🔮CHAPTER-3🔮

393 33 0
                                    

Gulfလည်း ပျော်ရွှင်စွာဖြင့်..Linnဆီသိုဖုန်းခေါ်လိုက်လေသည်...

  "Hello , Linn..."

  "အင်း..ပြောလေချစ်.."

  "သဘက်ခါနေ့လောက်လေ အားမလားဟင်..?Linnနဲ့သွားလည်စရာရှိလို့.."

  "ဘယ်ကိုလဲချစ်?..ကိုယ်ကအခုတလောသိပ်မအားတာ သိတယ်မလား..."

  "Aww..သိပါတယ်...မကာအိုကိုသွားမှာ..လေယာဉ်လက်မှတ်ခကိုလည်း..Gulfရှင်းမှာပါ..လိုက်ခဲ့ပါနော်.."

  "အင်းပါ...သွားကြတာပေါ့..အခုကိုယ်မအားသေးလို့ဒါပဲနော်ချစ်.."

Gulfလည်း ဝမ်းသာစွာဖြင့်ဖုန်းချလိုက်လေသည်..

  "Gulf မင်းလည်း Linnပြောသမျှကိုယုံမနေနဲ့ဦးနော်..အရင်ကသူ့အကြောင်းတွေ မင်းလည်းသိတာပဲဟာ...ငါက မင်းထိခိုက်မှာစိုးလို့ပြောတာပါကွာ..."

  "အေးပါ..သူအခုပြောင်းလဲနေပါပြီ..ငါ့ကိုလာမတွေ့ဖြစ်တာလည်း သူအလုပ်မအားလို့ပါကွာ...ငါmaeဆီဖုန်းခေါ်လိုက်ဦးမယ်.."

Noကတော့ Gulfရဲ့ပင်ကိုအကျင့်ကိုသိ၍ စိတ်ပူပေးနေရသည်..Gulfရဲ့အမေကလည်း သူ့ကိုစိတ်ချစွာအပ်ထားသည်မို့ပင်...

Gulfမှာက အဖေမရှိတော့ပေမယ့်...အမေဖြစ်သူDaw Wamနဲ့..အမကြီးSue ,အမလတ်Fai တို့ရှိသေးသည်..Faiကတော့..အိမ်ထောင်သည်ဖြစ်ပြီး..ကိုယ်ဝန်ဆောင်ထားရသည်..Sueကတော့ အပျိုကြီးပါ...Gulfတို့မိသားစုက မိုင်နာကျွန်းလေးမှာနေပြီး..Gulfငယ်စဉ်ကတည်းက...ထမင်းဆိုင်ဖွင့်ထားသည်..

  "Hello mae..သား သဘက်ခါခရီးသွားစရာရှိတယ်.."

  "ဘယ်ကိုလဲ..သား.."

  "မကာအို ကိုပါ..mae..ကံစမ်းမဲပေါက်လို့..၂ရက်လောက်သွားမှာ.."

ထိုအခါ..အနီးရှိ စပ်စလူးအမ၂ယောက်မှ..

  "မောင်လေးရေ..အမတို့အတွက် လက်ဆောင်ဝယ်ခဲ့ဦးနော်.."

  "အင်းပါ..အမတို့လည်း maeကိုဂရုစိုက်ပေးကြဦးနော်.."

  "Maeအဆင်ပြေပါတယ်...ပျော်ပျော်ရွှင်ရွှင်သွားနော်..သားငယ်လေး..."

   "ဟုတ်..mae.."

~~~~~  ❤❤❤  ~~~~~

ဘန်ကောက် လေဆိပ်ကြီးတွင်..Mewတယောက် ပန်းစည်းလေးကိုကိုင်ကာ..Saraအလာကိုမျှော်နေမိသည်...Saraက နိုင်ငံခြားမှာ..ဘဲလေးdancerလုပ်တာမို့..သူ့ကိုအချိန်မပေးနိုင်ခြင်းပင်...ထိုစဉ်..လေဆိပ်မှSaraထွက်လာတာမြင်တော့...

♡Beautiful Fate♡(MewGulf Complete)Where stories live. Discover now