Ep.24(🔞) (U)

13.2K 196 29
                                    

" အင်း ဒါနဲ့"

ဖန်ကမနေနိုင်စွာနဲ့ ဝင်မေးလိုက်သည်။

လင်းကိုကိုကားကလေ ကလပ်မှာကျန်ခဲ့တာတဲ့။ ကားဟာကလပ်ရဲ့နောက် ကားဂိုထောင်ဖက်မှာတဲ့။ ငါတို့ကားရပ်ခဲ့တာက ကားပါကင်မှာလေ။ အဲ့ဒီညက ကလပ်ကအရေးကြီးတဲ့သူက ငါတို့ကိုဖုန်းဆက်ပြောလာတာမို့ မနက်ကျလာယူမယ်လို့ပြောလိုက်တယ်။ ငါထင်တာက ဒီကောင်မူးနေလို့ ကားငှားပြန်တယ်ထင်တာ။ မနက်ရောက်တော့မှ ဒီကောင်အသတ်ခံရတယ်ဆိုတာသိခဲ့တာ။"

" အသတ်ခံရတာကလဲ သာမာန်လူသတ်တဲ့အရာမျိုးမဟုတ်ဘူး။ ပစ္စည်းတွေလိုချင်တာကြောင့်လဲမဟုတ်ဘူး။ တမင်အငြိုးရှိလို့ လုပ်သလိုဖြစ်နေပြီ။"

နေလင်းအောင်ကပါ ဝင်ပြောလာခြင်းဖြစ်သည်။ တကယ်တော့ စဥ်းစားစရာပါ။.ဘာကြောင့်လဲဆိုတော့ သူတို့အားလုံးဟာ ဘယ်သူနဲ့မှရန်ငြိုးရန်စမရှိခဲ့။ အခုဟာက လူသတ်ရန်တမင်ကြံစည်ထားတာမျိုးဖြစ်သည်။

စကားပြောရင်းကနေ နေလင်းအောင်က သူတို့အားလုံးကို အခန်းထဲသွားရန်အချက်ပြလို့နေသည်။

" ဟိုလေအန်တီ သားတို့လေ အထာ့အခန်းထဲသွားနားလိုက်အုံးမယ်နော်။ ဒီနေ့တော့ ညနေစောင်းမှအိမ်ပြန်တော့မယ်။"

အကင်းပါးတဲ့ မာန်ဝေကပါပြုံးစစနဲ့ခွင့်တောင်းလိုက်တာကြောင့် အန်တီမြသက်နှင်းကခွင့်ပြုလာသည်။

" ဟုတ်ပါပြီ ညနေစာကိုပါစားပြီးမှပြန်နော်။"

" ဟုတ်ကဲ့။"

တညီတညာထဲထွက်လာတဲ့အသံ။

အထာတို့လေးယောက် အိမ်အပေါ်ထပ်က အထာ့အခန်းရှိရာကို အားလုံးတက်လာခဲ့ကြသည်။

" မင်းဘာပြောစရာရှိလို့လဲ။"

သူ့အခန်းထဲရောက်တာနဲ့ အထာကကုတင်ပေါ်တက်ထိုင်လာတဲ့ မာန်ဝေနဲ့နေလင်းအောင်က်ို မျက်တောင်မခတ်တမ်းစိုက်ကြည့်ကာ မေးလိုက်တာမျိုးဖြစ်သည်။

ဖန်တီးကတော့ ဘာမှမသိသလို မာန်ဝေကအပေါ်ကိုတက်ရန် မေးငေါ့ကာပြောလာတာကြောင့်သာ အိမ်အပေါ်ကိုတက်လာခြင်းဖြစ်သည်။

Abstarct Of Love (Z&U)Where stories live. Discover now