Part(12) U+Z

1.3K 65 6
                                    


"ဒေါ်ကြီ ရှန်းရှန်းရွာပြန်ဖို့ဆုံးဖြတ်လိုက်ပြီ"

"ဘယ်လို ရွာပြန်ရင်ဘယ်သူရှိလို့လည်းကွယ် ဒီမှာလဲနေတာလည်းအဆင်ပြေရဲ့သားနဲ့"

"ဟင့်အင်း ရှန်းရှန်းမနေချင်တော့ဘူး ဒေါ်ကြီး ရှန်းရှန်းဒီမှာဆက်နေရတာလုံးဝအဆင်မပြေတော့ဘူး "

"ဘယ်လိုတွေကြောင့်များ အဆင်မပြေဘူးလို့ပြောရက်တာလဲ ရှန်းရှန်းရာယ် ဒီမှာအဆင်ပြေနေရဲ့သားနဲ့"

"ဟုတ်ပါတယ်  ဒေါ်ကြီးရာယ် နေရတာအဆင်ပြေပါတယ် ရှန်းရှန်းရဲ့စိတ်ကိုက ဒီမှာနေရတာမပျော်တော့ဘူး"

"ဒေါ်ကြီးကိုရင်ဖွင့်ချင်တာများရှိသေးလား"

ဒေါ်ကြီးက လူအကဲခပ်တာသိပ်ကိုတော်လွန်းတယ် ဟုတ်ပါတယ် ရှန်းရှန်းပြောစရာတွေရှိနေတယ် ရှန်းရှန်းရဲ့ကလေးအဖေအကြောင်းကိုသိပ်ကိုရင်ဖွင့်ချင်မိပါတယ်ဒါပေမယ့် ရှန်းရှန်းမပြောရဲဘူးဖြစ်နေသည်။
တွေဝေနေတဲ့ရှန်းရှန်းမျက်နှာကိုကြည့်လိုက်တာနဲ့အခက်အခဲနဲ့ပြောစရာတွေရှိနေတယ်ဆိုတာကို သိနေသည်။
ရှန်းရှန်းလက်ကိုဆွဲခေါ်ပြီးအိပ်ဆောင်ကိုပြန်လာခဲ့လိုက်တော့သည်။

"ပြော ရှန်းရှန်း ဒေါ်ကြီးကဒီလောက်ထိတောင် မယုံကြည်ရတဲ့လူတစ်ယောက်ဖြစ်နေတာလား"

"မ...မဟုတ်ပါဘူး....အဟင့်အဟင့်"
ရှန်းရှန်း မျက်ရည်များမထိန်းနိုင်အောင်ကျလာပြီးကလေးတစ်ယောက်ပမာ ဒေါ်ကြီးရင်ခွင်ထဲခိုဝင်ပြီးငိုနေလိုက်မိတော့သည်။

"ဒီ....ဒီကလေးရဲ့ အဟင့်.....အ....အဖေက သ...သခင်လေး အဟင့်အဟင့်"

"အင်း....."

မိမိရဲ့စကားသံကြောင့်ရင်ခွင်ထဲက ကလေးပမာငိုနေတဲ့ရှန်းရှန်းကခေါင်းထောင်လာပြီး ကလေးတစ်ယောက်လိုမျက်နှာငယ်လေးနဲ့ကြည့်လာတော့သည်။

"ဒေါ်ကြီး....ဒေါ်ကြီး ရှန်း...ရှန်းရှန်းကိုဘာမှမပြောတော့ဘူးလား အပြစ်မတင်တော့ဘူးလား"

"ဟင့်အင်း ရှန်းရှန်း ဒေါ်ကြီးအပြစ်မတင်ပါဘူး ဒီလိုမျိုးတွေဖြစ်လာခဲ့မယ်ဆိုတာ ကြိုသိနေခဲ့ပေမယ့်လည်းမတားနိုင်တဲ့ဒေါ်ကြီးကိုပဲအပြစ်တင်လိုက်ပါ ရှန်းရှန်းရာယ်"

ဒဿစေလိုရာ(ongoing)Where stories live. Discover now