🌿MP-1🌿

3.7K 187 6
                                    

Zawgyi

'အာလူး​ေကြာ်​ ရှိလား'

'​ဟေ့ အားလူး​ကြော်​ ရှိလားလို့​မေး​နေတယ်​​လေ'

'မမြင်​ဘူးလား ကိုယ့်​ဘာသာရှာကြည့်​​လေ'

အိမ်​ကအမက ​နေမ​ကောင်းလို့ အားလူး​ကြော်​စပ်​စပ်​​လေး စားချင်​တယ်​ဆိုလို့ လာဝယ်​​ပေးပါတယ်​ ဘယ်​လို ​ဈေးသည်​နဲ့ လာ​တွေ့​နေတယ်​မသိ စွာစိကိုလန်​​နေ​​ရော

'​ဟေ့ မင်း ကိုယ့်​ customer ကို ဘယ်​လို​ပြောလိုက်​တာလဲ ရှာ​ပေး လာ အခုလာရှာ​ပေး'

'ဟာ ဘယ်​လိုဖြစ်​​နေတာလဲ ဒီမှာ အလုပ်​ရှုပ်​​နေတာ မမြင်​ဘူးလား'

' ဘာကို အလုပ်​ရှုပ်​​နေတာလဲ က​လေး​တွေကို ညစ်​ပီး ကစား​နေတာများ ကြီးကြီးကျယ်​ကျယ်​ အလုပ်​ရှုပ်​သ​လေး ဘာ​လေးနဲ့ လူကဖြင့်​ အသက်​က မိုးထိုး​နေပီ အခုထိ သူငယ်​နာက မစင်​​သေးဘူး'

'ခင်​များ...ကျွန်​​တော့်​ဘာသာ ဘာဖြစ်​ဖြစ်​​ပေါ့ ခင်​ဗျား အပူပါလား ဝယ်​စရာရှိတာဝယ်​ပီး ပြန်​​တော့'

'ဘာ...​ဟုတ်ပီ ​မင်းကို မင့်​အ​မေနဲ့ကို တိုင်​အုံးမယ်​ ...အန်​တီ့သားက ​ဈေးမ​ရောင်းပဲ က​လေး​တွေနဲ့ ကစား​နေပါတယ်​လို့ ​နောက်​ပီး ​ဈေးဝယ်​လာတဲ့သူကို​အော်​လွှတ်​ပါတယ်​လို့
ဟင်း...ဟင်း'

'ဟာ ခင်​များ​နော်​ ကျွန်​​တော်​ ခင်​များကို ဘယ်​အချိန်​တုံးက ​အော်​လို့လဲ အင့်​ ​နောက်​ပီး ​ဈေးလည်း အင့်​ ​ကောင်း​ကောင်း​ရောင်း​ပေး​နေတာကို ဟင့်​ ရွှတ်​'

ဒီက​လေးသူ့ အ​မေနဲ့ ​ခြောက်​မှပဲ ငြိမ်​သွား​တော့တယ်​ သူ့အမေကိုတကယ်​​ကြောက်​တာပဲ.
အခုလည်းရုပ်​က ငိုမဲ့မဲ့ဖြစ်​​နေပီ.တကယ်​ပါ အသက်​ကဖြင့်​ ကြီး​နေပီ အခုထိ က​လေးစိတ်​မကုန်​​သေးဘူး...မဖြစ်​မဖြစ်​ ကိုယ်​က ငို​အောင်​ပဲ စတတ်​တာ ပြန်​​တော့ မ​ချော့တတ်​ဘူးရယ်

'​ဟေ့...​ဟေ့ ငို​တော့ မငို လိုက်​နဲ့​နော်​ ကိုယ်​ကစတာ မတိုင်​ဘူး ဟုတ်​ပီလား'

My potato (ကိုယ့်​ရဲ့အာလူး​လေး)[Z+U](completed )Where stories live. Discover now