Irish baam

778 73 9
                                    

1,2,3,4 bamp...bamp...bamp...bamp...

ပါးစပ်သံဇဥ်တွေနှင့်အတူ သူတို့အကတိုက်နေကြခြင်းဖြစ်သည်...။ဒီတစ်ခေါက်လာမယ့် ဆုပေးပွဲအတွက်Performanceပြုလုပ်ရန် အကတိုက်နေကြခြင်း...။

"ခဏနားမယ်...ပြီးရင်ဆက်တိုက်ကြတာပေါ့..."

Hoseokရဲ့စကားအဆုံး အဖွဲ့ဝင်တွေအားလုံးအကတိုက်နေတဲ့ ကြမ်းပြင်ပေါ်မှာသာ လှဲသူကလှဲ ထိုင်သူကထိုင်ဖြင့် ပြန့်ကျဲသွားသည်...။အသက်ရှူသံ ပျင်းပျင်းတွေက မောပန်းလွန်းနေကြောင်းထောက်ပြနေသည်...။

"အားးးပျင်းတယ်..."

ကြမ်းပြင်ပေါ်မှာကန့်လန့်ဖြတ်လှဲနေရင်းနဲ့ ခပ်ကျယ်ကျယ်ညီးတွားတဲ့ အငယ်ဆုံးလေး...။တစ်ကိုယ်လုံးဆန့်ထုတ်လို့ ကန့်လန့်ဖြတ်လှဲချထားပြီး ညီးညူနေတာဖြစ်တယ်...။

"လာ လာ ပျင်းရင် မင်းနဲ့ငါအကဆက်တိုက်မယ်..."

"Hobi hyungပြောတာက ပိုပျင်းဖို့ကောင်းတယ်..."

ရွတ်နောက်နောက်ပြောလိုက်တဲ့Hoseokရဲ့စကားကို ချက်ချင်းပြန်ပြောပါတဲ့ စွာကျယ်ကျယ်လေသံကြောင့် အကတိုက်နေကြတဲ့လူတစ်ချို့စီက ရယ်သံလေးတွေထွက်လာတယ်...။

"ဟားးJungkookie..."

အကိုတစ်ချို့ရဲ့ သဘောကျသလိုအသည်းယားသလိုလေသံကလည်းထွက်လာသေးသည်...။

"Suga hyungကဒီအချိန်ဘာလုပ်နေမလဲ.."

Jimin ရဲ့စကားကြောင့် အားလုံးရဲ့အကြည့်တွေက Jiminစီရောက်လာကြသည်..။အခုသူတို့ရဲ့ Performance က Suga hyungမပါပေ...။ဘာကြောင့်ဆိုSuga hyungကပခုံးက အခြေအနေတွေ ဆိုးရွားလာတာကြောင့် ခွဲစိတ်မှုခံယူလိုက်ရ၍ အေဂျင်စီကနားချိန်ပေးထားတာကြောင့်ပင်...။အခုသူတို့ကခြောက် ယောက်ထဲနှင့် အကတိုက်နေရခြင်းဖြစ်သည်...။အရင်က ခုနစ်ယောက်ဖြစ်ခဲ့တာမို့ အခုချိန်မှာသူတို့တစ်ခုခုလိုနေသလိုဖြင့် ယောင်ချာချာဖြစ်နေရတာ အကြိမ်ကြိမ်...။

"ဖုန်းဆက်ကြည့်ကြမလား.."

Jungkookရဲ့ အပြောကြောင့်အားလုံးကတွေးတောဟန်ပြုသည်...။

"တော်ပါတော့..သူနားပါစေ..ခွဲစိတ်ထားတဲ့လူကို ငါတို့ပုံတွေပြပြီး မနားပဲနဲ့မိုက်​ပြန်မကိုင်စေချင်ဘူး.."

Irish baamWhere stories live. Discover now