Obsession- 02

1.5K 98 9
                                    

အပိုင်း (၂) (Unicode)

Warning: ဤဇာတ်လမ်းသည် အရွယ်ရပြီးသူများသာဖတ်သင့်သော အကြောင်းအရာများ၊ စကားလုံးအသုံးအနှုန်းကြမ်းတမ်းမှုများ၊ လိင်ဆက်ဆံခြင်းနှင့် ပြင်းထန်ကြမ်းတမ်းသော ထိတွေ့မှုများအကြောင်း ပါဝင်ပါသည်။ စိတ်ဝေဒနာနှင့်ဆိုင်သော ဇာတ်လမ်းလည်း ဖြစ်သဖြင့် သင်၏ စိတ်ကျန်းမာရေးအပေါ် အခန့်မသင့်လျှင် ထိခိုက်မှုရှိနိုင်ပါသည်။ အသက်ပြည့်၍ စိတ်အခြေအနေအဆင်ပြေမှ ဖတ်ပါရန်။

READ AT YOUR OWN RISK!

__________ __________ ___________

Obsession- 02

ဒေးဗစ်မိတ်ဆွေ၏ ဖွင့်ပွဲပါတီကျင်းပမည့် ဟိုတယ်အနားသို့ ရောက်လာသည်နှင့် အမျှ ဂျန်နာစိတ်လှုပ်ရှားလာမိသည်။ သူ(မ)က ပုခုံးသိုင်းကြိုးမပါဘဲ ပေါင်သား ဖြူဖြူများကို ဖော်ထားသော အနက်ရောင်ဝတ်စုံကို ၅ လက်မ ကြိုးသိုင်းဒေါက်ဖိနပ်နှင့် တွဲဝတ်ထားသည်။ ရာသီဥတုက အေးစိမ့်နေသောကြောင့် အညိုရောင် ကုတ်အင်္ကျီကိုလည်း သူ(မ)၏ ပုခုံးတွင် တင်ထား၏။ လှိုင်းထနေသော သူ(မ)၏ မဟော်ဂနီရောင်ဆံပင်များက ဗလာကျင်းနေသည့် ပုခုံးသားပေါ် လှပစွာ ဝဲကျနေသည်။ သူ(မ)က သူ(မ)၏ အမျိုးသားဘေးတွင် ထိုင်၍ စိတ်လှုပ်ရှားမှုကို ဖြေဖျောက်ရန် လက်ချောင်းလေးများကို ဆော့ကစားနေ၏။ သူတို့၏ ကားကို ကုမ္ပဏီဒရိုင်ဘာက မောင်းနေပြီး သတင်းထောက်များကြားမှ ကော်ဇောနီအပေါ်ကို ကားမှဆင်းသည်နှင့် တိုက်ရိုက်နင်းလျှောက်နိုင်ရန် အတွက် ဒရိုင်ဘာကပြင်ဆင်နေ၏။

"ချစ်ရယ်.. ဒါက ပထမဆုံးအကြိမ်လိုမျိုး စိတ်လှုပ်ရှားမနေပါနဲ့"

ဒေးဗစ်က တီးတိုးရေရွတ်လိုက်ပြီး ဂျန်နာ၏ ဆံပင်တွေကို နားရွက်ပေါ်သပ်တင် ပေးလိုက်ကာ သူ(မ)၏ လည်ပင်းကို နမ်း၏။ ဂျန်နာက ဒေးဗစ်အနားကို တိုးကပ်ပြီး လှောင်ပြုံးပြုံးလိုက်ကာ ပြော၏။

"ရှင့်ရဲ့ penis ကြီး ထောင်မတ်လာတာကို ကျွန်မ မမြင်အောင် ဖုံးထားနော် ကောင်လေး"

"တကယ်ပါ.. မင်းက အရမ်းလှလွန်းတော့ ကိုယ်ဖြင့် ကားထဲကနေတောင် မထွက်ဘဲ မင်းရဲ့ အလှကိုပဲ တစ်ညလုံး ကောင်းချီးပေးနေချင်လိုက်တော့တယ်"

Obsession (Burmese Translation)Where stories live. Discover now