From realllljjjwwwရှောင်းကျန့်ဘဝမှာ အပျော်ရွှင်ဆုံးအချိန်က ရုံးဆင်းချိန်ပါပဲ... အိမ်မှာစောင့်နေမယ့် မိသားစုလေးကို တွေးလိုက်မိတဲ့အခါတိုင်း ချက်ချင်းအိမ်ပြန်ပြေးချင်မိတဲ့အထိ။
ရှောင်းကျန့်က အဆာပြေမုန့်တွေဝယ်ပြီးတာနဲ့ အိမ်လေးဆီမြန်မြန်မောင်းလာခဲ့သည်။ခြံဝန်းကျယ်ကျယ်နဲ့ နှစ်ထပ်အိမ်လေးကို တစ်ယောက်သောသူကစိတ်တိုင်းကျဖန်တီးတည်ဆောက်ထားဖြစ်သည်။
ဂိုဒေါင်ထဲမှာ ကားကိုသေချာရပ်ထားပြီးနောက် အိမ်ထဲဝင်လာခဲ့သည်။လက်ဆွဲအိတ်နဲ့မုန့်ထုတ်တွေကို အိမ်အကူတွေက လာသယ်ပေးတာမို့
"သားသားတို့ရော"
ခုနကထိတော့ အခန်းထဲမှာဂိမ်းဆော့နေကြသေးတယ်...
"အိုခေ အိုခေ"
ရှောင်းကျန့်က ကုတ်အင်္ကျီကိုဆွဲချွတ်၊White shirtကို ကြယ်သီးဖြုတ်ရင်း အခန်းတံခါးခေါကါ်လိုက်သည်။ တော်တော်ကြာတဲ့အထိ ပြန်ဖြေမလာတာမို့
တံခါးကိုဖြည်းဖြည်းချင်းဖွင့်လိုက်တဲ့အခါ...ရှောင်းကျန့်က နှာတံပေါ်ကမျက်မှန်ကိုင်းလေးကို ပင့်တင်ရင်း နှစ်ခြိုက်စွာပြုံးမိလိုက်တော့သည်။
မွေ့ယာပေါ်မှာ ခြေတစ်လှန်ခေါင်းတစ်ပြန်အိပ်နေတဲ့ သားအဖနား တိတ်တိတ်လေးလျှောက်သွားလိုက်သည်။"ရိပေါ် ရိပေါ်..."
လှုပ်နိုးနေပေမယ့် မနိုးတာမို့ ရိပေါ်မျက်နှာကို ထိနေတဲ့ သားသားရဲ့ခြေထောက်လေးကိုဘေးချပေးပြီး
ရိပေါ် ဘေးနားလေးကို လှည့်ပေးလိုက်သည်။သားသားရဲ့ ပါးဖောင်းဖောင်းလေးကို နမ်းပြီးနောက် ရှောင်းကျန့်က ရေမိုးချိူးဖို့ ဝင်သွားလိုက်တော့သည်။
ညဝတ်စုံလေးကိုလဲပြီး အပြင်ပြန်ထွက်လာတဲ့အခါ ရိပေါ်က ကုတင်ပေါ်ငုတ်တုပ်ထိုင်နေလေရဲ့...
"နိုးလာတာလား.."
"ကိုကို့သားက ငါ့ကိုကန်တယ် .."
ရိပေါ်ရဲ့ ပါးဖောင်းဖောင်းလေးတွေကို ဆွဲဖျစ်လိုက်တော့ မျက်လုံးလေးပေကလပ်နဲ့ မော့ကြည့်လာတယ်။