.2.

581 31 7
                                    


[ Zawgyi ]

" ​ရေခဲမုန့်​စားမလား အားယွမ်​ "

အားရီတို့ မကြာခင်​​ရောက်​လာ​တော့မှာ​ကြောင့်​ အတန်းမတက်​​တော့သည့်​အားယွမ်​က ​လေဆိပ်​ကိုကြို​ရောက်​​နေခဲ့တာ လွန်​ခဲ့တဲ့ ၁နာရီကတည်းက။

လာမကြိုနဲ့ဆိုပြီး အားရီကအတန်​အတန်​မှာထား​သော်​လည်း အလိုလိုက်​ခံထားရသည့်​ အားယွမ်​​လေးကို ရိ​ပေါ်တားလို့မနိုင်​ခဲ့​ပေ။
ဂနာမငြိမ်​ဖြစ်​​နေသည်​မို့ ​ရေခဲမုန့်​ဝယ်​​ကျွေးပြန်​​တော့လည်း အင်​တင်​တင်​လုပ်​​နေသည်​။

" အင်္ကျီ​တွေ​ပေကုန်​သွားမှာ​ပေါ့ ​ကောကလည်း "

" .... "

" အားရီနှင့်​ဝမ်​ပါးပါး​ ​ရှေ့မှာ က​လေး​လေးလို မ​နေချင်​ဘူး "

နို့နံ​တောင်​မစင်​​သေးသည့်​ ​ကောင်​​လေးက သူ့ကိုယ်​သူ လယ်​လိုများ သတ်​မှတ်​ထားလဲမသိ။
တစ်​မနက်​လုံး ထိုင်​​ရွေးလာတဲ့ ဝတ်​စုံကလည်း all blackနဲ့ လူကြီးလူ​ကောင်းဆန်​​အောင်​ မတ်​တပ်​ကြီးရပ်​လို့။

ဒီလိုလုပ်​လည်း ​ဖောင်း​နေဆဲပါးနှစ်​ဖက်​က က​လေးရုပ်​​ပျောက်​မသွား​သေးဘူးဆိုတာ အိမ်​​ရောက်​မှ မှန်​ထဲပြန်​ကြည့်​ခိုင်းရမည်​။
ဂျယ်​သပ်​ထားသည့်​ ဆံပင်​စ​တွေကပုံပျက်​လာ​တော့ သူ့မှာခဏခဏပြန်​​ပြင်​​ပေး​နေရတာ  အ​မော။

ဒါ​တောင်​မှ လူကြီးကလုပ်​ချင်​​နေ​သေးသည်​။

" မင်း မစားရင်​ ​ကောလွှတ်​ပစ်​လိုက်​​တော့မယ်​ "

အမှိုက်​ပုံးထဲ​ရောက်​​တော့မည့်​ ​ရေခဲမုန့်​ ကို အားယွမ်​​လေးက စူးစူးစိုက်​စိုက်​ လိုက်​ကြည့်​သည်​။
စားချင်​​နေ​ပေမယ့်​ စားလည်းမစားရဲတဲ့ပုံ။
ဘယ်​လို​ကောင်​​လေးမှန်းကို မသိ။

" ယူမှာလား မယူဘူးလား "

" .... "

"မယူဘူးဆိုရင်​ ​ကောလွှတ်​ပစ်​"

" နည်းနည်း​လေး...​ကောကိုအားနာလို့နည်းနည်း​လေး​တော့ စားလိုက်​မယ်​ "

You've reached the end of published parts.

⏰ Last updated: Sep 26, 2021 ⏰

Add this story to your Library to get notified about new parts!

Creation With You ( Season 2)Where stories live. Discover now