| ၀၃ |

4.9K 656 65
                                    

(Zawgyi)
  
ဘကြီးကနေ့လယ် ပြန်မယ်ဆိုတော့ စိုင်းမောင်လိုအပ်တာတွေကို မနက်ခင်းကတည်းကထပြီးဝယ်ပေးရသည်။အုပ်ချုပ်ရေးမှူးကလည်း ဘကြီးပြန်တော့မယ်ဆိုတော့ ရောက်လာပြီး မြို့ကဘဘုန်းကြီးအတွက် လှူချင်ကပ်ချင်တာတွေကို ဘကြီးနှင့်အတူထည့်ပေးလာ၏။

ဘကြီးကတစ်ယောက်တည်းပြန်ရမှာမို့ အများကြီးမသယ်နိုင်။နည်းနည်းသာသယ်နိုင်တာကြောင့် သစ်သီးသစ်ဖုတွေကိုအများကြီးထည့်မပေးတော့ဘဲ ဝတ္ထုငွေကိုသာ ပိုပြီးလှူလိုက်ကြသည်။ဖယောင်းကလည်း ဘေးနားကနေ ဘကြီးလိုအပ်တာမှန်သမျှကို တကုပ်ကုပ်နှင့် ပြင်ဆင်ပေးသည်။ စိုင်းမောင်ကတော့ ဘကြီးရဲ့စကားတွေကိုနားထောင်နေရတုန်း။

"ဖယောင်းကိုသေချာဂရုစိုက် ကြားလား"

"အင်းပါဗျာ ၊ ဘကြီးကျွန်တော့်ကိုပြောနေတာခဏခဏရှိနေပြီ"

"မင်းကိုခဏခဏပြောမှာ ဖြစ်မှာ ၊ မင်းက ဒီဘက်နားဝင်ဟိုဘက်နားကနေပြန်ထွက်တဲ့ကောင်လေ"

"ဘကြီးကလဲဗျာ"

ဘကြီး၏ ဖဲ့နေတာကိုခံနေရတာကြောင့် စိုင်းမောင် စိတ်ညစ်သွားပြီးခေါင်းကိုသာ တဗျင်းဗျင်းကုပ်နေမိတော့သည် ။ဖယောင်းကတော့ဘကြီး ဘေးနာမှာ ဘာမှမပြောဘဲ ငြိမ်ငြိမ်လေးထိုင်နေတုန်း။

"အရင်လို ဖြစ်သလိုမနေနဲ့ ... ဖယောင်းကိုလဲသေသေချာချာသင်ပေး...နှစ်ယောက်အတူတူနေပြီး သူ့အတွက်လိုအပ်တာရှိရင်လဲကပ်စေးနှဲမနေနဲ့ ဝယ်ပေးလိုက် ကြားလား"

"ကြားပါတယ် ...ကျွန်တော်ကဘကြီးတူအရင်းပါ ...ဟိုတစ်ယောက်ကိုပဲဂရုစိုက်နေတယ်...တကယ်ပါပဲ"

"မင်းကလဲ ကပ်သီးကပ်ဖဲ့လုပ်ပြန်ပြီ...မင်းကပူစရာမရှိတော့ဘူးလေ..သူက အခုမှမင်းနဲ့နေရမှာ .. ဆွေမျိုးမဟုတ်တဲ့လူနဲ့အတူနေရတော့ စိတ်မပျော်မှာဆိုးလို့ပါကွာ"

"ဟုတ်ပါပြီဗျာ..ပျော်လားမပျော်လားဘေးနားကတစ်ယောက်သာမေးကြည့်"

စိုင်းမောင်ကပြောတော့ ဘကြီးကဘေးနားက ဖယောင်းကိုကြည့်ကာ

"ဖယောင်း"

"ဗျာ "

"စိုင်းမောင်က အနိုင်ကျင့်ရင်ငြိမ်မခံနဲ့သိလား..အုပ်ချုပ်ရေးမှူးကိုသွားပြော..သူက ဘကြီကလှမ်းတိုင်ပေးလိမ့်မယ်"

စိမ့်စမ်းရေပမာOnde as histórias ganham vida. Descobre agora