္ဓာကိုယ်
ကြောင့် ခွေယိုင်ကျမလိုဖြစ်သွားရသည်။

ကိုယ်ဝန်က လအတော်အတန် ရင့်နေပြီမို့
အရင်လို ဒုန်းဒုန်းဒိုင်းဒိုင်း ထလုပ်လို့မရ။

စိတ်ထဲရှိတဲ့အတိုင်းသာဆို ဒီပူဖောင်းကြီး
မြန်မြန်ပေါက်ဆိုပြီး အပ်နဲ့ဖောက်ပစ်လိုက်ပြီ။

ကူထိန်းပေးရန် လာသည့် ဒယ်နီယယ်ကို
အဆင်ပြေကြောင်း လက်ကာပြရင်း ဆိုဖာခုံ
ပေါ် လက်ထောက်ကာ ခပ်ဖြည်းဖြည်းထပြီးနောက်
ဒေါသကြောင့် ချက်ချင်းပင် ထိုးကိုက်လာသည့်
နားထင်ကြောကိုဖိနှိပ်ကာ

ငါက မာဖီးယားရဲ့ မဟေသီWhere stories live. Discover now