Part(1) U+Z

8K 143 6
                                    

သန့်ရှင်းလတ်ဆက်တဲ့လေကိုရှုရှိုက်ရင်း လေပူတစ်ချက်ကိုမှုန့်ထုတ်ကာ အလုပ်သမားတန်းလျားကနေ စံအိမ်ဆီသို့ လာခဲ့တဲ့ကောင်မလေးတစ်ယောက်......။
စံအိမ်ထဲကသူ့ကိုဒေါသမီးလျှံအပြည့်နဲ့စောင့်နေတဲ့ကောင်ကလေးတစ်ယာက်......။

"သခင်လေး....."

"ရှန်းရှန်း နင်ဘာတွေလုပ်နေတာလဲအဲ့လောက်အိပ်ပုပ်ကြီးရလား အခုဘယ်နှစ်နာရီရှိနေပြီလဲ နင်ဘာလို့အခုမှလာတာလဲ"

ရှန်းရှန်း ပြန်ဖြေလို့မရအောင်ကိုမေးခွန်းတွေကိုဆက်တိုက်မေးနေလေရဲ့။

"ဟို သခင်လေး အခုမှငါးနာရီပဲရှိသေးတာလေ သူများတွေတောင်အိပ်နေတုန်း"

"ဘယ်သူများလည်း နင်ကအဲ့သူများတွေနဲ့တူလို့လား နင့်ကိုငါဘာမှာထားလည်း ငါနဲ့မနက်အတူလမ်းလျှောက်မယ်လို့မပြောထားဘူးလား နင်မေ့နေတာလား ဦးနှောက်လည်းမကောင်းတော့ဘူးလား ရှန်းရှန်းမေးနေတာဖြေလေ"

"သခင်လေးပဲဆက်တိုက်ပြောနေတာကို ရှန်းရှန်းဖြေဖို့အချိန်မှမရှိတာကို"

"ရှန်းရှန်း နင်ငါ့ကိုပြန်ပြောနေတာလား"

"တောင်းပန်ပါတယ် သခင်လေး"

"ပြောလိုက်ရင် ဒါပဲ နင့်ပုံစံကြည့်အုန်းထဘီကြီးနဲ့ ဘောင်းဘီသွားဝတ်ခဲ့ အချိန်၁၀မိနစ်ပေးမယ်မြန်မြန်ပြန်သွားလဲ ငါခြံထဲကစောင့်နေမယ်"

"သခင်လေး ထဘီနဲ့ပဲလိုက်လို့မရဘူးလား"

"မရဘူး မြန်မြန်သွား နောက်ကြရင်အပြစ်ပေးမှာ သွား"

စံအိမ်နဲ့အလုပ်သမားတန်းလျားကလမ်းလျှောက်ရင်တောင်၁၀မိနစ်လောက်ကြာတာ အဝတ်ပါလဲရမှာဆိုတော့ ရှန်းရှန်းပြေးမှပဲရတော့မယ် မဟုတ်ရင်အပြစ်ပေးခံရမှာလေ ဟူးတကယ်မလွယ်ပါလားနော်......။

ရှန်းရှန်း အမောတကောနဲ့စံအိမ်ရှေ့ကိုအမြန်ပြန်ပြေးလာခဲ့လိုက်တယ် ဒါပေမယ့် သခင်လေးကတော့စိတ်တိုနေပြီလေ........။

"နောက်ကြတယ် နင့်ကို၁၀မိနစ်ပဲပေးတာ၁၅မိနစ်ဖြစ်သွားပြီ မသွားတော့ဘူး"

ဒဿစေလိုရာ(ongoing)Where stories live. Discover now