အပိုင်း ၁

18.5K 1K 30
                                    

Unicond

.....တီ....တီ....တီ....တီ.....တီ.....

နာရီalarmနှိုးစက်ကြောင့် လက်ကိုဟိုရမ်း ဒီရမ်းနဲ့ ‌ ‌alarm သံပိတ်ပြီးထလာလိုက်တယ်။ ရုတ်တရက်ထလာလိုက်တဲ့အရှိန်ကြောင့်ရော ညကသောက်ထားတဲ့အရှိန်ကြောင့်ပါ ခေါင်းက ချာကနဲလည်ထွက်သွားပြီး မျက်လုံးဖွင့်ဖို့ မနည်းအားယူလိုက်ရတယ်။ ဒီနေ့ကျနော်ရွာပြန်မှာဆိုပြီး မသောက်တတ်တဲ့ကျနော်က ဟိုတကောင့်သားတွေအဇွတ်တိုက်လို့ညကသောက်ခဲ့ရတယ်။ မနက်ရောက်တော့ ကျနော် အဆောင်ကို ဘယ်လိုပြန်ရောက်လာလဲ စဉ်းစားလို့မရ...၊တွေးနေတာတွေကို လက်စသတ်ပြီး အိပ်ယာထခြင်းအမှုပြုရတော့တယ်။

ကျနော်စိတ်ကြည်အောင်မျက်နှာသစ်နေတုန်း.............

~~~~ဟိုးကတည်းက မင်းရှိတယ် ဒီရင်ဘတ်ဘယ်ဘက်ခြမ်းမှာ ‌‌‌နေရာယူ....~~~~~

သာယာစွာလွင့်ပျံ့လာတဲ့ ဖုန်းသံကြောင့် ကြည့်လိုက်မိတော့ ကျနော့ရဲ့ တစ်ဦးတည်းသော သွေးသားရင်းချာ ကျနော့ရဲ့ညီလေး.....

"ဟယ်လို"

".............."

"၈နာရီ ကားထွက်မှာ"

".............."

"မင်းကလည်းကွာ ငါကမသိရင် ၃နှစ်သားလားကျလို့ မင်းအကိုပါကွ"

"................"

"ငါရွာထိပ်ရောက်ရင် ထပ်ဆက်မယ်လေ"

"..............."

-----------------------------------------------

ကျနော် ကားပေါ်ရောက်တော့ နားကျပ်တပ် သီချင်းနားထောင်ပြီး လိုက်လာခဲ့လိုက်တယ်။ ကားလေးက တရွေ့ရွေ့နဲ့ ခရီးနှင်လာခဲ့တာ ရွာထိပ်ရောက်တာတောင်မသိဘဲ အိပ်ပျော်နေမိတယ်။

("ညောင်းတစ်ပင်ရွာ(ညောင်တစ်ပင်ရွာ) ဆင်းမယ့်သူပါလား")၂

ကားစက်ပယ်ယာရဲ့အသံကြောင့် ရုတ်တရက်လန့်နိုးပြီး

"ဟင်.......အင်း......ကျနော် ကျနော် ပါပါတယ် ခင်ဗျ"

"ကားဆရာရေ ရပ်မယ်ဗျို့"

ကားစက်ပယ်ယာရဲ့ ဆော်သြမှုကြောင့် ကားလေးက ညောင်းတစ်ပင်ရွာထိပ်မှာ ကားရပ်ခဲ့တယ်။

မောင်ပိုင်သောသူကြီး(ပြန်လည်ပြင်ဆင်စဲ)Where stories live. Discover now