🌿MP-8🌿

1K 100 4
                                    

Zawgyi

'သားရီးတို့ ငါတို့အဖွဲ့​တော့ လူတစ်​​ယောက်​ ​လျော့​တော့မယ်​ထင်​တယ်​'

'ဘာလို့တုန်းဟ'

'ငါတို့အဖွဲ့​ထဲက ဘယ်​​သူလဲမသိပါဘူး..ဒီနေ့ သူ့ပါရမီဖြည့်​ဖက်​​လေးနဲ့ နှစ်​​ယောက်​တည်း ​တောလည်​သွားတယ်​ဆိုပဲ'

'ဟာ...​ဟေ့​ကောင်​​တွေ မင်းတို့ ငါလာမှ ဘာ​ပေါက်​ကရ​တွေ ​လျှောက်​​ပြော​နေတာတုန်း'

'​ပေါက်​ကရမဟုတ်​ပါဘူး အမှန်​​အကန်​တွေ..
မင်းဒီ​နေ့ ​ဟိုက​လေးနဲ့ ​တောလည်​ သွားတယ်​တဲ့ ​ဒေါ်​လေးက​ပြောတာ'

'အဲ့ဒါ သူ​နေမ​ကောင်းတုန်း​က လိုက်​ပို့မယ်​​ပြောထားလို့ပါကွာ'

'ဒါများ ငါတို့နဲ့မှ သွားလည်းရပါတယ်​ကွ' '​အေး​လေ'

'လူအများကြီးနဲ့ဆို​တော့ ​သူကြောက်​​နေမှာဆိုးလို့ပါဟ'

'​ကြောက်​ရ​အောင်​ သူက..က​လေး​လေး မလို့လား'

'သူက က​လေးမဟုတ်​​ပေမဲ့ မင်းတို့က လူကြမ်းကြီး​တွေ​လေ'

'မင်း..'

'မဟုတ်​လို့လား မင်းတို့ရုပ်​​တွေမြင်​ပီး ငါ့က​လေး လန့်​သွားရင်​ ဘယ်​လိုလုပ်​မလဲ'

'​​အောင်​မ​လေး အခုမှ ငါ့က​လေး ငါ့က​လေး နဲ့  ​တော်​​တော်​ဖြစ်​​နေ ငါတို့​မေးတုန်းက​တော့ မဟုတ်​ဘူး​လေး ဘာ​လေးနဲ့ '

'ဖြစ်​​တော့ ဘာဖြစ်​လဲ မင်းတို့​တောင်​ ငါလိုရှိ့လို့လား '

'​အေး​ပေါ့ကွာ မိုး​ကောင်းတုန်း​တော့ ရွာထားအုံး​ပေါ့...
ငါတို့အလှည့်​ကျမှ မုန်​တိုင်းပါတိုက်​ပစ်​မယ်​'

'ကြိုက်​မဲ့သူ​ရှိ​အောင်​ပဲ အရင်​လုပ်​ပါအုံး '

'​စောင့်​ကြည့်​နေလိုက်​ မင်း​ရှေ့ကို တစ်​ဖက်​ တစ်​​ယောက်​တွဲလာပြမယ်​'

'ဘာလဲ မင်းက မစွံတဲ့အပြင်​ ဒုက္ခိတ ပါဖြစ်​သွားအုံးမယ်​​ပေါ့ ဟား..ဟား.'

'​အေးပါ ရယ်​ထားကြပါ ​နောက်​မှ အကိုကြီး​ရေ နည်းလမ်း​လေး ​ပေးပါအုံးခင်မျာ ​ဆိုလို့က​တော့ ကန်​လွှတ်​လိုက်​မယ်​ '

My potato (ကိုယ့်​ရဲ့အာလူး​လေး)[Z+U](completed )Where stories live. Discover now