Hu Li Hua

242 25 0
                                    

ကျွန်တော်ကတော့ Hu Li Hua(မြေခွေးပန်း)လို့ခေါ်ပါတယ်။
ကျွန်တော်က အထက်တန်းတောင်မအောင်သေးတဲ့
အသက်(17)နှစ်အရွယ်ကျောင်းသားလေးပါနော်
ဒီလိုနဲ့တနေ့မှာ လမ်းမပေါ်မှာကျနေတဲ့ ဘောလုံးကိုပြေးပြီး ကောက်(ဟိုးနေပါအုန်း ကျွန်တော်မကောက်ဘူးနော်လျှောက်တွေးမနေကြနဲ့အုန်း၊လာပြီစာလာပြီဆိုပြီး)။

ပြန်ဆက်မယ်ဗျာ လမ်းမပေါ်မှာကျနေတဲ့ဘောလုံးကို ပြေးကောက်တဲ့ ကလေးတစ်ယောက်ရှိတယ်ဗျာ အဲ့ကလေးကိုကားတစ်စီးက တိုက်တော့မလို့ဗျ အက်တာနဲ့ ကျွန်တော်လည်းဝင်ပြီး သူရဲကောင်းလုပ်လိုက်တာ ကလေးကတော့ဘာမှမဖြစ်ပေမယ့် ကျွန်တော်တော့အတိုက်ခံလိုက်ရတယ်ဗျ(ဘာလည်းကျွန်တော်သေပြီလို့တွေးပြန်ပြီလားဗျာ)
မသေဘူးနော်၊ကျွန်တော်မသေသေးဘူး၊ဒီလိုနဲ့ဆေးရုံရောက်သွားတာပေါ့ဗျာ၊အဲ့မှာပေါ့ အဲ့ကျတော့ဆေးရုံမှာဆေးစစ်ရင်း ဘယ်နှခုနှစ်ထဲကရှိနေမှန်းမသိရှိနေတဲ့ ကင်ဆာရောဂါကပေါ်လာပါလေရောဗျာ၊စဉ်းစားကြည့်ဗျာ ကားမတိုက်ခံရတုန်းကအကောင်း၊အခုတိုက်လည်းအခံရရော ကင်ဆာတဲ့ ကားတိုက်လို့မသေးဘဲ ကင်ဆာနဲ့သေခဲ့တာပါ အက်တာပါပဲ။

အခုဆေးရုံပေါ်မှာကျွန်တော်အိပ်ပျော်သွားပြီး၊အခုနိုးလာတော့ ကျွန်တော်မသိတဲ့နေရာကိုရောက်နေခဲ့တာဗျ၊ခင်ဗျားဆိုရင်ကောဘယ်လိုနေမလဲ။

Host -တွေ့ရတာဝမ်းသာပါတယ်။

(Hu Li Hua)

"ဟမ်၊ဘယ်သူလည်း၊နတ်သားလား၊ကျွန်တော့်ကိုလာခေါ်တာလားဗျ"

(Hei Lain Hua)

"အဟမ်း မဟုတ်ပါဘူး Host ကျွန်တော်ပါ ၊အနောက်ကိုလှည့်ကြည့်ပေးပါအုန်းဗျ"

(Hu Li Hua)

ကြည့်ဆိုလည်းကြည့်ရတာပေါ့ဗျာ။
"မင်းကဘာလည်း ကလေးလေးလား၊ဒါမှမဟုတ်ဘာကြီးလည်း အမြှီးတွေနဲ့၊လူလည်းသရဲလား"

(Hei Lain Hua)

"အမြှီးပါတဲ့ သရဲမြင်ဖူးလို့လား Hostက ဟွန့်၊ကျွန်တော့လည်းမပြောပါအုန်း၊Host ကိုယ်ကိုပဲပြန်ကြည့်ပါအုန်း"

(Hu Li Hua)
"မှန်ပဲ ၊ဘယ်ကပေါ်လာတာလည်း ငါကဒီဟင်းလင်းပြင်ထဲမှာ ဘာမှမရှိဘူးထင်နေတာ နင်လုပ်လိုက်တာလား နင်ဖန်တီးလိုက်လား ၊ဒါ..ဒါကငါလား ငါ့မှာအမြှီးတွေနဲ့ နားးး...နားရွက်တွေရော ငါ့ဆံပင်တွေဖြူကုန်ပြီ နင်လုပ်တာမလား၊အစုတ်ပလုတ်ကောင် သရဲကောင်..နင်လုပ်လိုက်တာမလား၊ငါ့ဆံပင်တွေ ဗြဲး....ငါ့ကိုအရင်လိုပြန်လုပ်ပေး ငါ့ဆံပင်တွေ ဗြဲးးး...."

ကျွန်တော်နဲ့ HostများOnde as histórias ganham vida. Descobre agora