တန်ဖိုးရှိတဲ့လူ...

17 1 0
                                    

"တန်ဖိုးရှိတဲ့လူ..."

တစ်ခါတလေ လူတွေဟာ
ဟုတ်ဟုတ်(ဟုတ်သည်ဖြစ်စေ)
၊မဟုတ်ဟုတ်(မဟုတ်သည်ဖြစ်စေ)
သင့်ကို ချီးမွမ်းတဲ့အခါရှိသလို
ကဲ့ရဲ့တဲ့အခါလည်း ရှိပါလိမ့်မယ်။

လူတွေရဲ့ ချီးမွမ်းခြင်း၊
ကဲ့ရဲ့ခြင်းတွေအပေါ်မှာ
လိုက်ပြီး ယိမ်းယိုင်
စိတ်လှုပ်ရှားတတ်တဲ့သူတွေကတော့
တနည်းအားဖြင့်
စိတ်ဓာတ်မခိုင်မာသူတွေပေါ့။

လူတွေ မင်းကို
အထင်ကြီးကြီး မကြီးကြီး
အဓိက မင်းကိုယ်မင်း
အထင်မသေးမိဖို့တော့ လိုပါတယ်။

မိမိကိုယ်ကို အထင်မသေးတတ်သူဟာ
သူတစ်ပါးက ကိုယ့်ကို လာပြီး
အထင်သေးမှာကို ဂရုမစိုက်ဘူး။
မိမိကိုယ်ကို ကျေနပ်တတ်သူဟာ
လူတွေရဲ့ ဝေဖန်ကဲ့ရဲ့
ပြောဆိုမှုတွေကိုခံနိုင်ရည်ရှိတယ်။

လူတွေရဲ့ အမြင်အောက်မှာ
ရှင်သန်တတ်တဲ့သူဟာ
သူ့ရဲ့ တန်ဖိုးကို သူများလက်ထဲကို
ထိုးထည့်လိုက်တဲ့လူနဲ့ တူပါတယ်။
ကိုယ့် တန်ဖိုးကို သူများလက်နဲ့
ပိုင်းဖြတ်လိုက်ကြတယ်။

သင့်ရဲ့တန်ဖိုးရှိခြင်းမရှိခြင်းဆိုတာ
သင့်စိတ်နဲ့သင့်ခံယူချက်တွေအပေါ်မှာပဲ
မူတည်ပါတယ်။
အရေးကြီးတာကတော့
တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့
မိမိကိုယ် တန်ဖိုးရှိအောင်
တွေးထုတ်တတ်ဖို့ လိုပါတယ်။

တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့
တန်ဖိုးရှိသော အတွေးများကိုသာ
တွေးပါ...။ ။

#

You've reached the end of published parts.

⏰ Last updated: Sep 18, 2021 ⏰

Add this story to your Library to get notified about new parts!

တန်ဖိုးရှိတဲ့လူ...Where stories live. Discover now