{၅၃}U/Z

75.8K 9.2K 2.3K
                                    

Unicode

Song recommended- အချစ်ကအမှား(ဆောင်းဦးလှိုင်)

ရက်အလီလီထပ်ပြီးကုန်ဆုံးသွားပြန်သည်။
နွေဦးမောင်သည် ဥဿဦးနှင့်သွားတွေ့ခဲ့သည်။ သို့သော် သူသွားတွေ့ချိန်တိုင်းဥဿက မရှိ။
နရီအခု ဘယ်လိုနေသလဲ သိရဖို့ကို သူ့မှာ ဥဿကို အရင်ရှာနေရသည်။
မြေကွက်ပိုင်ဆိုင်မှုတချို့ကို နရီ့အမေနာမည်နှင့်အတုလုပ်ပြီး ဥဿကို တိတ်တဆိတ်စီစဉ်ခိုင်းထားရသည်။
အခုတော့ ဥဿကပါ ဖမ်းလို့မမိတဲ့ သစ်ရွက်လို ဘယ်ပျောက်နေမှန်းမသိ။
ကြီးတော်ပြောသည်တော့ အလုပ်နှင့်ခရီးထွက်နေတာတဲ့။
နရီကော အဆင်ပြေရဲ့လားဟုသူမေးချင်သည်။
လှိုင်းဘွဲ့မှာများ သွားရှာသင့်သလားဟုတွေးမိလိုက်သည်။ နရီသွားမည့်နေရာက လှိုင်းဘွဲ့ကလွဲလျှင်ဘယ်နေရာရှိမှာလဲ။
အဆင်ပြေပြေရှိနေပုံလေးကို တစ်ခါလောက်တော့ ခပ်ဝေးဝေးကနေသွားကြည့်ချင်သည်။
သို့သော်လည်းသူ့မှာ အချိန်မအားလပ်ရ။
ပဲခူးကိုပင် စာမေးပွဲပြီးကတည်းက တစ်ခါမှမပြန်ရသေးချေ။ စောဦးယံလေးတော့ သူ့ကို မေ့သွားပြီလားမသိချေ။ ကလေးငယ်တွေရဲ့မှတ်ဉာဏ်က အနေဝေးလျှင် စိမ်းသွားတတ်သည်မလား။

သူ့လုပ်နေသည့်အစီအစဉ်များက ပြီးပြတ်လုနီးပါးတော့ဖြစ်လောက်ပြီထင်သည်။ ရှေ့အပတ်သတင်းစာထဲတွင် အလေးချိန်မြောက်မြားစွာ ပါသော မူးယစ်ဆေးများသယ်လာသည့် ကုန်တင်ကားကို ဖမ်းဆီးရမိခဲ့သည်တဲ့။ သို့သော် ပိုင်ရှင်မဲ့အဖြစ်ခေါင်းစဉ်တပ်ထားသည်။
ရဲတစ်ယောက် လာဘ်စားမှုဖြင့် အဖြုတ်ခံလိုက်ရသည့်သတင်းတွေ...
ထိုရဲသည် ဒုရဲမှူးမြင့်ဇော်...
ကြားထဲတွင် အဖြုတ်ခံလိုက်ရသည့် ရဲတွေကမနည်း။ သိပ်မကြာခင် ခေါင်အထိပါ တက်ဖြုတ်ကြတော့မည်။ နိုင်ငံရေးဟာ အတွင်း၌ ဘယ်သောအခါမှမတည်ငြိမ်။ အကြီးပိုင်းရာထူးထိုင်ခုံများ ခပ်လှုပ်လှုပ်ဖြစ်နေလေပြီ။
နဂိုတည်းက အမြင်စောင်းနေကြသည့် အထက်ပိုင်းကလူကြီးတွေက အကွက်တွေ့သည်နှင့် ချက်ချင်းကို ဖြတ်ရိုက်တော့သည်။
ထိုကဲ့သို့ဖြစ်အောင် နောက်ကွယ်ကကြိုးကိုင်နေသူက လူငယ်လေးတစ်ယောက်ဖြစ်မယ်မှန်း မည်သူမှမခန့်မှန်းမိကြပေ။ သွေးထိုးလှုံ့ဆော်မှုများ၊ မက်လုံးများကို အခါခါ အာပေါက်မတတ်ပြောခဲ့ရသည်။ အရင်းအနှီးလည်းများသည်။ တစ်ချက်မှားလျှင် အကြီးပိုင်းတွေမထိပါဘဲ နွေဦးမောင်ဆိုသည့်သူပါထိုးကျွေးခံရနိုင်သည်။
ရက်ပေါင်းများစွာလည်း စိတ်ဖိစီးရသည်။ မန္တလေးမြို့ရဲ့ ဝန်ကြီးပြောင်းမှဘဲ သူ့အဖေရဲ့ အလုပ်တွေကို ခဲသွားအောင် လုပ်ခွင့်ရမည်။
အသစ်ဖြစ်လာနိုင်မည့်ဝန်ကြီးကိုပါ သူကပ်နေရသည်။
ထိုအသိုင်းအဝိုင်းနှင့် ကင်းအောင်နေခဲ့သမျှ ယခုမူတော့ မျက်နှာလွှဲခဲပစ်လုပ်လို့မရသည့်အခြေအနေ။
နိုင်ငံရေးက သူထင်ထားသည်ထက်ပိုရှုပ်သည်။
စပြီဆိုကတည်းကပြန်လှည့်လို့မရတော့သည့်လမ်း။

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now