ထာဝရအတွက်ပါ မောင်...(Unicode)

490 41 15
                                    

လူတွေပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေသော Amusement Park တစ်ခု...

လူကြီး လူငယ်ကအစ ကလေးတွေရော အကုန်အပြုံးကိုယ်စီနဲ့ပျော်ရွှင်နေကြသည်မှာပျော်စရာကောင်းလွန်းလှတယ် ။

ထိုလူတွေအထဲတွင် ခပ်ချောချောကောင်လေးနှစ်ယောက်လည်းပါလေရဲ့.. ဆံပင်အနက်ရောင်ခပ်ရှည်ရှည်နဲ့လူငယ်လေးတစ်ယောက် ​ေချာမောတဲ့မျက်နှာလေးကကြည်လင်နေပြီး ပါးပေါ်ကပါးချိုင့်လေးပေါ်အောင်ပြုံးနေလိုက်တာ သူ့ရှေ့မှာရပ်နေတဲ့ချစ်စရာကောင်လေးကြောင့်များ သူ့အပြုံးတွေဟာပိုတောက်ပနေတာများလား။

နှစ်ယောက်သားတွဲထားတဲ့လက်အစုံအလှုပ်မှာ လက်ခနဲဖြစ်သွားတဲ့ ဆင်တူလက်စွပ်လေးတစ်စုံကလည်း ညအလှမှာကြယ်တွေနဲ့အပြိုင်တောက်ပနေလေရော့လား ။

***************************************
"မောင်"

" အွန်း အချစ်ပြော "

" ဒီမှာ ကစားလို့ပြီးသွားရင် ဒီနားကအသစ်ဖွင့်တဲ့ဆိုင်မှာတစ်ခုခုသွားစားကြမယ်နော် "

"ဟွန် အချစ်ရယ် အခုလည်းလက်ထဲမှာမုန့်တွေအပြည့်နဲ့ကို ဗိုက်ကဆံ့ရော ဆံ့သေးရဲ့လား "

"ဆံ့ပါသေးတယ် မောင်ရဲ့ မောင်ကလည်း ငါ Duty off တဲ့နေ့လေး Date ရတာကို အလိုမလိုက်ဘူးလားလို့ နော် ဟင် "

ကြည့်ကြည့် Kim Seungmin တို့ရဲ့အချွဲဇာတ်တွေစပါပြီ အဲ့လိုလေးတွေကိုဘဲ ကျွန်တော် Hwang Hyunjin တို့အသည်းအသန်တွေချစ်နေရတာ....

"Aigoo ဟုတ်ပါပြီ မောင့် Doctor လေးရယ် Doctor Kim လေးကအမြဲအလုပ်ရှုပ်နေတော့ တစ်ခါတစ်လေလေးဆိုတော့လည်း မောင်ကအလိုလိုက်ရမှာပေါ့ဗျာ ဒါပေမယ့် အရမ်းမချွဲပါနဲ့ကွာ မောင့်နှလုံးသားလေးကခံနိုင်ရည်မရှိဘူး မထိန်းနိုင်လို့ လူကြားထဲအာဘွားပေးမိရင် ရှက်ပြီးမငိုကြေးနော် "

"အာ မောင်ကလည်း ဟီး အဲ့ဒါဆို ဟိုရောက်ရင် Pizza နဲ့ Iced Latte လေးသောက္မယ်နော် ပြီးတော့ Burgerလေးလည်းစားမယ် အိမ်အပြန်ကျရင်လမ်းမှာ ငါးအူချောင်းနဲ့တော့ပိုကီလေးရယ် ငါးပေါင်မုန့်လည်းဝယ်သွားမယ်နော် မောင် "

"မောင် ချစ်မဝလေး သဘောဗျာ မောင်ရှာသမျှပိုက်ဆံတွေအကုန်က အချစ်အတွက်ချည်းဘဲ စိတ်​ကြိုက်သာစားဗျာ Aigoo အစားပုတ်လေး"

ထာဝရအတွက်ပါ မောင်...Where stories live. Discover now