I Love (2)

933 98 20
                                    

ဒီနေ့ ကျောင်းပိတ်ရက်မလို့ လျှောက်လည်ကြဖို့ချိန်းထားပါတယ်။ Chanyeol အစောကြီးထလို့ ရေမိုးချိုးသန့်စင် တက်ကြွနေတော့တာပေါ့။ အဝတ်အစားလဲပြီး Baekhyunတို့အိမ်ဘက်ဆီ ထွက်ခဲ့လိုက်တယ်။

"ဟင် Chanyeolလေး လာလေ အထဲဝင်''

"အန်တီ.. Baekhyunရော''

"အိပ်တုန်း''

"သား သွားနှိုးလိုက်မယ်နော်''

"မရရင် ရေနဲ့သာပက်နှိုးလိုက် Chanyeol ရေ။ ဒင်းက အိပ်ပုတ်''

Baekhyun က စောင်ပုံထဲမှာ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်မောကျလို့။ အဲကျတော့လည်း Chanyeol မှာ မနှိုးရက်ပြန်ဘူး။ ဘေးမှာ အသာဝင်လှဲပြီး Baekhyun မျက်နှာနဲ့ မျက်နှာချင်းဆိုင်လိုက်တယ်။

ဒီလောက်ချစ်ဖို့ကောင်းတာလေးက သူ့မူပိုင်သည်းတုံးလေးဖြစ်လာခဲ့တာ တစ်ခါတလေ အိပ်မက်များလားလို့တောင်ထင်မိတယ်။ စောင်းအိပ်နေတဲ့ အကောင်ပေါက်လေးက ခေါင်းအုံးနဲ့ဖိမိပြီး ပါးက အသားတစ်တစ်လေးက ရှေ့ကို ဆူထွက်လို့။

"အဟက် ကြောင်ပေါက်မဟုတ်တော့ဘူး ဝက်ပေါက်''

Chanyeol အသည်းယားလာတာနဲ့ လက်ညိုးနဲ့ တောက်လိုက်တယ်။ ပါးမို့မို့ကစ်ကစ်လေးက ဘယ်ညာလွှဲလို့ လှုပ်သွားတယ်တောင်ထင်ရတယ်။
ခပ်ဆတ်ဆတ်လေးတောက်လိုက်တာမလို့ နာသွားပုံရတယ်။ 'အ'ခနဲ အသံနဲ့အတူ မဖွင့်ချင်ဖွင့်ချင် ပွင့်လာတဲ့မျက်လုံးပိစိလေးတွေ။

ဘေးမှာ လှဲအိပ်နေတဲ့ သူ့ကို ရုတ်တရက်မြင်လိုက်တော့ လန့်ပြီးကန်ချမိတော့မလိုဖြစ်သွားတယ်။ Chanyeolက ကြိုတွေးပြီးသား။ တခါထဲ ဆွဲဆတ်ပွေ့ပြီး သူ့ပေါ် ကောက်တင်ပစ်လိုက်တာပဲ။

Baekhyun ကိုယ်လုံးတစ်တစ်လေးက Chanyeol ပေါ်မှာ မှောက်ခုံလေး။

"Chan- Chanyeol''

ရှက်ဝဲဝဲစကားသံက ထစ်အလို့။ ရှင်းသန့်နေတဲ့ မျက်နှာက ချက်ချင်းရဲတက်လာပြီး သူ့ပေါ်က ရုန်းလို့ဆင်းတယ်။

မရပါဘူး အတင်းဖျစ်ညှစ်ဖက်ပစ်လိုက်တာပဲ။ Chanyeol က အစတည်းက လက်ရဲဇက်ရဲသမားလေ။ ဒီလိုချစ်မွှေးလုံးလေးကို မထိမကိုင်ချင်တာကသာ ထူးဆန်းဦးမယ်။

Annoy But I LoveWhere stories live. Discover now