Arc(1.3)

48 14 0
                                    

ရိရှင်း

ကားထဲမှာဂျွတ်ထိုးသံကလွဲရင်တိတ်ဆိတ်ငြိမ်သက်နေတော့တယ်၊ထိုလူကြီးကျိူးရန်က သူ့ကိုတစ်ချက်သာကြည့်ပြီးဟိုဘက်လှည့်သွားတော့တယ်၊ဒါကြောင့်သူလည်း ဇာတ်လိုက်ရဲ့ဖိအားပြင်းတဲ့အရှိန်အဝါအောက်မှာ ငြိမ်ငြိမ်လေးထိုင်ရင်းလိုက်လာခဲ့ပေမယ့် တိတ်ဆိတ်လွန်းတာကြောင့် အိပ်ပျော်သွားတော့တယ်။

   သူနိုးလာတဲ့အချိန်မှာတော့ သူရဲ့ခေါင်းကဇာတ်လိုက်လက်မောင်းကိုမှီလို့ သူ့ပါးစပ်ထဲကသရေတေက ဇာတ်လိုက်ရဲ့လက်မောင်းမှာပေရည်နေတော့တယ်၊သူလည်းပြာယာခတ်သွားပြီး.....

"တောင်းပန်ပါဗျ ၊ကျွန်တာ် တစ်ညလုံးပန်းချီဆွဲနေရလို့ပါ၊သတိထားမိပဲဖြစ်သွားမိပါတယ် တောင်းပန်ပါတယ်ဗျ"

  တောင်းပန်စကားပြောရင်း လက်တစ်ဖက်က သူ့အနွေးထည်အပေါ်ဝတ်ကို ချွတ်ပြီးသုတ်ပေးနေတယ်၊မော့တောင်မကြည့်ရဲပေ၊မတော်လို့ဇာတ်လိုက်က သူ့အကျီပေစေတယ် မင်းကညစ်ပတ်တဲ့အကောင်ဆိုပြီး ဇာတ်လမ်းတွဲတေထဲလို ဒါမှမဟုတ် မူရင်းရိရှင်းလို သတ်ခံလိုက်ရရင်တော့မတွေးရဲစရာပဲ စဉ်းစားရင်းကျက်သီးတောင်ထလာပြီ။

(ကျိုးရန်)

"အင်း ရတယ်ဆင်းတော့"

(ရိရှင်း)

  ဆင်းခိုင်းတယ် ဘာလို့ပါလိမ့် ၊စိတ်ဆိုးသွားပြီထင်တယ်၊ဟိန်ရေ ဟိန်လေးရေ မင်းHostကိုကယ်တင်ပါအုန်း။

(ကျိုးရန်)

"မဆင်းဘူးလား ဘာလုပ်နေတာလဲ"
သူ့ရဲ့အကျီကိုကိုင်ထားပြီး ဇွတ်သုတ်နေတဲ့ဒီကောင်လေးကို မေးလိုက်မိတော့တယ်၊တလမ်းလုံးအိပ်ပျော်လာတာမို့ ကိုယ့်ကြောင့်နိုးသွားရင်မကောင်းလို့ ဆေးရုံရှေ့ရောက်တာတောင် ကားကိုပါကင်မှာပဲရပ်ခိုင်းထားခဲ့တာ၊အခုလည်းနိုးလာတာနဲ့ တလစပ်တောင်းပန်တယ်၊ခေါင်းကြီးဇွတ်အောက်ငုံ့နေတဲ့ကောင်လေး ဘယ်လိုကောင်လေးပါလိမ့်။

(ရိရှင်း)

"ဆင်းရမယ် ဟုတ်လား၊ဘယ်ကို..ဘယ်ကိုဆင်းရမှာလည်းဟင်"

  ဝူးးးဟိန်လေး မင်းရဲ့Hostကို သတ်တော့မှာလားမသိဘူး ကယ်ပါအုန်း ငါတာဝန်မထမ်းဆောင်ချင်တော့ဘူး ဒီလူကြီးက ကြောက်စရာကြီးးးးး

You've reached the end of published parts.

⏰ Last updated: Apr 13, 2022 ⏰

Add this story to your Library to get notified about new parts!

ကျွန်တော်နဲ့ HostများWhere stories live. Discover now