Ep-1

128 9 0
                                    

'Jungwon ,မင်း အခု ရောက်နေတဲ့နေရာက ပြန်လာလိုက် '

Jungwon လည်း အဖေဖြစ်သူရဲ့ ဒေါသ ထွက်နေမှုကို နားလည်လိုက်သဖြင့်

'Arr ဟုတ်ကဲ့'

ချစ်သူနှစ်ဦး Planများချပြီး Sundayမို့ အေးဆေး Dateကြမယ် စဥ်းစားကာမှ
အစီအစဥ်က ဒီလိုပဲ ပျက်ရပြန်သည်

ဒေါသတစ်ကြီးဖြင့် မောင်းလာသည့်ကားကို ဘရိတ် တစ်ချက် အုပ်ကာ
သက်ပြင်းရှည် ချပြီးနောက်

Ringtone*
'ကိုကို ရောက်ပြီ ဟျောင့်'
'ဘာတုန်း ဖေဖေ ခေါ်လို့ ပြန်နေပြီ '
' ဘာ '
(Park Jongseong ရဲ့ စိတ်ဆိုးရင် ဖြစ်နေကြ ရုပ်ကြီးကို မြင်ယောင်သာ ကြည့်ပါတော့ :3)

'မင်း ဘာလို့ပြန်မပြောလဲ 😡'
'ဘာကို ပြန်ပြောရမှာလဲ ငါ့ကို လာအော်နေတာလား ဖေဖေ ခေါ်နေတော့ ပြန်ရမှာပေါ့'
' Yarrr ငါ ဒီလာဖို့ ရေမွှေးဆွတ်လာရတယ်ကွ'
'အဲ့တော့ ဘာလုပ်ရမှာလဲ '
'ပြန်လျော်ပေး '
'ရူးနေလား အာရုံပဲ တော်တော့ ငါ ပြန်ပြီ'
'မင်း ဒီနေ့တော်တော် မိုက်ရိုင်းနေတယ် လူကြီးကို အနီးနားရှိရင် ကိုင်ပေါက်....ဟာ ဟျောင့် '

Yang Jungwon က ဖုန်းချသွားပြီးနောက်
Park Jongseong တစ်ယောက် ဒေါသတကြီး တောက် တစ်ချက် ခတ်လိုက်သေးသည်

***

' သား ပြန်လာပြီလား '
'အင်း '
' Lunch စားပြီးပြီလား '
'ဘယ်လိုလုပ်စားပြီးမှာလဲ မေမေရဲ့'
'သားရယ် အဲ့ကောင်လေး နဲ့ မပတ်သက်ပါနဲ့တော့ ကလပ် တက်တက်နဲ့ မင်း ဒီပုံစံတိုင်းဆို
Canadaကို ပို့မယ် '

မထင်မှတ်ထားသည့်စကား
JWရင်ကို လှုတ်ခတ်သွားသည်
မေမေ က ပြောရင် ပြောတဲ့ အတိုင်း လုပ်တာမို့ လန့်ရသေးသည်

'ကံတရားကြီးရယ် ငါ့ကို အသေသာသတ်လိုက်ပါတော့ '
စိတ်က ရေရွတ်မိနေသည့် စကား
မိဘ ရဲ့ ကြိုးဆွဲရာ က ရသည် နယ်ရုပ်လေး ရယ်မို့ ဘ၀မှာ သူ့ စိတ်ကြိုက် သူ့သဘော ဆိုတာမျိုး မရှိ...

ချစ်သူ Jongseong ဟာ
သူ့ကို အော်ချင်အော်မည်
လက်မောင်းလေးကို ဆွဲစိတ်ချင်ဆွဲစိတ်မည်
ဒေါသထွက်တဲ့အခါ အကန် တွေပြောချင်ပြောမည်
သို့ပေမဲ့ အရာရာဟာ JW သဘော

JW သွားချင်တဲ့နေရာ လိုက်ပို့မည်
သူစားချင်တာ အတူလိုက်စားပေးမည်
သူ Game ဆော့ချင်ရင် အတူဆော့ပေးမည်

အရာရာဟာ Jungwonအလိုကျ

'သား အိပ်လိုက်အုန်းမယ် '
'နေ့လည်စာ စားပြီးမှ အိပ်'
'ခုပဲ အိပ်ချင်တယ် ခု အိပ်မယ် '
'မင်းကို နေ့လည်စာစားပြီးမှ အိပ်လို့ ပြောနေတယ်နော် Yang Jungwon'
'အိပ်ပဲ အိပ်ချင်တာ အဲ့လောက်ထိ မချုပ်ချယ်ပါနဲ့လား ကျွန်တော့် ဘ၀ကို အဲ့လောက် ကအစ လိုက်ပြောနေမှဖြစ်မှာလား
ဒီပုံစံ အတိုင်းဆို ကျွန်တော် Jongseong နောက်လိုက်သွားမှာ '

'ပြန်ပြောလိုက်စမ်း'

အမေဖြစ်သူကို စူးရဲရဲ ကြည့်ရင်း

' Jongseongနောက် လိုက်သွားမယ်လို့'

ဖြန်း....

အမေဖြစ်သူက
ခြေကိုဆောင့်ကာ အပေါ်သို့ ငိုယိုရင်း ပြေးတက်သွားသည့် JW ကို ဒေါသတကြီးကြည့်ရင်း

'မင်း ငါ့ရှေ့ နောက် ဒီစကား လာမပြောနဲ့
အဲ့ကောင်ရဲ့ အဘွားလုပ်လို့ မင်း အဘိုး ဆုံးခဲ့ရတာ မင်းမြဲမြဲ မှတ်ထား '

___

You've reached the end of published parts.

⏰ Last updated: Sep 22, 2021 ⏰

Add this story to your Library to get notified about new parts!

They Can't Stop Us Where stories live. Discover now