Remember me ( Unicode )

1.4K 154 20
                                    

" အချိန်ရရင် ကော်ဖီတစ်ခွက်လောက် သောက်ချင်လား...။ "

အမြဲတမ်းလိုလို စာအုပ်ကြားမှာ တွေ့ရတတ်တဲ့
စာရွက်လေးတစ်စောင်...။ စာကြည့်တိုက်က စာအုပ်ဖြစ်တာမို့လို့ ဒီတိုင်း အချင်းချင်း စနောက်ကျီစယ်ကြတဲ့ သဘောလို့ သူလျစ်လျူရှုထားလိုက်ပေမဲ့ နောက်ပိုင်း သူ့နာမည် စပါလာကတည်းက ထိုစာတိုပိုင်ရှင်ကို သူစိတ်၀င်စားနေမိသည်။

" ဒီနေ့လဲ ကျွန်တော့်ကမ်းလှမ်းချက်ကို ငြင်းမှာလား.. အကိုဟီဆွန်း..။ "

စာကြည့်တိုက်ထဲ နေ့ချင်း တစ်ထိုင်ထဲ စာဖတ်သူတွေကများတော့ ဘယ်သူဘယ်ဝါက ထိုစာအုပ်ကို ငှားသွားလဲ သူမသိပါ။

သူ့အလုပ်က စာကြည့်တိုက်မှူးလက်ထောက်သာသာ ဆိုတော့ သူ့တာ၀န်က ကျောင်းသားတွေ စာဖတ်ပြီး ဒီတိုင်း စာအုပ်ကို စားပွဲပေါ်မှာ တင်ထားခဲ့ရင် လိုက်သိမ်းမယ် ၊ နေရာတကျ အစီစဉ်တကျပြန်ထားမယ်..။ အိမ်ကိုငှားသွားချင်တဲ့သူတွေအတွက် စာရင်းမှတ်ပေးမယ်... တံဆိပ်တုံးထုပေးမယ်... အဲ့လောက်ပဲဆိုတော့ သူလည်လည်၀ယ်၀ယ် သိပ်မသိပါ။

စာအုပ်တွေကို အရမ်းသဘောကျတဲ့သူတစ်ယောက် ဖြစ်လို့သာ စာကြည့်တိုက်မှာ သူအလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်ခြင်း။ သူ့ရွေးချယ်မှုကိုတော့ နောင်တမရပါဘူး။ နေ့တိုင်း စာအုပ်တွေကြားထဲမှာ ပျော်မွေ့နေတာ..။

စာတိုပိုင်ရှင်ကလေးကလဲ နေ့တိုင်း အဲ့တစ်အုပ်ထဲကိုသာ စွဲစွဲမြဲမြဲဖတ်တာလား.. သူမှတ်မှတ်ရရဖြစ်အောင် တစ်အုပ်ထဲကိုပဲ သတ်မှတ်ထားပြီး သူ့ဆီ စာတိုလေးတွေ ရေးနေတာလား...

ဒီကိစ္စကတော့ ဟီဆွန်းအတွက် တကယ်ခေါင်းစားစရာ...။ အဲ့ဒါထက် စာအုပ်ကြားထဲ စာတိုတွေရှိနေတာ ဌာနမှူးသာသိရင် သူမလွယ်..။ သူ့နာမည်ကြီးကလဲ ပါနေသည်လေ။

" ဘာလုပ်နေတာလဲ...။ "

အနောက်နားက ကပ်ပြီး ထွက်လာတဲ့အသံကြောင့် သူစာအုပ်ကို ကမန်းကတန်းကောက်ပိတ်လိုက်သည်။

" ဘာမှ မဟုတ်ပါဘူး...။ "

" ဘာမှမလုပ်ဘူးဆိုရင်လဲ မြန်မြန်သိမ်းဆည်းပြီး ပြန်တော့ မကြာခင် စာကြည့်တိုက်ပိတ်တော့မှာ..။ "

REMEMBER ME✔️Where stories live. Discover now