part-5

2.8K 295 27
                                    

Unicode

  မီးရောင် မှိန်မှိန်လေးသာ အလင်းရှိသည့် မြေအောက်အခန်းငယ် တစ်ခု။ ထိုအခန်းငယ်ထဲမှာတော့ ထိုင်ခုံပေါ်မှာ လက်ပြန်ကြိုးတုတ်ခံထားရပြီး သတိလစ်နေတဲ့လူ။ သူ့ရဲ့မျက်နှာချင်းဆိုင်မှာတော့ ခုံပေါ်မှာ smart ကျကျ ခြေချိတ်ထိုင်နေသော လူငယ်တစ်ဦး ထိုလူငယ်လေးရဲ့ မျက်နှာမှာ ချောမောမှုတေနဲ့ ပြီးပြည့်စုံနေပေမဲ့ အနည်းငယ် ခက်ထန်မာကျောနေသည်။သူက သတိလစ်နေသူကို စိတ်ရှည်ပုံမရ။အနားမှာ ရှိတဲ့ ရေနဲ့လှမ်းပတ်လိုက်တော့သည်။

"အဟွတ် အဟွတ် "

"နိုးပြီလား "

"မင်း.. မင်းဘယ်သူလဲ ဘာလို့ငါ့ကို အခုချုပ်ထားရတာလဲ"

"ကျစ်. .မင်းစောက်ပေါက်ပိတ်ထားလိုက် စောက်ရမ်းနားညီးတယ် "

"ဘာကွ မင်းက ဘာကောင်မို့လို့ငါ့ကို လာအမိန့်ပေးနေရတာလဲ ငါဘယ်သူလဲဆို မသိလား ဟမ်"

"မင်းဘာသာ မင်းကောင်ဖြစ်ဖြစ် ငါ့အတွက်စောက်ရေးမပါဘူး ရတယ်လေ မင်းကပါးစပ်မပိတ်ချင်ဘူး ဆိုတော့လဲ ငါ့လက်ထဲကဓားနဲ့ မင်းလျှာကို ဖျက်ပေးရတာပေါ့"

"မင်း.. မင်း မလုပ်.. မလုပ်နဲ့နော် ဟဟျောင့် မင်း ဘာ ဘာလိုချင်လို့လဲ မင်းလိုချင်တာ ငါ.. ငါအကုန်ပေးပါ့မယ်ကွာ ငါ့ကိုတော့ လွတ်ပေးပါကွာ "

"ဟက် ဒါဆိုလဲ မင်းအပေါက်ကို တိတ်တိတ်လေး နေပြီး ငါမေးတာဘဲဖြေ"

      ဝမ်ချောင် ပါးစပ်ဆက်မဖွာရဲတော့တာမလို့ ခေါင်းသာအတွန်တွန်ညိတ်ပြသည်

"မင်းမနေ့က ရှောင်းကျန့်ကို ဘယ်နှစ်ချက်ထိုးလိုက်လဲ ပြောစမ်း"

"လေး လေးချက်ထဲပါ"

"အော်... ဟုတ်လား "

"ဒါဆို ငါကမင်း မျက်နှာပေါ် နှစ်ချက်ထိုးပြီးပြီဆိုတော့ မင်းရဲ့ ခြေထောက် နှစ်ဖက်ကို တစ်ချက်စီရိုက်ချိုးပစ်မယ်"

"မလုပ် မလုပ်ပါနဲ့ ငါ ငါ နောက်ဆိုရှောင်းကျန့်ကို မ မထိတော့ပါဘူးကွာ"

"အဲ့တာ နောက်မှလေ အခုကိစ္စအခုရှင်းရမှာပေါ့ မဟုတ်ဘူးလား~~ အဟက်"

 🐷I'm Top🐰💚❤(completed)Where stories live. Discover now