{၄၈}U/Z

68.4K 8.6K 1.1K
                                    

Unicode

ကိန္နရီရုပ်ရှင် ထုတ်လုပ်ရေး ပရိုဂျူဆာ ဦးရန်နိုင်ဦး ထိန်းသိမ်းစစ်ဆေးခံနေရသည် ဟူသောသတင်းဟာ ဟိုးလေးတကျော်ဖြစ်သွားရသည်။ ယခင်ကတည်းက ကျော်ကြားသည့် ရုပ်ရှင်မင်းသားတစ်လက်မို့ လူတိုင်း၏ပါးစပ်ဖျားတွင် တသသဖြစ်ကုန်ကြသည်။
ထိုသတင်းကြောင့် နီးစပ်ရာမဂ္ဂဒီပါအား ကျောင်းမှလူများက စပ်စုချင်ကြသော်လည်း မဂ္ဂဒီပါသည် ဆေးခွင့်ဖြင့် ကျောင်းသို့ပေါ်မလာချေ။

မဂ္ဂဒီပါနှင့်အနီးဆုံးဖြစ်သော ခွန်စဝ်လွန်းနောင်အား မေးချင်ကြသော်လည်း ပုံမှန်နေ့များထက် မသာမယာဖြစ်နေသော အခြေအနေများကြောင့်မည်သူမှစကား မစရဲကြချေ။

ကျောင်းဖွင့်ရက်များသည် သာမန်နေ့များကဲ့သို့တဖြည်းဖြည်းကုန်ဆုံးသွားသည်။ လစ်ဟာမှုများရှိနေသော်လည်း ကာယကံရှင်များမှလွဲ၍ကျန်လူများက မေ့မေ့ပျောက်ပျောက် ဖြစ်ကုန်ကြသည်။

°°°°°°

စာမေးပွဲဖြေရန် နှစ်ပတ်အလို...
တနင်္ဂနွေနေ့ပိတ်ရက်တွင် စစ်ကိုင်းဆောင်သို့ အမျိုးသားဧည့်သည်တစ်ဦးရောက်လာသည်။ ထိုအမျိုးသားသည် ပိတ်ရက်များတွင် လာတတ်ကြောင်း တချို့ပင်သိနေလေပြီ။

ဥဿဦး အဆောင်ထဲသို့ စကားများများဆိုစရာမလိုပါဘဲ ဝင်ထွက်သွားလာခွင့်ရနေသည်မို့ ယခုလည်း ခပ်သွက်သွက်ပင်ဝင်လာသည်။
စောနရီ၏အခန်းရှေ့အရောက်...အပေါက်ဝမှာတင် မျက်နှာချင်းဆိုင်ကာ ရယ်မောလျက်စကားပြောနေကြသူနှစ်ဦးကိုတွေ့တော့ သူ့စိတ်ထဲတွင် ခပ်ချဉ်ချဉ်လေးတော့ ဖြစ်သွားရသည်။

ရှေ့ပိတ်ရက်များ၌ အစောထံ လာလည်သော်ငြား နွေဦးမောင်က ခရီးထွက်နေသည်မို့ အစောနှင့်နှစ်ယောက်သား ပိုကာ ရင်းနှီးလာခဲ့သည်။
အိမ်က ကြီးတော်ကလည်း စောနရီလေးအတွက် ဟု ဆိုကာ မုန့်များလာလာပို့ခိုင်းတတ်သည်။ ထို့ကြောင့်လည်း နှစ်ဦးသား ဆက်ဆံရေးက လွန်စွာပြေပြစ်လာသည့်အပြင် ထုံပေပေ စောနရီ၏အပြုအမူများကို ဥဿဦးအနေဖြင့်လည်း သဘောကျလာရသည်။
သို့သော်လည်း စောနရီအပေါ်တပ်ထားသည့်ခေါင်းစဉ်အား သနားမိခြင်းဆိုသည့်ခေါင်းစဉ်တစ်ခုသာရှိသေးသည်ဟု တထစ်ချ မှတ်ယူထားမိတုန်းပင်။

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now