🌸U1🌸

1.5K 26 11
                                    


တောင်သာမြို့ရဲ့ နွေလယ်ခေါင်ကအင်မတန်ပူပြင်းတောက်လောင်လျှက်ရှိသည်။ထိုသို့ ပူပြင်းတောက်လောင်နေသည့် ပေတရာလမ်းမထက်မှာ မိုးပြာရောင် ဦးထုပ်လေးကို ခပ်ငိုက်ငိုက်စောင်း၍ ခေါင်းလေးငုံ့ကာ ခြေလှမ်းတွေအား ခပ်သွက်သွက်လှမ်းနေပါသည့်ကောင်လေး။

"မောင်မောင်"

ခေါ်သံကြောင့်သူလှည့်ကြည့်လိုက်တော့ ဖေဖေ့ညီမ အငယ်ဆုံး၊ "ငယ်ငယ်"ဖြစ်နေသည်။သူ...ပါးချိုင့်လေး ပေါ်အောင် ပြုံးပျော်သွားရင်း နှုတ်ကလည်းမဝံ့မရဲပင် "ငယ်ငယ်" ဟုတိုးတိုးလေးခေါ်မိသည်။

"သားဖေက သားကိုမတွေ့တာကြာလို့တဲ့
ဥပုဒ်နေ့ကြ ကြီးကြီးအိမ်ကိုလာခဲ့လိုက်လေ သားဖေလာလိမ့်မယ်"

"ဟုတ်...သားသွားလိုက်မယ်"

"အွင်း..."ဆိုကာ လှည့်ထွက်သွားသော ငယ်ငယ်။
နေကအင်မတန်ပူလွန်းလှသည်မို့ ငယ်ငယ့် မျက်နှာနုနုလေးမှာ ရဲနေပြီး နားထင်စပ်မှာ ချွေးစလေးတွေ သီနေသည်။ဒါကြောင့်
သူဆောင်းထားမိသော ဦးခေါင်းထက်က ဦးထုပ်လေးကို ငယ်ငယ့်အားပေးလိုက်ချင်မိသည်။သို့သော်......လက်ထဲတွင်သာ ကိုင်ထားပြီး သူနှုတ်မဟဖြစ်။ဒါကို ငယ်ငယ်က လှည့်ထွက်သွားရာမှ ပြန်လှည့်လာပြီး

"ဘာလဲ ငယ်ငယ့်ကို ပေးမလို့လား "

"ဟုတ်.."ဆိုကာ သူမဝံ့မရဲ လှမ်းပေးတော့

"ကျေးဇူး" ဆိုကာ သူ့လက်ထဲမှဦးထုပ်လေးကို ယူဆောင်းပြီး သူ့ခေါင်းကို ပုတ်ကာ ပါးချိုင့်ရေးရေးလေးပေါ်သည်အထိပြုံးပြခဲ့ပါသော ငယ်ငယ်။နောက် အနီးနားရှိ မုန့်ဆိုင်မှာ ရပ်ထားသော ကလစ်ဘီးအနီလေးပေါ် တက်၍ မောင်းထွက်သွားသည်။

မောင်မောင် သူ့အဒေါ် လှလှလေးကို ငေးကြည့်ရင်း အိမ်အပြန်ခြေလှမ်းတို့က ခုနကနဲ့တခြားစီတက်ကြွ ရွှင်လန်းနေခဲ့သည်။

တကယ်တော့ သူဆိုသည်က Broken-Familyမှာ မွေးဖွားလာသော သူတစ်ဦး။သူငယ်စဉ်ကဆို အဖေမည်သူရယ်မသိခဲ့ရ။ဘာကြောင့်လဲဆို သူဆိုသည်က ဖေဖေနဲ့မေမေ ကွာရှင်းပြီး ၁လလောက်အကြာမှ ဖြစ်တည်လာခဲ့သောသန္ဓေသား။နောက် မေမေက ဖေဖေ့ဘက်မှ ကွာရှင်းရန်ရရှိသော ငွေများဖြင့် ကွာရှင်းပြီး တစ်ပါတ်မှာပင် အခြားယောကျာ်း တစ်ယောက်ကို တင်တောင်းလက်ထပ်ယူခဲ့သည်။အဲဒီအချိန်တုန်းက မမက ၆နှစ်အရွယ်။

🌸"မောင့်ရဲ့မြတ်သော......မောင့်မြတ်သော"🌸 "မောင့်ရဲ့မြတ်သော......မောင့်မြတ်သော"🌸Where stories live. Discover now