{၅၅}U/Z-Final

153K 12K 6.2K
                                    

Unicode

{Sound Recommended- Beautiful in White (Shane fila remix ကိုရှာပါ)}

ရန်ကုန်တက္ကသိုလ်သည် စည်ကားလျက်ရှိသည်။
သာမန်နေ့များတွင်လည်း ပုံမှန်စည်ကားပေမဲ့ သည်လို ဘွဲ့နှင်းသဘင်နေ့မျိုးမှာပိုတိုး၍စည်ကားနေသည်။ အဓိပတိလမ်းမ တလျှောက်တွင် တစ်ဖက်တစ်ချက်စီ ရပ်ထားသောကားများက တန်းစီနေသည်။
ကျောင်း၏ရင်သွေးငယ်များကတော့ အရောင်စုံလင်နေတော့သည်။
ဘွဲ့ယူတော့မည့်ကျောင်းသူများသည် လိပ်ပြာကလေးများနှယ်။ ဖြီးလိမ်းပြင်ဆင်ထားသည်များကတော့ သူ့ထက်ငါအပြိုင်ပင်။ ကြိုချုပ်ထားသည် မြန်မာဝမ်းဆက်ကလေးများနှင့် အစောဆုံးထကာ မိတ်ကပ်ဆရာဖြင့် ပြင်ဆင်ထားကြသည်မှာ မှုန်လို့။
တချို့ ငွေကြေးမတတ်နိုင်သူများကတော့ ရိုးရိုးရှင်းရှင်းလေးပြင်လို့လာသည်။
ထိုရိုးရှင်းမှုများသည်ပင် ဆန်းပြားမှုများကြားတွင် ထင်းလို့နေသည်။
ရှိရှိသမျှလူတိုင်းသည် တစ်မျိုးတစ်ဖုံစီ ကြည့်ကောင်းနေကြသည်။ ဓာတ်ပုံဆရာများက ခြေချင်းလိမ်လို့။ မိဘအစုံအညီဖြင့်တက်ရောက်ကြသူများရှိသလို၊ မိဘမပါဘဲ တစ်ဦးတည်းလာကြသူများလည်းရှိသည်။

ဘွဲ့နှင်းသဘင်ခန်းမကြီးထဲ၌လည်း လူစုံတက်စုံ။
တန်းစီ၍ချထားသော ခုံများတွင် ခုံနံပါတ် အလိုက် အသီးသီးနေရာယူထားကြသည်။ ဘွဲ့ဝတ်ရုံအပြည့်ဝတ်ဆင်ထားသည်မို့ ခန်းမတစ်ခုလုံးခြုံကြည့်လိုက်လျှင် ဘွဲ့ဦးထုပ်များနှင့် ဘွဲ့ဝတ်ရုံအမဲများကို hood (အရောင်လည်ပင်းစွပ်) အရောင်ကွဲများဖြင့် တန်းစီ၍မြင်နေရမည်ပင်။

အနီရောင် Hood များ တန်းစီနေသော အတန်း၌ နွေဦးမောင်နှင့်ဇေရဲရှိနေသည်။ ခုံနံပါတ်ကွာဟတာကြောင့် ကပ်လျက်ထိုင်နေရသည်တော့မဟုတ်။
လွန်းနောင်သည်လည်း သူ့မေဂျာအုပ်စုနှင့်သူရှိနေ၏။ နွေဦးမောင်ထိုင်နေသည့်နေရာသည် အလယ်ဘက်ပိုင်းတွင်ဖြစ်ပြီး ဇေရဲကတော့ ဝင်ပေါက်ဘက်ရှိ အပြင်ဘက်ပိုင်းတွင်ဖြစ်သည်။

သူတို့သူငယ်ချင်းများတွင် ဇေရဲ၏ဖခင်ကသာ ဘွဲ့နှင်းသဘင်ကိုတက်ရောက်သည့် အုပ်ထိန်းသူလူကြီးပင်။ နွေဦးမောင်မှာလည်း မိဘများ မရှိသလို၊ လွန်းနောင်ကလည်း တစ်ကောင်ကြွက်။

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now