Ch9.

6K 891 26
                                    

(လိမ္မာတဲ့ကောင်လေးဖြစ်ပါစေ။ အခန်းကအသံမလုံဘူးနော်)




သူတို့နှစ်ဦးဟာ မှောင်မည်းနေတဲ့စင်္ကြံ၌ တစ်ယောက်မျက်နှာတစ်ယောက် တိတ်ဆိတ်စွာကြည့်ရင်း ရင်ဆိုင်လိုက်ကြသည်။

ယန်ချုံးက သူထွက်ပြေးဖို့ကြိုးစားနေတာကို ကျိရှင်းလန် ဘယ်လိုသိသွားလဲဆိုတာကို  သေချာမသိခဲ့ပေ။အဲ့တာကသူ့ရဲ့ pheromones ကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ်၊ဒါမှမဟုတ်ရင် သူ့ရဲ့အာရုံငါးပါးက ကောင်းနေလို့လဲဖြစ်နိုင်တယ် ၊ ဒါမှမဟုတ် သူရေသောက်ဖို့ ထွက်လာလာတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။

မည်သို့ပင်ဆိုစေ အခုအဲဒါကိုစဉ်းစားရာမှာ အသုံးမ၀င်တော့ဘူး။ ကျိရှင်းလန်က ဒီအနည်းငယ်ကြမ်းတမ်းတဲ့ ငယ်ငယ်ရွယ်ရွယ်ကောင်လေးကိုခေါ်ယူဖို့ စီစဥ်နေပြီဖြစ်သည်။

ခိုးယူထားသောပစ္စည်းများကို လက်ပူးလက်ကြပ်ဖမ်းမိသကဲ့သို့ ယန်ချုံးက ကျိရှင်းလန်တွင် မကောင်းသောမျက်နှာရှိနေပြီဟု အလိုလိုခံစားမိလာသည်။သူ့မသိစိတ်ကနေ ခြေလှမ်းနှစ်လှမ်းဆုတ်လိုက်ပြီး နံရံပေါ်ရှိအေးစက်နေတဲ့  ဓာတ်ပုံဘောင်တစ်ခုနှင့် တိုက်မိကာ သူ့ကို နာကျင်စေခဲ့သည်။

 နံရံတစ်ဖက်တစ်ချက်ကို ထိလိုက်ရင်း သူကနောက်တစ်လှမ်းဆုတ်လိုက်သည်။  ရှက်ရွံ့စွာဖြင့် သူက ကျိရှင်းလန်ကိုကြည့်လိုက်ပြီး ခေါင်းကိုငုံ့ကာ လွတ်မြောက်နိုင်မယ့် ဖြစ်နိုင်ခြေကိုစဉ်းစားနေသည်။ သူ့ရှေ့က ကျိရှင်းလန်နဲ့ ချောမွေ့စွာထွက်ရန် သူ့ရဲ့အခွင့်အလမ်းမှာ သုညနီးပါးဖြစ်သည်။

စင်္ကြံက မှေးမှိန်နေပြီး ယန်ချုံးက ကျိရှင်းလန်ရဲ့ မျက်နှာအမူအရာကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ခဲ့ပေ။  တံတွေး မျိုချလိုက်ပြီး သူက "ငါ ၊ငါ ရေချိုးခန်းသုံးမလို့ ထွက်လာခဲ့တာ"လို့ ငြင်းခုံဖို့ကြိုးစားလိုက်တယ်။

ဒါပေမယ့်လည်း ကျိရှင်းလန်က လှည့်စားဖို့ လွယ်ကူတဲ့သူမဟုတ်ဘူး။ ယန်ချုံးရဲ့ အလိမ်အညာများက ကိုးယိုးကားယားနိုင်နေပြီး တစ်ပြိုင်နက်တည်းမရယ်ဘဲ မနေနိုင်ခဲ့ပေ။သူက စကားတစ်လုံးကို မယုံကြည်နိုင်ဘဲ ပြောလိုက်တယ်။  "မင်းအခန်းထဲမှာ အိမ်သာမရှိဘူးလား?"

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now