{၄၅}U/Z

71.6K 8.6K 1.1K
                                    

Unicode


နွေဦးမောင် ရန်ကုန်အိမ်ကိုရောက်တော့ အိမ်တွင် ခြံစောင့်တစ်ယောက်မှလွဲ၍ ကျန်သည့်သူများမရှိပေ။

"အစ်မကြီးက ရှေ့ရက်ကတည်းက မန္တလေးသွားလိုက်တာ၊ ပန်းဦးလေးလည်း ဒီညနေကပဲ Express ကားနဲ့ မန္တလေးကိုပဲသွားတယ်။ အိမ်ကကားက အစ်မကြီးကို မန္တလေးလိုက်ပို့ပြီးကတည်းကပြန်မလာသေးတာ။"

အမေဖြစ်သူကော ပန်းဦးကပါ မန္တလေးကိုသွားသည်ဟူသောကြောင်​့ နွေဦးမောင်လည်းအထွေအထူး ပြန်မမှာတော့ချေ။

"ဟုတ်ပြီ ဦးလေး။ ကျွန်တော်လည်း မန္တလေးသွားမှာဆိုတော့ မန္တလေးမှာပဲဝင်တွေ့လိုက်ပါ့မယ်။ဦးလေးလည်း ညဘက်ဂရုစိုက်နေဦး။"

ခြံစောင့်ဦးလေးက ပြုံးကာ
"အေး ငါ့တူကြီးလည်း ကားကိုဂရုစိုက်မောင်းနော်။ ညဘက်မောင်းမှာ ဆိုတော့အန္တရာယ်များတယ်။ မနက်မှမသွားဘဲနဲ့"

"နေ့ချင်းပြန်ခရီးမို့ ညကတည်းကသွားမှဦးလေး ရ။ ကျွန်တော်သွားပြီနော်"

နှုတ်ဆက်ပြီးသည်နှင့် ညတွင်းချင်း မန္တလေးကို ချီတက်ရတော့သည်။ တစ်ညလုံး ကားမောင်းပြီး မနက်မှ မန္တလေးမြို့တွင်းသို့ရောက်သည်။
အိမ်ပြန်ဖို့စိတ်ကူးမရှိသေးသည်မို့ မနက်စာဆိုင်တွင် ခဏအချိန်ဖြုန်းလိုက်သည်။
နာရီလက်တံက ကိုးအတိကိုပြသည့်အချိန်ရောက်မှ သူဆိုင်ကနေ ထထွက်လာသည်။သူများအိမ်ကိုဧည့်သည်အဖြစ်သွားဖို့ရန် သည်အချိန်က မစောလွန်း မနောက်ကျလွန်း။

°°°°°°

မန္တလေးမြို့...စိန်ပန်းရပ်ကွက်....

မနက်ခင်း ရပ်ကွက်လမ်းတွင် ကလေးများက ဆော့နေကြတာကြောင့် ဆူညံနေသည်။
မန္တလေးသားဖြစ်သော်ငြား လမ်းသွယ်များကြားတွင် မျက်စိလည်နေမိသည်။
နောက်ဆုံးမှာတော့ လမ်းထိပ်ကွမ်းယာဆိုင်ကိုဝင်ကာမေးရတော့သည်။

"အစ်မ... ဆရာမမြတ်သူဇာ အိမ်ကို သိလားခင်ဗျ။"

ကွမ်းငုံထားသော မိန်းမကြီးမှ သူ့အား ပြူးကြည့်ကာ
"ဒီလမ်းတည့်တည့်ကဝင်ရင် ပထမဆုံးတွေ့တဲ့ညာဘက်လမ်းကိုကွေ့၊ နည်းနည်းဆက်သွားရင် ကော်ပြန့်ကြော်ရောင်းတဲ့အိမ်ကိုတွေ့လိမ့်မယ်။ အဲ့အိမ်ရဲ့ မျက်စောင်းထိုးက ပျဉ်ထောင်အိမ်လေးပဲ"

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now