{၄၆}U/Z

67.5K 8.8K 1.4K
                                    

Unicode

(နေမွန်းလွဲချိန်= ညနေ ၃နာရီခွဲ)

မန္တလေးမြို့၏နေမွန်းလွဲချိန်သည် သာမန်ရာသီဥတုမျိုး၌ လင်းထင်းနေတတ်ကာ နေရှိန်ကြောင့် အပူချိန်မြင့်သေးသည်။
ယနေ့မူတော့ မိုးနှောင်းမရောက်သေးသည့် မိုးများက ဘယ်အငြိုးနှင့်များ ရွာသွန်းနေမှန်းမသိပါချေ။
လမ်းမပေါ်သို့ အရှိန်ဖြင့် စီးဆင်းနေသော ရေလုံးသန်သန်များသည် ရေကြီးရေလျှံမှုမဖြစ်နိုင်သေးသော်ငြား ကလေးငယ်လေးများကို မျောစေနိုင်သည်။
လမ်းမတခွင် လူသူလေးပါးကင်းမဲ့နေကာ မိုးကောင်းကင်၏မျက်ရည်စက်များဟာ မင်းမူလျက်ရှိသည်။

ထိုထဲမှ အမျိုးသမီးတစ်ဦးသည် တံတောင်ဆစ်တွင် စျေးခြင်းကို ချိတ်ထားကာ ထီးကိုင်လျက်၊တစ်ဖက်မှလည်း ထဘီကိုပင့်တင်ထားကာ မိုးထဲလေထဲမှအိမ်အရောက်ပြန်လာလေသည်။
အိမ်ထိန်း တဖြစ်လဲ ဒေါ်မြမူက တိတ်ဖို့လမ်းမမြင်သည့်မိုးကို ပွစိပွစိ အပြစ်တင်ရင်း အိမ်ရှေ့သို့ရောက်လာသည်။

မိုးထဲလေထဲမှာမို့ ပတ်ဝန်းကျင်ကမှိန်ပျပျဖြစ်နေကာ အိမ်၏သံတံခါး ရှေ့တွင် ရပ်နေသောလူတစ်ဦးအား မြင်လိုက်လေသည်။
ဒေါ်မြမူထိတ်ခနဲဖြစ်သွားရသည်။ နေ့ခင်းကြောင်တောင်သူခိုးကပ်တာများလား ဟူသောအတွေးဖြင့် ခေါင်းကိုစောင်းငဲ့ကာ ရပ်နေသည့်လူကို မနီးမဝေးမှ အားယူကာကြည့်လိုက်တော့သည်။

မိုးကြီးလေကြီးထဲတွင် ထီးမပါပဲ ရပ်နေသူကို မြင်ပြီးနောက် ပိုလို့တောင် လန့်သွားရသည်။
"သားငယ်လေး..ကလေး! မိုးရွာထဲ ဘာရပ်လုပ်နေတာလဲ?"

ဒေါ်မြမူ၏အသံကြောင့် ထိုလူငယ်လေးသည် သူ့အားလှည့်ကြည့်လာသည်။
အသိစိတ်မကပ်နေသည့် မျက်နှာဟန်ပန်၊ နှုတ်ခမ်းထူထူလေးများဟာ မိုးရေကြောင့် တွန့်ကာပြာနေသည်။မျက်လုံးများက နီရဲနေကာ သူ့အား ဝေဝါးစွာ စိုက်ကြည့်နေသည်။
ဒေါ်မြမူက လူဝင်တံခါးကို တွန်းဖွင့်လိုက်သည်။ တံခါးကသော့မပိတ်ထား။

"တံခါးဖွင့်ထားတာပဲလေ ကလေးရဲ့။ လာလာ အထဲဝင်။ ဟွန်းတီးလိုက်ရင် ကိုမောင်ကြီး လာဖွင့်ပေးလိမ့်မပေါ့။ ဘာလို့မိုးထဲရပ်နေရတာလဲ။ ဖျားကုန်တော့မှာပဲကွယ်။ "

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now