Bus Stop

153 8 2
                                    

လူတိုင်းအချစ်နဲ့ပတ်သတ်ရင် ရင်ထဲမေ့ဖျောက်လို့မရမဲ့ အရာတစ်ခု တော့ ရှိမယ်လို့ ယုံကြည်မိပါတယ်။ ဥပမာ - ပစ်စည်း (သို့ ) နေရာပေါ့ ။ တစ်ချို့လူတွေကျ ပစ်စည်းလေးတစ်ခုကို မြင်ရင် အဲ့လူကို သတိရနေတာမျိုးပေါ့ တစ်ချို့ကျတော့လည်း အဲ့လူနဲ့ ဖြတ်သန်းခဲ့ရတဲ့နေရာလေးတွေရောက်ရင် မှတ်မိနေတာမျိုးပေါ့ ။ ကျွန်တော်ကတော့ Bus stop ဆိုတဲ့ နေရာလေးတစ်နေရာရောက်ရင် ရင်ထဲက အဲ့လူကို သတိရနေမိတော့တယ်

~~~....~~~....~~~~~~~~~~~.................~~~~~

သာယာလှပတဲ့ မနက်ခင်းတစ်ခုကို အုပ်စိုးပြီး အနိုင်ယူနေတဲ့ အမှောင်ထု နဲ့ အတူ မိုးစက်လေးတွေဟာ တစ်ဖွဲဖွဲ မြေ‌ပြင်ပေါ်သို့ကျရောက်လာခဲ့တယ်

" မိုးကရွာတော့မယ် ထီးမေ့ကျန်ခဲ့ပြန်ပြီ " ဆိုတဲ့ အသံလေးကြားတာကြောင့် အသံလာရာ လမ်းကို ကြည့်မိလိုက်တော့တယ်

အင်ကျီအဖြူလေးနဲ့ ပုဆိုးလေး‌ဝတ်ထားပြီး သပ်ရပ်သန့်ရှင်းနေတဲ့ကောင်လေး ကျွန်တော်ကြည့်မိတာကို ရိပ်မိဟန်နဲ့ ကျွန်တော့်ကို မကြည်ကြည့်လေးပြန်ကြည့်ပြီး တစ်ဖက်ခြမ်းသို့ မျက်နှာလေး လှည့်သွားပြန်တယ်

ကျွန်တော်စောင့်ဆိုင်းနေကျ busကားရောက်ပြီမို့ဘေးနားမှာ ရပ်နေတဲ့ ကောင်လေးအား" ညီ မင်းမိုးစိုမယ်ထင်ရင် အကို့ထီးယူသွား " ဟူ၍ ကျွန်တော်သူ့လက်ထဲ ထီးထည့်ပေးကာ ကားပေါ်သို့လျင်မြန်စွာ တက်လိုက်တော့တယ်

နာမည်တောင်မသိဘယ်သူမှန်းလည်း မသိသောဒီကောင်လေးကိုမသိစိတ်ကချစ်နေမိတာတော့အမှန် သူနဲ့ တွေ့ခဲ့တဲ့ Bus stop မှာ ကျွန်တော်သူလာမဲ့ အချိန်ကိုမှန်းပြီးစောင့်နေခဲ့တာ တစ်ပတ်ကျော်ကြာခဲ့ပြီ

ဒီနေ့လည်းပုံမုန်နေ့တွေ့လိုပဲ စောင့်နေခဲ့ပါတယ် အဲ့အချိန်မှာ " အကို " ဆိုတဲ့ အသံလေးတစ်ခွန်းကြောင့် ကျွန်တော် မသိမသာလေးပြုံးမိသွားတော့တယ်အနောက်သို့ တဖြည်းဖြည်းချင်းလှည့်ကြည့်ကာ
" ညီ ပဲ ဘာဖြစ်လို့လဲ " ဟုဆိုကာ ညင်သာစွာ ပြောဆိုလိုက်တော့တယ် " အကို့ထီးလေးပေးတာပါခင်ဗျာ " လို့ပြောပြီး သူကျွန်တော့်ကို ထီးလေး‌ပြန်ပေးပြီး သူစောင့်နေတဲ့ ကားလေးလာလို့ထင်ပါတယ် ကားပေါ်ကို လျင်မြန်စွာတက်သွားပြီး ကားပေါ်ကနေလက်လေးကို လှုပ်ရမ်းကာ နှုတ်ဆက်သွားတော့တယ်

Bus Stop (BL One Shot )Where stories live. Discover now