Mg's Footprint

108K 8K 12.9K
                                    

Unicode

All About Mg' Footprint on Chancellor, The Road

(စာရှည်ပေမဲ့ ဖတ်ကြည့်ပါ)

အဓိပတိလေးကို ဖန်တီးဖြစ်ခဲ့တဲ့အကြောင်းနဲ့ ဇာတ်ကောင်တွေအပေါ် ကျွန်တော့်ရဲ့ point of view နဲ့တခြားသောအတွေးတွေ၊ပေးချင်တဲ့ Msg တွေပေါ့။
ခင်ဗျားတို့ရဲ့အမြင်တွေလည်းဝင်ဆွေးနွေးလို့ရပါတယ်။

-ပထမဆုံး ဒီ ဝတ္ထုကို one shot(တစ်ပိုင်းအပြီး) ရေးဖြစ်ဖို့ စိတ်ကူးရတာက ရန်ကုန်တက္ကသိုလ်ရဲ့လမ်းနာမည်ကြောင့်ပဲ။ တိတိကျကျပြောရရင် ဆရာငှက်ရဲ့ သီချင်းကြောင့်ဆိုပိုမှန်မယ်။
အဓိပတိလမ်းမထက်အတိတ်ကတို့ခြေရာများ..
အဲ့သီချင်းကြောင့်ပဲ ဒီဇာတ်ကောင်နှစ်ခု မွေးဖွားလာတာ။ ပထမ character တွေကိုစဉ်းစားတယ်။
အဆောင်နေကျောင်းသားလေးတွေပေါ့။

-'မောင်' ဆိုတဲ့နာမ်စားကို အရမ်းကြိုက်တော့ နာမည်မှာ မောင်ပါရင် 'မောင်' လို့ခေါ်ရမဲ့အကြောင်းပြချက်ပေါ်အောင်ပေါ့။
ပြီးရင်နာမည်ကြားလိုက်တာနဲ့ ငြိမ့်ငြိမ့်လေးဖြစ်ရမယ်။ နွေးထွေးရမယ်။အာဏာအရှိန်အဝါတွေပြည့်နေတာထက် လေပြည်လိုနာမည်မျိုး။
အဲ့တာနဲ့*နွေဦးမောင်* ဖြစ်လာတယ်။

-နောက် character ကို ကျ တိုင်းရင်းသားပုံစံရေးမယ်ပေါ့။ နယ်ကနေရန်ကုန်ကိုတက်လာတဲ့အမျိုးသားလေး။
ကချင်/ကရင်/ချင်း
ဒီသုံးမျိုးမှာ ကချင်နဲ့ချင်းကို သီးသန့်နောက်ခံနဲ့ fic ရေးဦးမှာမို့ Drop ပြီး ကရင်ကိုယူလိုက်တယ်။နာမည်ပေးဖို့ရာက လွဲချော်မှာစိုးတာနဲ့ Google ခေါက်တော့ စောဟင်နရီဆိုတဲ့နာမည်ကိုတွေ့တယ်။
(မယုံရင် gg မှာ ကရင်နာမည်များ ဆိုပြီးရှာရန်)
စောဟင်နရီဆိုတော့ ဘိုဆန်လွန်းတယ်ဆိုပြီး ဟင်ကိုဖြုတ် *စောနရီ* ဆိုပြီးပေးခဲ့တာ။ အဓိပ္ပာယ်လည်းပြည့်ဝသလိုခံစားရတယ်။

-တက္ကသိုလ်နောက်ခံ
ကျွန်တော် ရန်ကုန်တက္ကသိုလ်ကိုမရောက်ဖူးတော့ ပုံမဖော်နိုင်မှာအရမ်းကြောက်တယ်။
သူများတွေအတွက်တော့သေချာမသိပေမဲ့ ကျွန်တော့်အတွက် နေရာစိမ်းမှာ လူနှစ်ယောက်ကိုမွေးဖွားရတာ တကယ်ခက်တယ်။
Os မှာတော့ သိပ်မလိုတာမို့ အဆောင်တွေပဲစုံစမ်းခဲ့ပေမဲ့ Long Story ရေးတဲ့အခါ ကျွန်တော် စာအုပ်တချို့နဲ့ Google တွေ၊အသိမိတ်ဆွေတွေကို အားကိုးခဲ့တယ်။

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now