{၅၂}U/Z

70.8K 8.5K 1.1K
                                    

Unicode

Song recommend - အေးအေးငြိမ့်ငြိမ့် တီးလုံးသီးသန့်လေးနဲ့ ဖတ်ရင် ပြေမယ်ထင်ပါတယ်။

"နွေဦးမောင်.. ဟေ့ကောင်...ထစမ်းပါကွာ!"

စာမေးပွဲပြီးသွားတော့ ညပိုင်းတွင်တခြားလူတွေက လူစုပြီး သွားမော့ကြပေမဲ့ သူကတော့ တစ်ညနေလုံး အဆောင်ခန်းထဲမှာရှိနေခဲ့သည်။ မိုးလင်းပေါက်ထိငုတ်တုတ်ထိုင်နေမိပြီးမှ မှေးခနဲအိပ်ပျော်သွားခဲ့ခြင်းပင်။
ဇေရဲလည်းမနေ့ညက ဘယ်သူ့အခန်းမှာတိုးအိပ်နေသလဲသူမသိပါ။မူးနေကြတဲ့လူတွေမို့ ကြုံရာအခန်းဝင်အိပ်တတ်ကြတာအဆန်းမဟုတ်။

ဇေရဲက မျက်နှာသစ်ပြီးတက်လာပုံပေါ်သည်။ အပေါ်ပိုင်းဗလာနှင့် တဘက်ကို ပုခုံးပေါ်တင်ထား၏။
နွေဦးမောင်သည် နိုးလာပေမဲ့ ခေါင်းမကြည်တာကြောင့် ခုတင်မှာထိုင်နေဆဲပင်။လွန်းနောင်ကလည်း ဘယ်သူ့ကိုမှ နှုတ်ဆက်သွားခြင်းမရှိဘဲ ပြန်သွားလေပြီ။

"မနေ့ညက မဂ္ဂလာသွားသေးတာလား"
ဇေရဲကအခန်းအား ပတ်လည်ကြည့်ရင်းမေးတော့သည်။

"မင်းဘယ်လိုသိလဲ?"

"သူ့ရေမွှေးနံ့ရနေသလိုပဲ..."

နွေဦးမောင်သည် ချက်ချင်းပြန်မဖြေဘဲ စားပွဲခုံပေါ်ရှိဆေးလိပ်ကိုယူကာ မီးညှိလိုက်သည်။
"အေး လာသွားတယ်။ ငါနဲ့ကိစ္စရှိလို့။ ဒါပေမဲ့ ဒီမနက်ပဲ လေယာဉ်နဲ့ သွားပြီထင်တယ်။"

ဇေရဲက ဆတ်ခနဲပင်နွေဦးမောင် နှုတ်ဖျားက ဆေးလိပ်ကို ဆွဲယူလိုက်သည်။ပြီးနောက် အားဖြည့်အချိုရည်ဘူး တစ်ဘူးကိုခုတင်ပေါ်ပစ်တင်ပေးလိုက်ရင်း
"တစ်နေ့ကို ဆေးလိပ်တစ်ဘူးကုန်အောင်သောက်နေရအောင် မင်းကိုယ်မင်း စွမ်းအားရှင်ထင်နေလား။ မျက်ခွက်ကိုလည်း မှန်ထဲသွားကြည့်လိုက်ဦး။"

အခုတလော အပြစ်တင်သံတွေချည်းကြားနေရ၍ သူသိပ်လည်းဖြုံမနေတော့ချေ။မနေ့ကလာသွားသည့်မဂ္ဂတောင် သူ့ကို ဒေါနဲ့မာန်နဲ့ဆဲဆိုသွားသည်မလား။သူဘာမှတုံ့မပြန်မိပါချေ။

ထိုစဉ်မှာပဲ အခန်းပေါက်ဝသို့ မြင့်စိုးကရောက်လာသည်။ လက်ထဲမှာလည်း ရှပ်အဖြူတစ်ထည်ကိုကိုင်ထားလျက်။

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now