Part - 1

1.5K 31 4
                                    

အဖြူ အစိမ်း ဝတ်လေးနဲ့ သိပ်ကို လိုက်ဖက်လွန်းတဲ့

ကျောင်းသူလေး သူ့နာမည်က "ခြူး" တဲ့ ကျောင်းသွားဖို့

ပြင်ဆင်ပြီး အောက်ထပ်သို့ဆင်းလာသည်။

အိမ်အပေါ်ထပ်က ဆင်းလာတည်းက ကျောင်းသူ

တစ်ယောက်နဲ့ မတူအောင် တည်ငြိမ်လှပတဲ့ "ခြူး"

ဘယ်သူ့ကိုမှ စကားမပြောပဲ ပြင်ဆင်ပေးသော မနက်စာ

ကိုစားပြီး ကျောင်းသွားရန် ကားပေါ်သို့ တက်သွားသည်။

ကျောင်းပို့ ပြန်လာသည့် Driver(ဦးမောင်) ကအိမ်ကို

ရောက်တာနဲ့ ထမင်းဟင်းချက်တာဝန်ယူပေးထားတဲ့

(ဒေါ်ခင်) နဲ့ "ခြူး" အကြောင်းကို ဖောက်သည်

ချနေတော့သည်။

"သမီးလေး ခြူး က အရင်က ဒီပုံစံမဟုတ်ဘူး ဒေါ်ခင်ရဲ့"

"သြော် ဟုတ်ရဲ့လား ဦးမောင်ရယ် ကျမ ဒီအိမ် စရောက်

တည်းက သူက အဲ့လိုပါပဲ" "ဒီအိမ်မှာ နေလာတာ ၃နှစ်

ခုထိ သူ့အသံ လေးလုံးကွဲအောင် မကြားဖူးဘူး " လို့

ဒေါ်ခင်ကပြောတော့

"ကျုပ်က ဒီအိမ်မှာ နေလာတာ သမီးလေး တစ်သက်ပဲ

ငယ်ငယ်ကဆို သိပ်ကိုသွက်တဲ့ကလေးလေး သူ့အမေဆုံး

တော့ သူ့အဖေက နောက်အိမ်ထောင်ပြုပြီး နိုင်ငံခြား

ထွက်သွားတယ် အဲ့တည်းက"ခြူး" လေးလည်း

ခုလို အေးစက်စက် ဖြစ်သွားတော့တာပဲ" လို့

ဦးမောင်က ဝမ်းနည်းတဲ့လေသံနဲ့ပြောလေသည်။

"အဲ့ဒါပေါ့ ဦးမောင်ရယ် ပြည့်စုံနေတဲ့ လူဆိုတာ ဘယ်မှာရှိ

မလဲ လူတကာချစ်တဲ့ ရုပ်ရည်လေးနဲ့ လိုတရ ပြည့်စုံတဲ့

ချမ်းသာမှုတွေ ရှိပြန်တော့လည်း မေတ္တာတရားကို ခံစားခွင့်
မရပြန်ဘူး"

"ခြူး" ဆိုတဲ့ ကောင်မလေးက အသက်က ၁၅ ဆယ်တန်း

တက်နေတဲ့ ကျောင်းသူလေးပေါ့ အရပ်ရှည်ရှည် ခန္ဓာကိုယ်

ပြည့်ပြည့်ဖြိုးဖြိုးလေးနဲ့ ချောလိုက်ပုံများ ကျောင်းမှာဆို

ရှိတဲ့ယောက်ျားလေးတိုင်း သူ့ကိုပဲငေးနေရတယ်

၈နှစ်လောက်မှာ အမေဆုံးပြီးတည်းက အထီးကျန်မှုတွေနဲ့

နေလာရတော့ အသားကျသွားတယ်နဲ့ တူပါတယ်

ကျောင်းမှာလည်း သူငယ်ချင်းရယ်လို့ မရှိပဲ တစ်ယောက်

တည်းအေးအေးဆေးဆေး ပဲ နေခဲ့တယ်။

US က သူ့အဖေကတော့ လိုလေသေးမရှိတဲ့ ပိုက်ဆံတွေကို

အမြဲထောက်ပံ့ပေးနေပေမယ့် ဖခင်မေတ္တာကိုတော့

မပေးခဲ့ပေ။

နေ့လည်လည်းရောက်ပြီ "သမီး ခြူး ကျောင်းဆင်းချိန်ပဲ

သွားကြိုလိုက်ဦးမယ် ပြန်လာရင် စားရအောင် အဆာပြေ

မုန့်လေး လုပ်ထားဦး ဒေါ်ခင်ရေ"

"သမီး ပင်ပန်းနေပြီလား အိမ်ရောက်မှ အဆာပြေမုန့်လေး

စား ဦးမောင် ဒေါ်ခင့်ကို လုပ်ခိုင်းထားတယ်"

"ဟုတ်" တစ်ခွန်းတည်းပြောပြီး ကားပေါ်တက်သွားတယ်

အိမ်ပြန်လမ်းမှာပဲ အပြင်အဆင်လှလှပပနဲ့ စိတ်ချမ်း

သာစရာ  Cafe & Bakery ဆိုင်ကို

တွေ့တော့ ရုတ်တရက် စားချင်သွားတယ်နဲ့ တူပါရဲ့

" ဦးမောင် ခဏရပ်ပေး "

" ဘယ်နားရပ်ပေးရမလဲသမီး "

" ဟိုမှာကိတ်ဆိုင် "

ဆိုင်ထဲသို့ ဝင်လိုက်တာနဲ့ ဖော်ရွေတဲ့ ဝန်ထမ်းတွေက

" မင်္ဂလာပါ ဘာများသုံးဆောင်ပါမလဲခင်မျာ"

" သိပ်မချိုတဲ့ ဘာမုန့်ဖြစ်ဖြစ်ရတယ် "

ကောင်တာနောက်မှာ ကျောပေးပြီးကော်ဖီသောက်နေတဲ့

အမျိုးသမီးက" ခြူး" ရဲ့ခပ်ပြတ်ပြတ်လေးသံကို ကြားတော့

service ပေးနေတဲ့ ဝန်ထမ်းကို သွားခိုင်းလိုက်တယ်

သောက်လက်စ ကော်ဖီကိုချပြီး သူဆက်ပြီး service

ပေးမယ်ပြောလိုက်တယ် ............💜

Part 2

Coming Soon

# Kira

My Love , Cake Shop OwnerWhere stories live. Discover now