Part_15.Zawgyi(sweet side couple)

3.2K 120 5
                                    

Zawgyi

(Side couple)

အချိန်ကတော့မနက်9နာရီဝန်းကျင်ခန့်....

အိပ်ရာနှိုးလာလာခြင်းရောက်နေတဲ့နေရာက
သူမအိမ်မဟုတ်ခဲ့

ဘာလဲဒါဘာတွေဖစ်နေတာလဲ

မဟုတ်မှလွဲ....

ငါပြန်ပေးဆွဲခံရပီလား

ဒါမှမဟုတ်လူကုန်ကူးခံရတာလား

ကိုယ်တွင်းအင်္ဂါတွေများရောင်းစားမလို့လား

ဇီဝစမ်းသပ်မှုတွေလုပ်မလို့လား

အမလေးအမျှအမျှမဖစ်ဘူး
ရအောင်ထွက်ပြေးရမယ်

ဟောဒီရုပ်ချောချောလေးကိုတယောက်ယောက်ကယ်ပါ...

ဒါဟာဆိုရင်တော့
တွေးချင်ရာတွေးထင်ချင်ရာထင်နေတဲ့
Rinaပဲဖစ်ပါတယ်

အမှန်တကယ်ကတော့သူမDeveအိမ်ရောက်နေခြင်းပင်

Deveကရေချိုးခန်းထဲမှာကိုယ်လက်သန့်ရှင်းရေးလုပ်နေတုန်း
နှိုးလာပီးအတွေးတလိုင်းဖစ်နေခြင်းသာ

ရေချိုးခန်းနဲ့အိပ်ခန်းကတွဲလျက်မို့သာ
Deveမသက်သာတဲ့အဆုံးသွားလိုက်ရခြင်း

ညကလဲRinaကိုသူ့အခန်းမှာနေရာချပေးပီး
သူကတော့ဧည့်ခန်းမှာထွက်အိပ်ခဲ့သည်
မဟုတ်လား..

အတွေးများနေတုန်း
ရေချိုးခန်းလို့ထင်ရသည့်အခန်းငယ်မှရေသံတွေကြားလိုက်ရတာကြောင့်

ဘာလဲ
ဒါကငါ့ကိုပြန်ပေးဆွဲတဲ့ကောင်လား
ငါ့အဖေကိုငွေညှစ်မလို့လား

ဟွန့်မဖစ်ရဘူး
မှတ်လောက်သားလောက်အောင်ပညာပြရသေးတာပေါ့Rinaတဲ့တnaပဲရှိတယ်
ဗက်ဟက်ဟက်

အခန်းကိုဟိုဘက်ဒီဘက်လှည့်ပတ်ကြည့်တော့
ဘေ့စ်ဘောတုတ်ကိုတွေ့လိုက်တယ်

နင်ပဲအသက်ရှင်မလားငါပဲထုထောင်းနိုင်မလားပြန်ပေးသမားကောင်ရာ

တံခါးရဲ့ဘေးမှာအသ့်အနေအထားနဲ့စောင့်နေပီး
အဲ့ပြန်ပေးသမားအခန်းထဲကထွက်လာတာနဲ့တန်းရိုက်မည်ဟုကြိုတွေးထားပီးပီ

မကြာပါဘူး
တခါးဖွင့်သံနဲ့အတူလူတယောက်ထွက်လာပီ

Rinaမျက်စိကိုစုံမှိတ်ပီး
လက်ကိုအားပါပါယမ်းကာ
ပါးစပ်မှလဲကြုံးဝါးလိုက်သေးသည်

🔞...OMG!HE IS A MAFIA!...🔞[Completed]Where stories live. Discover now