♧15♧

2.7K 351 40
                                    

~ဒုန်း..ခလွမ်း~

သွားပြန်ပြီ။ ဒီ​နေ့လည်းထုံးစံအတိုင်း​နေ့လည်စာငတ်​တော့မှာပဲ..​ဆော့ဂျင်သက်ပြင်းချလိုက်ပြီးလွတ်ကျသွားသည့်ထမင်းဘူးကို​​ကောက်ရသည်။ အိမ်စီးပွား​ရေးအ​ခြေအ​နေ​ကြောင့်အချိန်ပိုင်းအလုပ်လုပ်လို့ရသမျှ​ငွေ​တွေအကုန်လုံးအ​ကြွေးဆပ်တဲ့ထဲပါပါသွားလို့​ဆော့ဂျင်မှာ​နေ့လည်စာဝယ်စားဖို့​ငွေပို​ငွေလျှံမရှိပါ။ အဲ့ဒါကိုသိရဲ့သားနဲ့လုပ်ရက်ကြ​လေခြင်း..

"​ဆောရီး..မမြင်လိုက်လို့"

​တောင်းပန်တဲ့အသံကလည်းစိတ်မပါ​မှန်းအရမ်းသိသာ​နေသည်။

"မင်းကလည်းအသံမထွက်ဘဲဒီအတိုင်း​ရှောင်သွားလဲရရဲ့သားနဲ့။ ဒီ​​ကောင်ကအကန်းလိုပဲ မင်းကိုသူမမှတ်မိနိုင်ဘူး"

"ဟား...ဟား...ဟား"

​ကျောင်း​ကော်ရစ်တာတစ်​ခုလုံးရယ်သံ​တွေဖြင့်ဖုံးလွှမ်းသွားသည်။ ဘာကိုဒီ​​လောက်ဝိုင်းရယ်​နေကြတာလဲ။ရယ်စရာလည်းမပါဘဲနဲ့။

​နေ့တိုင်းဖြစ်​နေကျကိစ္စမို့လို့​ဆော့ဂျင်လည်းအ​ထွေအထူးပြန်​ပြောမ​နေ​တော့ဘဲထမင်းဘူးထဲမှာကျန်​နေ​သေးတဲ့ထမင်းတစ်ဝက်ကိုပဲစားရလိုရညှားကောက်သိမ်း​နေမိသည်။ စိတ်ထဲက​တော့ခံပြင်းမိ​ပေမယ့်ပါးစပ်က​တော့ထုတ်မ​ပြောမိ။ ထုတ်​ပြောလည်းဘာထူးမှာလဲ..သူ့ဘက်ကရပ်တည်​ပေးမယ့်လူတစ်​ယောက်မှမရှိတာ။ သူကဒီအတိုင်းအပယ်ခံသက်သက်..

~​ဒေါက်~

သူ့​နောက်​စေ့ကိုလာမှန်​တဲ့ cokeဘူးခွံတစ်ခု။ အရှိန်နဲ့လာမှန်တာ​ကြောင့်နာသွား​ပေမယ့်ဘယ်သူ့လက်ချက်လဲဆိုတာသိလို့ပြုတ်ကျသွားတဲ့ဘူးခွံကိုသာ​ကောက်ပြီးအမှိုက်ပုံးထဲ​ကောက်ထည့်​လိုက်သည်။

"ငါကအမှိုက်ပုံး​အောက်​မေ့လို့ပစ်လိုက်တာ။ဘာလဲ..ဒီတခါလည်းကင်​ဆော့ဂျင်ကိုပဲထိသွားပြန်ပြီလား"

"လီချန်းမင်း...မင်းကလည်းဒီ​ကောင့်ကိုအမှိုက်ပုံးနဲ့မှမှားရတယ်လို့...အမှိုက်ပုံးသိက္ခါကျ​အောင်"

"​အေ့​လေ..အမှိုက်ပုံး​လောက်​တောင်အသုံးမဝင်တဲ့ဦး​နှောက်ပျက်​နေတဲ့​ကောင်ကိုများ"

Sincerely, Yours (✔)Where stories live. Discover now