ရေမွှားလေးတွေကို နေရောင်ထိုးနေသောကြောင့် သက်တန့်ရောင် ပြန်ဟက်နေသော ကောင်းကင်ကို မော့ကြည့်ကာ တစ်ခုခုကို လွှမ်းဆွတ်သလို ခံစားလိုက်ရတယ်။
' အရှင်မ ' ဆိုသည့် နာမည်နဲ့တိုင်အောင် ငယ်စဥ်တောင်ကျေး ကလေး ဘဝ ကတည်းက မင်း တို့ တတ်အပ် သမျှ တွေ ကိုသင်ယူကာ ကြီးပြင်းလာရတဲ့ ကျွန်မ အဖို့ ပျော်မွေ့ခြင်းဆိုတာ မရှိတော့ချေ။
ဂျိုဆွန်းပြည် ၏ ဘုရင်မ ဖြစ်သောကြောင့် တိုက်ရေးခိုက်ရေး နဲ့ အုပ်ချုပ်ရေး တွင် ကျွန်မ တော်လျှင်သာ တော်လိမ့်မည် .. သို့သော် .. မိမိကိုယ် မိမိ ပျော်ရွှင်အောင် လုပ်ဖို့တော့ သိပ်ကိုအားနည်းသည်။
ဘေးဘီ ဝဲယာသို့ လှည့်ကြည့်လိုက်ရင်း လေပူတစ်ချက် ကို ခပ်ဖြေးဖြေးလေး မှုတ်ထုတ်ခဲ့တယ်။
သစ်ပင်ပုလေး နားက အရိပ်တွင်ခိုရင်း ' နာဘီ ' ဟု အမည်ရသော လိပ်ပြာဝါလေး ကိုလှမ်းငေးရင်း နှစ်ခြိုက်စွာ ပြုံးလိုက်တယ်။
သဘာဝ ကသာ ကျွန်မကို ပျော်ရွှင်မှု ပေး နိုင်မည်ဟု ယူဆပါသည်။" အရှင်မ နန်းတွင်းကိုပြန်၀င်ဖို့ သင့်ပါပြီ "
အထိန်းတော် ဆုန်း ၏ စကားသံကိုကြား၍ နောက်သို့ပြန်လှည့်ကာ ခေါင်းတစ်ချက်ဆတ်ပြီး ခြေလှမ်းတွေ ကို ခပ်သွက်သွက် လှမ်းလာခဲ့တယ်။
...
" အစ်.. အစ်ကိုတော် "
" ဂျဲနီ ! "
ထိုစဥ် ဂျဲနီ ဟာ ကင်မ်နာဘင်း ကို ကိုင်ထားသော ဓါးရှည်နဲ့ ဖြင့်လှီးခုတ်လိုက်တယ်။
သွေးသံရဲရဲ ထဲမှာ အသက်ကင်းမဲ့နေသော ဂျဲနီ ၏ အမေ နဲ့ မယ်မယ်ကြီး၏ သား ဂျဲနီ ၏ အဖေတူ အမေကွဲ အကို ကင်မ်နာဘင်း။
လက်ထဲကဓါးကိုလွှတ်ချလိုက်ပြီး အာခေါင်ခြစ်အော်လိုက်တယ်။
.
.
.
အဖြူရောင် ညအိပ်ဝတ်စုံကို အိပ်နေရင်း ဖြဲပစ်လိုက်ပြီး နိုးလာတော့ ကျွန်မအိပ်ဆောင်ထဲမှာ လှဲလျောင်းလျက်။
ဂျဲနီ မယုံနိုင်တော့ချေ။
ထိုအတိတ်ကိုမေ့ထားခဲ့တာ ကြာလှပြီ ဖြစ်သော်လည်း မေ့မနိုင်ခဲ့ပေ။
အိပ်ဆောင်က မှောင်မည်းနေတာကြောင့် မီးထဖွင့်လိုက်ပြီး အိပ်ဆောင်အပြင်ဘက် ကအစေခံတွေကိုလှမ်းခေါ်ကာ အဝတ်လှဲဖို့ပြင်လိုက်တယ်။