ch 2 🚨🚨

2.3K 69 13
                                        

zawgyi
#စကားရိုင်းရိုင်းတချို့ပါဝင်သွားရင်ကြိုတင်တောင်းပန်ပါတယ်။
ဘလာဘလာ အခန်းတွေ မဖတ်တတ်တဲ့လူဆို ကျော်ဖတ်ပေးကြပါ #

ပြောရင်းဆိုရင်း သူလက်ဖဝါးကသူမပါးပြင်ကိုပွတ်သပ်နေသည်။
သူက မသတ်ခင်ချော့မြူနေတဲ့သားရဲအလားပင်။
သူ့မျက်လုံးတွေက သူမနှုတ်ခမ်းကိုကြည့်နေသည်။တဆတ်ဆတ်တုန်နေတဲ့နှုတ်ခမ်းတွေက ဆွဲဆောင်မှုမပြင်းလှပေမယ့် သူစိတ်ဝင်စားသည်။

သူ့မျက်နှာက မော့တက်လာကာ သူမနှင့်နှုတ်ခမ်းချင်းပေးထိလိုက်သည်။ ဟန်းနွေး လက်တွေက ဘယ်ထားလို့ထားရမှန်းမသိအောင်ဖြစ်နေသည်။ နှုတ်ခမ်းနှစ်ခုကိုသာကပ်ထားသည်။ ဟန်နွေးကတော့မျက်လုံးကိုလုံးဝမှိတ်ထားလိုက်​တော့သည်။
သူကနှုတ်ခမ်းချင်းခွာလိုက်ပေမယ့် နီးကပ်မှုကတော့ အစောကအတိုင်းပင်သူ့ရဲ့လေပူလေအေးတွေကသူမပါးနားကိုထိတွေ့နေသည်။

"ကိုယ်ပြောမယ် အရမ်းကြီးစိတ်ကိုမတင်ထားနဲ့ ကိုယ်အခုဘာမှတောင်မလုပ်ရသေးဘူး"

သူ့စကားကြောင့်ဟန်နွေးမျက်လုံးအနည်းငယ်ပွင့်လာသည်။
ဒါပေမယ့်သူ့ကိုမြင်တာနဲ့ပြန်မှိတ်သွားတော့မျက်ဝန်းတွေကသူမကိုယ်တိုင်တောင်မသိလိုက်ပေ။

"ဟား..."

ရယ်သံတစ်ခုနှင့်အတူစကားသံတွေကိုသူကိုယ်တိုင်ကတိတ်ဆိတ်လိုက်သည်။ နှုတ်ခမ်းကိုထိကပ်ရင်း နှုတ်ခမ်းနှစ်လွှာကိုပိတ်ကာထားတဲ့သူမကြောင့် သူကနမ်းနေရင်းပြုံးမိသည်။ အောက်နှုတ်ခမ်းကိုခပ်ဆတ်ဆတ်လေးကိုက်ပေးတော့

"နာ...နာတယ်.."

စကားမဆုံးသေး အကွက်ချောင်းနေတဲ့သူ့ရဲ့လျှာက သူမခံတွင်းထဲသို့ရောင်နှင့်နေပြီ။ဟန်နွေးရင်ဘတ်ကြီးပေါက်ကွဲထွက်မတတ်ဖြစ်နေသည်။
သူ့လျှာကငြိမ်ငြိမ်မနေ သူမလျှာကိုပါရစ်ပတ်ပြီးဆွဲငင်ယူနေသည်။ ဟန်နွေးလျှာမှာလည်းသူ့လျှာရဲ့အလိုလိုက်အကြိုက်ဆောင်ခြင်းကိုအလူးအလဲခံစားနေရသည်။ အသက်တောင်ပေးမရှူစေပဲ ခပ်မြန်မြန်ဖြစ်လာတဲ့အနမ်းတွေက ကြမ်းတမ်းမှုဆီကိုတော့အနည်းငယ်တိမ်းစောင်းနေပြီ။
အာခံတွင်းထဲ သူ့စိတ်ကြိုက်တိုးဝင်စုပ်ယူပြီးတော့မှ သူ့လျှာကိုသူမခံတွင်းထဲမှထုတ်လိုက်တော့သည်။အနေအထားကလုံးဝမပြောင်းပေ။ သူမခံတွင်းကနေ သူ့နှုတ်ခမ်းဝထိ သွယ်တန်းနေတဲ့ငွေရောင်အတန်းငယ်လေးကအစောကဖြစ်ပျက်မှုတွေကိုသက်သေထူနေသည်။ ဟန်နွေးအရှက်ပိုလာပြီး ဆက်သည်းမခံနိုင်တော့ပဲသူမနှုတ်ခမ်းကိုလက်ခုံနှင့် ပွတ်ကာ ကုတင်ပေါ်မှပြေးဆင်းတော့သည်။ နောင်ဖြစ်မှနောင်ရှင်းပဲ လောလောဆယ်တော့ဆက်မသွားနိုင်ဘူးလို့စိတ်ထဲတွေးပြီး ကုတင်ပေါ်ကပြေးထတော့သည်။

သူစိမ်းတစ်​ယောက်နှင့် တည်ဆောက်မိသော(သူစိမ်းတစ်ယောက်ဖြင့်တည်ဆောက်မိသော)Où les histoires vivent. Découvrez maintenant