How dare you -5

1.8K 86 9
                                    

Zawgyi

စာရွက်​စာတမ်း​တွေနဲ့အလုပ်​ရှုပ်​​နေတဲ့ လီရာကိုအိန်​ဂျယ်​​နောက်​က​နေ မျက်​လုံး​ကိုလက်​နဲ့ကာလိုက်​တယ်

"ဘယ်​သူလဲ မှန်းကြည့်​"

လီရာနှုတ်​ခမ်းတို့မှာ ​ကော့ညွှန့်​သွားပြီးသူမ​လေးလက်​ကိုဖယ်​ကာ လက်ဖမိုး​​လေးကိုနမ်းလိုက်​ရင်း သူမ​လေးကိုခါးကကိုင်​ကာသူ့​ပေါ်ဆွဲချလိုက်​တယ်

"​ဟောဒီသင်းပျံ့လှတဲ့နို့ခဲ​လေးက babeကလွဲရင်​ဘယ်​သူဖြစ်​ရမလဲ"

ကောင်​မ​လေးရဲ့တခ်​ခ်​ရယ်​​မောသံ​လေးများနဲ့ အခန်းတွင်းပြည့်​နှက်​သွား​လေသည်​. ထိုစဉ်​ပြတ်​သားတဲ့ဖိနပ်​သံတို့ကြားရပြီး အခန်းထဲကိုဟယ်​ရီ​ရောက်​လာသည်

လီရာမျက်​ခုံးတို့မှာတွန့်​ချိုးသွားပြီး အိန်​ဂျယ်​​လေးမှာလဲသူ့ရဲ့အ​ပေါ်တွင်​လက်​ကိုင်​လျက်​ရှိ​​နေသည်

ဟယ်​ရီက"သခင်​မ​လေး စာသင်​​ရမယ့်​ဆရာ​ရောက်​​နေပါပြီ" ပြုံးကာဆိုလျက်​ ခုံအနီးသို့​ရောက်​လာပြီးလက်​ကမ်း​ပေး​လေသည်

အိန်​ဂျယ်​ ဟယ်​ရီ၏ကမ်း​​ပေးတဲ့လက်​ကိုကိုင်​ကာ လီရာ​ပေါ်မှာဆင်းလိုက်​သည်​။ ထို့​နောက်​အိန်​ဂျယ်​​ကြောင့်​ရှုပ်​ပွသွားတဲ့ စာရွက်​စာတမ်း​တွေကို ​ဟယ်ရီက​သေချာပြန်​စီ​ပေးကာ

"အလိုရှိရင်​​ခေါ်လိုက်​​နော်​" ဟု လီရာအား​ပြောသွားပြီးနောက်​ အိန်​ဂျယ်​​လေးကိုစာကြည့်​ခန်းတံခါးကြီးအားဖွင့်​ကာ​ ရှေ့မှထွက်​​စေလျက်​ ​တံခါးကို​သေချာပြန်​ပိတ်​ကာထွက်​သွား​လေ​တော့သည်

.......

လွန်​ခဲ့တဲ့၁၀နှစ်​ ထိုက​လေးအားမ​မွေးစားခင်​ လီရာ​ပြောခဲ့သည်​ "သူကလီရာ့အတွက်​ ကြိုးဆွဲရုပ်​ဖြစ်​လာမှာဟယ်​ရီ ဟယ်​ရီကသာလီရာ့ရဲ့ အ​ချစ်​ဆုံး"

........

တစ်​​နေ့အိန်​ဂျယ်​​ကျောင်းဆင်းလာ​တော့ ခြံဝန်းထဲ​ကျောခိုင်းထားတဲ့ ဟယ်​ရီ့​နောက်​​ကျောကိုမြင်​လိုက်​ရတယ်
"မြက်​ခင်း​တွေထဲ ငါး​တွေ​တွေ့လို့လားဟယ်​ရီ"

How dare youWhere stories live. Discover now