Please Leave Me27

1.2K 52 11
                                    

ခု သွားနေတာ ယွမ်လီရဲ့တိုက်ခန်း.. အဲ့မှာ ကျန်းရှီ ရှိတယ်ဆိုတာ ခုန က ဟိုကောင် ဖုန်းဆက်လို့သိရပြီး... ချန်းယွီ ပါရှိချင် ရှိမှာ.... ရှိလို့ကတော့ မင်းကို အရှင်မထားဘူး

ဒေါသ စိတ်ကြောင့် ကား ကို အမြန်မောင်းကာ တိုက်ခန်းရှေ့တောင် ရောက်လာပြီး....

ဘယ်အထပ်မှန်း မသိတာကြောင့် အောက် ထပ် က အရင် ဝင်ရှာလိုက်ရသည်

အောက်ထပ်က အခန်းတိုင်း ရှာလို့ပြီးချင်း... အပေါ် ထပ်အခန်းသာ ရှာရန်ကျန်တော့သည်

အပေါ်ထပ် တိုက်ခန်းက တံခါး ဖွင့်ထားပါလား...

ဘာမှ စဉ်းစားမနေနဲ့ ခြေလှမ်းတွေက တိုက်ခန်း ရဲ့အခန်း ထဲ ကိုပဲ ဉီးတည်ခဲ့တယ်

အခန်းတွင်း စကား သံ များ ကြားနေရတာကြောင့် ကျန်းရှီ များလား ဆိုတဲ့ အသိက အရင်ဝင်လာခဲ့သည်

ကျန်းရှီ... မင်းပြန်လိုက်...

မြင်လိုက်ရ တာက ကျန်းရှီ မဟုတ်ဘဲ ယွမ်လီ သာဖြစ်နေခြင်းဖြစ်သည်

ဥက္ကဋ္ဌပိုင်... ဘယ်လို ရောက်လာတာလဲ
သေချာတာက တော့ ကျွန်မ ဆီ အလည်လာတာတော့ မဟုတ်ဘူးမလား

ကျန်းရှီ ဘယ်မှာလဲ.....

ဟူး.... ဒီနေ့ လေ ကျွန်မ ကို အဲ့နာမည် ပဲမေးနေကြတယ်... ကျွန်မကသူ့ရဲ့ အုပ်ထိန်းသူမှမဟုတ်တာ...သူဘယ်မှာလဲ ဘယ်လိုလုပ်သိမှာလဲ

မင်း... မလိမ်နဲ့... မင်းကျန်းရှီကို စေ့စပ်ပွဲ နေ့က ခေါ်ထုတ်သွားတာ သိပြီးပြီး...
အမှန်တိုင်းမပြောရင် ငါတို့ ကုမဏီ နဲ့စာချုပ်ချုပ်ထားတာ ဖျက်လိုက်ရုံပဲ

ဟား...ဟား... ဥက္ကဋ္ဌပိုင် လို လူကြီးလူကောင်းကို ယွမ်လီလိမ်ရဲပါ့မလား.... အဲ့နေ့က ခေါ် ထုတ်သွားတာ တော့မှန်တယ်...ဒါမဲ့ အဲ့တာ ကိုကိုခိုင်းလို့ လုပ်ရတာ...

ဥက္ကဋ္ဌပိုင် ဒီကို လာတာ အချိန်ကုန်တယ်... ကျန်းရှီ က ဒီမှာမနေတော့ဘူး...ကိုကို တောင် လိုက်ရှာဖို့ထွက်သွားတယ် ယွမ်လီတောင် ဒီတိုက်ခန်းရောင်းတော့မို့

ဘာ!!!
ကျန်းရှီထွက်သွားတယ်

မင်းပြောတဲ့ ကိုကို ဆိုတာ ဟိုကောင် ရှန်မင်းလား

   Please Leave Me(complete)Tahanan ng mga kuwento. Tumuklas ngayon