ep-27

3K 161 17
                                    

Unicode

နေရောင်ခြည်ဖြဖြလေးဟာ လူကိုနွေးထွေးစေတယ်
ငှက်သံလေးတွေက လူ့စိတ်ကိုကြည်လင်စေတယ်
အေးမြတဲ့လေလေးတွေက လူကိုလန်းဆန်းစေတယ်

လူတစ်ယောက်အတွက်တော့ နေရောင်ကျ‌နေပေမဲ့ မျက်နှာကြီးကမဲမှောင်နေတယ်
သူ့အတွက်တော့ နေရောင်ခြည်လေးတွေက မျက်စိစူးစရာ ငှက်သံတွေက နားဝင်မဆံ့အောင်ဆိုးရွားတယ် အေးမြနေတဲ့လေတွေကြောင့် နှာတောင်‌ချေချင်တယ်

အပြင်ရာသီဥတုသာယာပေမဲ့ အခန်းတစ်ခုကတော့ နေရာကွက်ကြားမိုးထစ်ချုန်းရွာသွန်းနေတယ်
ပြောတော့ ပျော်ပျော်နေမယ်ဆို အတူတူနေမယ်ဆို အနားကတောင်မခွာဘူးဆို ခုဘယ်မှာလဲ နေ့လယ်တောင်ရောက်နေပြီ ငါ့ရင်ထဲပန်းတွေပွင့်နေတာ မဟုတ်ဘူး ဒူးရင်းသီးတွေ အပြွတ်လိုက်သီးနေတာ ဟွန့်

တံခါးဖွငိ့သံကြားတော့ မျက်လုံးလေးတွေအရောင်တောက်လာပြီး ကြည့်လိုက်တော့

"ကျန်းချန်....."

မျက်လုံးရောင်ဝါလေးတွေဟာပြန်မှိန်သွားပြီး နှာတစ်ချက်ရှုံ့လိုက်တယ်

"မသာကောင်....လင်တွေ့တော့...ငါ့ကိုကျေးဇူးကန်းပြီပေါ့"

ရှောင်ကျန့် နှုတ်ခမ်းဆူပြီးတော့

"အဲ့လိုမဟုတ်ပါဘူး....ဟင့်...မင်းသိလား...ဟိုကောင်..ငါ့ကိုထားသွားပြီ...ဟင့်....ငါမရှိတော့ရင်..သူ့ကိုရှာပြီးနာနာရိုက်ပေး"

"အခုသွားရှာပြီးရိုက်လို့ရတာပဲ.."

"ရပါဘူး...ငါ့နှလုံးကနုနုလေး...သူရိုက်ခံရတာမကြည့်နိုင်ဘူး"

"ချီးပဲ...နှာဗူးထနေသေးတယ်...ဆေးရုံပန်းခြံထဲ...ခနသွားရအောင်...."

ကျန်းချန် ဆေးပိုက်တန်းလန်းနဲ့ရှောင်ကျန့်ကို ဝှီးချဲပေါ်တင်ပြီး ဆေးရုံအပြင်ဘက်ကိုထွက်ခဲ့တယ်

ဆေးရုံပန်းခြံထဲရောက်တော့ နှင်းစီပန်းဖြူလေးတွေ့ပြည့်နေတယ်
ကောင်မလေးတစ်ယောက်‌ ရှောင်ကျန့်ရှေ့ရပ်လိုက်ပြီး လက်ထဲကနှင်းဆီဖြူလေးကို ရှောင်ကျန့်ရှေ့ လက်ကိုဆန့်လိုက်ပြီး ပေးလိုက်တယ်
ပြီးပြောလိုက်သေးတယ်
"ပျော်ရွှင်ပါစေ ကော..."
ရှောင်ကျန့်‌လဲလက်ခံလိုက်ပြီး ရှေ့တစ်လှမ်းနှစ်လှမ်းဘောက်ဘဲလှမ်းရသေးတယ် တစ်ယောင်ထပ်လာပြီး တစ်ပွင့်ပေးသွားပြီး အရှေ့ကကောင်မလေးအတိုင်းပြောသွားတယ် အဲ့လိုနဲ့တစ်ယောက်ပြီး တစ်ယောက် ရှောင်ကျန့်လက်ထဲမှာ နှင်စီပန်းတွေဟာ ပန်းစည်းသဖွယ်ဖြစ်ပေါ်လာတယ်

ကျွန်တော့်ကိုကိုဆရာဝန်လူမိုက်(Complete)Where stories live. Discover now