9

4.7K 174 4
                                    

ရိပေါ်အလုပ်တွေ အကုန်လုံးပြီးသွားတော့နောက်ထပ်ထွက်မလာတဲ့ ရှောင်းကျန့်ကြောင့်အခန်းထဲကို အလောတကြီးဝင်သွားမိသည်။ အိပ်ယာပေါ်မှာ မှောက်ရက်ကလေးTablet တစ်လုံးနဲ့ ဘာတွေ အလုပ်ရှုပ်နေလဲမသိသူဝင်လာတာကိုပင် ရှောင်းကျန့်ကသတိမထားမိပါ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ရိပေါ်အလုပ်တွေ အကုန်လုံးပြီးသွားတော့
နောက်ထပ်ထွက်မလာတဲ့ ရှောင်းကျန့်ကြောင့်
အခန်းထဲကို အလောတကြီးဝင်သွားမိသည်။
အိပ်ယာပေါ်မှာ မှောက်ရက်ကလေး
Tablet တစ်လုံးနဲ့ ဘာတွေ အလုပ်ရှုပ်နေလဲမသိ
သူဝင်လာတာကိုပင် ရှောင်းကျန့်က
သတိမထားမိပါ။

အဲ့ဒီလိုပုံ့ပုံ့ကလေး မြင်လိုက်ရတာကို
သူမှာ ပင်ပန်းသမျှ အမောပြေသွားတော့သည်။
ချစ်စရာကောင်းလိုက်တာ

ရှောင်းကျန့်မှာ တကယ်အကြည်
ဓာတ်ကလေးရှိတယ်။
အရင်က သူသတိမထားမိခဲ့တဲ့ အကြည်ဓာတ်
ကလေးပေါ့ မြင်လိုက်တာနဲ့ ကြည့်လိုက်ရတဲ့လူပါ
ပူလောင်မှုတွေ ဟုန်းကနဲ့ ငြိမ်းသက်သွားစေမယ့်
အကြည်ဓာတ်ကလေး အေးချမ်းနေရော။

အနောက်ကနေ တိတ်တိတ်ကလေးသွားပြီး
ကြည့်တော့မှ ရှောင်းကျန့်က ပုံဆွဲနေတာပဲ

" အသက် "

" ဟမ် ရိပေါ် ပြီးပြီလား "

သူ့အသံကို ကြားတော့လည်ပြန်ကာ
ကြည့်လာတဲ့ မျက်လုံကြည်ကြည်လေးတွေက
အသဲယားစရာ မျက်ခွံလေးတွေကို
ဖိကပ်ကာ နမ်းမိတော့သည်။

" အင်း ပြန်ကြမယ်လေ ပျင်းနေပြီလား "

" မပျင်းပါဘူး စောစောက သားဆီက
ဖုန်းလာသေးတယ် သိလား "

" ဟုတ်လား ဘာတဲ့လဲ "

အဲ့ဒါကြောင့် အသံလေးက ရွှင်မြူးနေတာကိုး
ရှောင်းကျန့်မှာ တခါတလေသားနဲ့ပတ်သတ်ပြီး
ကြောက်စိတ်တွေ ဝင်နေတာကို ရိပေါ် ရိပ်မိပါတယ်

သားဆီမှာ ဆွေမျိုးတွေ အသိတွေတိုးလာလို့
သူ ဝမ်းသာပေမယ့်လည်း သားက သူ့အပေါ်
စိမ်းသက်ကာ တစ်ဖက်သားအပေါ်
တွယ်တာ သွားမှာလည်း ကြောက်နေသေးတယ်

No One But You ( Completed ) Where stories live. Discover now