🌸U2🌸

246 19 5
                                    

မောင်မောင်
အိမ်ပြန်ရောက်တော့ သူ့ရဲ့ အမေတူအဖေကွဲ ညီ ပြည့်ဖြိုးကိုကိုက သူ့အားဖေဖေဝယ်ပေးထားပါသည့် ဒစ်ဂျစ်တယ်ကင်မရာလေးနဲ့ ရပ်ကွက်ထဲက ကလေးတွေကို ဓါတ်ပုံအလကားရိုက်ပေးနေသည်ကိုတွေ့လိုက်ရသည်။ နေပူပူအောက်မှာ စျေးကနေအိမ်အထိ ခြေလျှင် လျှောက်ခဲ့ရသောသူ့အား ထိုမြင်ကွင်းက ရင်ဝတည့်တည့် ဆောင့်ကန်လိုက်သလိုပါပင်။သူ  မည်သို့မည်ပုံ ကိုကို့အနား ရောက်သွားခဲ့သည်ပင်မသိ ကိုကို့လက်ထဲမှ ကင်မရာလေးကိုသာ အရပြန်လုယူလိုက်မိသည်။နောက်......

"ကိုကို.....မင်းငါ့ပစ္စည်းတွေ ကြိုက်တာယူ ကြိုက်တာလုပ်လို့ ရတယ် ဒါလေးကိုတော့ ချမ်းသာပေးပါကွာ ငါတောင်းပန်ပါတယ်"သူ့အသံတွေ တုန်ရီနေခဲ့သည်မှာ ဒေါသကြောင့်လား ၊ဝမ်းနည်းစိတ်၊ခံပြင်းစိတ်ကြောင့်လား သူမသိ။

"ဘာဖြစ်လဲ....မင်းဟာ ခနလေးပဲယူကိုင်တာ အဲလောက်ဖြစ်ပျက်ပြမနေနဲ့   မေမေက ဘာမဆို နှစ်ယောက်အတူမျှသုံး၊မျှကိုင်ဖို့ ပြောထားပြီးသား ဒါကို ငါလည်းပိုင်တယ် ငါလည်းဆိုင်တယ် "

"ငါ...မင်းပစ္စည်းတွေ ဘယ်နှစ်ခါ ယူကိုင်ခဲ့ဖူးလဲ
ဘယ်နှစ်ခါယူသုံးခဲ့ဖူးလည်း "

"ငါကရော အခုမင်းလို ငါ့ပစ္စည်းတွေယူမကိုင်နဲ့လို့
ဘယ်နှစ်ခါပြောဖူးလဲ "

"အေး....လူဆိုတာ ပြောမှသိရတာမဟုတ်ဘူးကွ
သူ့စည်းသူ့ကမ်းဆိုတာရှိရတယ် ညီအကိုချင်းပဲဖြစ်ပါစေအုန်း စောင့်သင့်တဲ့စည်းတွေရှိတယ် ကိုကို "

"ဘာလဲ အဲဒါက မင်းအဖေပေးတာမို့ မင်းကတွန့်တိုတာလား "

"အေး ဟုတ်တယ် ငါ့အဖေပေးတာမို့ ငါတွန့်တိုတာ
ငါ့အဖေပေးသမျှ ငါ့ပစ္စည်းမှန်သမျှ က ငါနဲ့ပဲဆိုင်တာ
ကိုကို မင်းက မင်းနဲ့မဆိုင်တာတွေကို မင်းယူသုံးနေတာ ဒါကလည်း တော်တန်ရုံပဲ ကောင်းတယ် ကိုကို ဒီ့ထက်တော့ တရားလွန်မလာနဲ့ "

"ဟေ့ကောင်တွေ ဘာတွေပူညံပူညံလုပ်နေကြတာလဲ
နှစ်ကောင်လုံး ငါထတီးလိုက်ရ" အိမ်ထဲက အမူးသမား ဦးလတ်၏ အော်သံကြောင့် မောင်မောင် ထိုနေရာမှ လှည့်ထွက်လာခဲ့သည်။ကိုကိုကတော့ သူ့အား မျက်ထောင့်နီကြီးနဲ့
လက်သီးကျစ်ကျစ်ဆုပ်ကာ ကြည့်ရင်းကျန်ခဲ့သည်။

🌸"မောင့်ရဲ့မြတ်သော......မောင့်မြတ်သော"🌸 "မောင့်ရဲ့မြတ်သော......မောင့်မြတ်သော"🌸Where stories live. Discover now