Unicode

196 16 6
                                    


" အကို ''

" ...... ''

" ကျွန်တော်အကိုပြောတဲ့အတိုင်းဘွဲ့ယူလာခဲ့ပြီးပြီ၊ကျွန်တော် တော်တယ်မလားဟင်? "

" အင်း မင်းကလိမ္မာတဲ့ကောင်လေး ''

" ဒါဆိုအကိုကျွန်တော့်ကိုနည်းနည်းလေးတောင်ချစ်ပေးလို့မရဘူးလားဟင်? " ကစားကွင်းထဲကခုံတန်းလေးပေါ်​မှာတူတူထိုင်နေရင်း Perth မေးလိုက်မိတယ်။ အရင်လိုပဲ ဒီမေးခွန်းဆို အကို Saint က ပြန်မဖြေဘူး ~

" အာ....တောင်းပန်ပါတယ် ကျွန်တော်မေးခွန်းမှားသွားတယ်ထင်တယ် ကျွန်တော်ချစ်တာကိုလက်ခံပေးဖို့ကြိုးစားပေးကြည့်လေနော် ရမလား ကျွန်တော့်ကိုတော့ယုံပေးလို့ရမလား ''

" မင်း ဒီစကားတွေထပ်ခါတလဲလဲပြောနေရတာမမောသေးဘူးလား Perth ? ဟမ် ကြာခဲ့ပြီလေ အခုထိလက်လျှော့ဖို့မတွေးမိဘူးလား ''

" ကျွန်တော့်အကို့ကို စတွေ့တဲ့ 17 နှစ်သားဘဝထဲကချစ်ခဲ့မိတာပါ အခုချိန်ထိမပြောင်းမလဲအမြဲချစ်နေတာကတော့အမှန်တရားပါပဲ ဒါတော့ယုံပါ ''

"..... '' နှုတ်ဆိတ်နေဆဲဖြစ်တဲ့အကိုSaintက မြင်းရုပ်စီးတဲ့နေရာမှာရေရယ်မောနေတဲ့ မိသားစုလေးကိုငေးနေတယ် အင်းအဲ့မိသားစုလေးက ကျွန်တော့်အကို Planနဲ့သူ့အမျိုးသား Mean ရယ် ပြီးတော့ဆေးပညာတွေနဲ့ယူထားရတဲ့လူဆိုးကောင်ပေါက်စ Wish ပေါ့။ သူတို့ကအကို Saint ပြီးရင် ကျွန်တော့်ဘဝမှာတန်ဖိုးအထားရဆုံးလူသားတွေလေ ~

" သူတို့ကိုကြည့်ရတာအရမ်းပျော်စရာကောင်းတာပဲနော် အကို Saint ''

" အင်း ကြည်နူးစရာလေး!နှစ်တွေကြာတာတောင်
အခက်အခဲတွေအများကြီးကျော်ဖြတ်ရင်းပျော်နေကြတာလူရွေးမှန်လို့ထင်တယ်နော် Perth '' ပြုံးလျက်ပြောလာတဲ့အကို့ Saint မျက်လုံးတွေက ကြေကွဲရိပ်သန်းလို့ အကိုအခုထိချစ်ရမှာ​ကြောက်နေတုန်းပဲလား???
________FlashBack______

* အကို Saint ကို ကိုကြီး Planရဲ့ချစ်သူ ကိုကြီး Mean ကနေတဆင့်သိခဲ့တာ *ကျွန်တော့်အကိုကိုစကြိုက်ကတည်းက ကျွန်တော့်ကိုအသိပေးပြီးညီတစ်ယောက်လိုဆက်ဆံခဲ့တဲ့ကိုကြီး Mean က အကို Saint နဲ့သူငယ်ချင်းအရင်းကြီးမလို့ ကိုကြီး Plan
မွေးနေ့မှာလိုက်လာခဲ့တာ

- Redamancy - Where stories live. Discover now